နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းဟောင်းကို ဥရောပနေဝင်ချိန် ရောက်တဲ့အထိ အကောင်းဆုံး လက်စားပြန်ချေသွားတဲ့ အူနိုင်းအန်မေရီ – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၀ – ၀ ဗီလာရီးရဲယ်

(ပထမအကျော့ရလဒ် ဗီလာရီးရဲယ် ၂ – ၁ အာဆင်နယ်)

မနေ့ညက အာဆင်နယ်နဲ့ ဗီလာရီးရဲယ်တို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့ ဗီလာရီးရဲယ်တို့ ဗိုလ်လုပွဲ တက်သွားခဲ့ပါတယ်။ အခုပွဲအပြီးမှာ စပိန် ကလပ် ဗီလာရီးရဲယ်ဟာ ဥရောပပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပထမဦးဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ် ကတော့ ၂၅ နှစ်တာ ကာလအတွင်း ဥရောပပြိုင်ပွဲတွေနဲ့ ပထမဦးဆုံးအကြိမ် လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။

ပထမအကျော့ စပိန်မြေမှာ ၂-၁ နဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အာဆင်နယ်တို့ အခုပွဲမှာ အနိမ့်ဆုံး ၁ ဂိုး တည်းနဲ့ အနိုင်ရရင်တောင် ဗိုလ်လုပွဲ တက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတေးတားရဲ့ အသင်းက အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာလို့ ကစားအားကောင်းခဲ့တာ ကလွဲရင် အာတေးရဲ့ အသင်းက အနိုင်ရအောင် ဘယ်လို ကစားရမယ်ဆိုတာ မသိခဲ့ပါဘူး။ အာတေးတား အနေနဲ့ ဒီနေ့ပွဲမှာ ကစားကွက် အခင်းအကျင်းကို အပြောင်းအလဲ တချို့ ပြုလုပ်လာခဲ့ပြီး ၄-၁-၄-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာ အော်ဘီမီယန်းကို အထောင်ထားပြီး ကွင်းလယ်မှာ ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ ပေပေ၊ သောမတ်စ်ပါတေး၊ ခံစစ်မှာတော့ ဟိုးလ်ဒင်း၊ ပါဘလိုမာရီ၊ ဘယ်လာရင်၊ တီယာနေး၊ ဂိုးမှာတော့ ဘန်လန်နိုတို့ ပွဲထွက် ကစားစေခဲ့ပါတယ်။ အူနိုင်းအန်မေရီရဲ့ အသင်းကတော့ မိုရီနို၊ အဲလ်ကာဆာ၊ ချူကွီဇီ၊ ပယ်ရီဂျို၊ ကိုကွီလင်၊ ပေါင်တောရက်စ် တို့လို အမာခံ ကစားသမားတွေကိုပဲ အသုံးပြုခဲ့ပြီး ၄-၄-၂ ကစားကွက် နဲ့ပဲ ရင်ဆိုင်လာပါတယ်။ ပွဲစတယ်ဆိုတာနဲ့ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး လူငယ်ကစားသမားတွေရဲ့ လျင်မြန်မှုနဲ့အတူ ဗီလာရီးရဲယ် နောက်တန်းကို ထိုးဖောက်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ပါးနပ်ပြီး ကျစ်လျစ်လွန်းတဲ့ ဗီလာရီးရဲယ် ကွင်းလယ်နဲ့ နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့လို့ အာဆင်နယ်တို့ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မပြုလုပ်နို်ငခဲ့ပါဘူး။ ကွင်းလယ်က ဂရန်းနစ်ရှာကာ ပြိုင်ပွဲမစခင် ဒဏ်ရာရသွားခဲ့လို့ ပါဝင်ကစားနိုင်ခြင်း မရှိတာက ကွင်းလယ်ပိုင်းကို အဓိက အားနည်းသွားစေခဲ့ပြီး ဖန်တီးမှုကောင်းတဲ့ မာတင်အိုဒီဂတ် ဆီကလည်း ဘောလုံးမထွက်တာကြောင့် အာဆင်နယ်တို့ ဘောလုံးဆွဲပြေးလိုက်၊ ပျက်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ရတာ ဖြစ်ပါတယ်။

အော်ဘာမီယန်းရဲ့ ကန်ချက် ၂ ကြိမ် ဂိုးတိုင်ထိ ထွက်ခဲ့တာနဲ့ စမစ်ရိုးဝ်ရဲ့ ကန်ချက် ဂိုးရဖို့ နီးစပ်ခဲ့တာက လွဲရင် လက်ကျန် ပွဲချိန်တွေမှာ ဗီလာရီးရဲယ်ရဲ့ အသင်းလိုက်ကစားပုံ ဟန်ချက်ညီမှုအောက်မှာ အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံး မိနစ်ရောက်တဲ့ အချိန်ထိ အာဆင်နယ်ရဲ့ ကစားပုံက တိုးတက်မလာခဲ့လို့ လိုအပ်နေတဲ့ သွင်းဂိုးလည်း ရှာမတွေ့ခဲ့ပဲ နှစ်ကျော့ပေါင်းရလဒ် ၂-၁နဲ့ပဲ ဗီလာရီးရဲယ်ကို ဗိုလ်လုပွဲ တက်ခွင့်လက်မှတ် ပေးလိုက်ရတာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ကျိန်းသေပေါက် ခက်ခဲဦးမှာ မှန်ပေမယ့် နည်းပြ သက်တမ်းတစ်လျှောက် ဗိုလ်လုပွဲကို ၅ ကြိမ် အထိ ရောက်ခဲ့ပြီး ဆီဗီလာနဲ့ ၃ နှစ်ဆက် ချန်ပီယံ၊ ၂၀၁၉ ခုနှစ် က အာဆင်နယ်နဲ့ ဒုတိယ ရထားခဲ့တဲ့ အူနိုင်းအန်မေရီရဲ့ ယူရိုပါလိဂ် စွမ်းဆောင်ရည်ကိုတော့ မေ့ထားလို့ မရပါဘူး။
ယူရိုပါလိဂ် နောက်ဆုံး ၉ ပွဲဆက် အနိုင်ရထားခဲ့တဲ့ ဗီလာရီးရဲယ်

