လေဗာကူဆင် – ဆဲလ်တစ်
ယူရိုပါလိဂ် ၃၂ သင်း အဆင့်ကို တက်ရောက်ရေးအတွက် အဆုံးအဖြတ် ပေးမယ့် နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ယူရိုပါလိဂ် အုပ