ယိုင်နဲ့နဲ့ ခြေစွမ်းနဲ့ ဒီအဆင့်အထိ ရောက်လာတဲ့ အာဆင်နယ်တို့ ဗိုလ်လုပွဲ တက်ခဲ့ရင်လည်း ယူနိုက်တက်ရဲ့ ဂိုးပြတ် သွင်းတာကို ခံရပြီး အရှက်တကွဲ ရှုံးနိမ့်ရဦးမယ့် အတူတူ ဒီအဆင့်ကနေပဲ လက်ပြနှုတ်ဆက်လိုက်ရတာက ပိုပြီး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ကစားကွက်မရှိ၊ နိုင်လိုစိတ်မရှိ၊ ဖန်တီးနိုင်စွမ်းမရှိ၊ မဖြစ်မနေ ဂိုးရဖို့ဆိုတဲ့ အတွေးတစ်ခုနဲ့ တိုက်စစ်ကစားသမားတွေ အလွံအကျွံသုံးပြီး တကယ်တမ်း ကစားတဲ့အချိန်မှာ တစ်ဖက် အသင်းရဲ့ နောက်တန်းကို မပြောနဲ့ ကွင်းလယ် ကိုတောင် မကျော်ခဲ့တဲ့ အာတေးတားရဲ့ အသင်း ကျရှုံးခဲ့ရတာ မထူးဆန်းပါဘူး။ အသင်းရဲ့ ပရိသတ် တစ်ယောက် အနေနဲ့ ဆိုရင် အားပေးလာတဲ့ သက်တမ်း တစ်လျှောက်လုံး အခုလောက် စိတ်ပျက်စရာကောင်းတဲ့ အနေအထားမျိုးနဲ့ မကြုံခဲ့ဖူးပါဘူး။ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သမျှကို လက်ခံပေးနိုင်ခဲ့ပေမယ့် အခုလို အခြေအနေကို အသင်း ပရိသတ် ဘယ်သူမဆို သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အသင်းကြီး တစ်သင်းရဲ့ ခြေစွမ်း အဆင့်အတန်း ပျောက်ဆုံးခဲ့မှု နဲ့အတူ လာမယ့်ရာသီမှာ ၂၅ နှစ်လုံးလုံး တစ်ကြိမ်မှ မပျက်ပဲ ကစားခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေနဲ့ လွဲချော်ရတော့မှာ မို့လို့လည်း ပိုပြီး စိတ်ပျက်မိပါတယ်။ နောက်တစ်ချက်က အသင်းရဲ့ ကစားသမားဟောင်း မာတင်ကီယွန် ပြောတဲ့ “ နည်းပြဖြစ်ဖို့ အတတ်မြန်ရုံလောက်နဲ့ အောင်မြင်တဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး” ဆိုတဲ့ စကားဟာ အာတေးတား အတွက် ထိရှိလွန်းပါတယ်။ အာတေးတား အနေနဲ့ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပြီလို့ပဲ ဆိုချင်ပါတယ်။

နာမည်ကြီး ကြယ်ပွင့် ကစားသမားတွေ မပါတဲ့ ဗီလာရီးရဲယ် ကတော့ အသင်းလိုက် ကစားပုံကောင်းကောင်း၊ အာရုံစူးစိုက်မှု အပြည့်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နိုင်ခဲ့တာ‌ တွေ့ရပါတယ်။ ဒီနှစ်အတွက် ပြိုင်ပွဲ တစ်ခုလုံးကို စနစ်တကျ ကစားနိုင်ခဲ့တဲ့ ဗီလာရီးရဲယ်တို့ အူနိုင်းအန်မေရီ လက်အောက်မှာ အသင်းအတွက် အမြင့်ဆုံး အောင်မြင်မှုနဲ့ လက်တကမ်း အကွာကို ရောက်နေခဲ့ပါပြီ။ ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ကျိန်းသေပေါက် ခက်ခဲဦးမှာ မှန်ပေမယ့် နည်းပြ သက်တမ်းတစ်လျှောက် ဗိုလ်လုပွဲကို ၅ ကြိမ် အထိ ရောက်ခဲ့ပြီး ဆီဗီလာနဲ့ ၃ နှစ်ဆက် ချန်ပီယံ၊ ၂၀၁၉ ခုနှစ် က အာဆင်နယ်နဲ့ ဒုတိယ ရထားခဲ့တဲ့ အူနိုင်းအန်မေရီရဲ့ ယူရိုပါလိဂ် စွမ်းဆောင်ရည်ကိုတော့ မေ့ထားလို့ မရပါဘူး။
 

လာမယ့်ပွဲစဉ်များ

စိတ်ပျက်စရာ ခြေစွမ်းနဲ့ ယူရိုပါလိဂ်မှာ ကံကုန်သွားတဲ့ အာဆင်နယ်တို့ လာမယ့်ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွန်းကို ရင်ဆိုင်ရဦးမှာ ဖြစ်လို့ ဒီပုံဒီခြေစွမ်းနဲ့သာ ဆိုရင် နိုင်ပွဲရဖို့ ခက်ခဲဦးမှာပါ။ ဗီလာရီးရဲယ် ကလည်း လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် အတွက် အရေးပါနေတဲ့ လာလီဂါ ပွဲစဉ် အဖြစ် ဆဲလ်တာဗီဂိုနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်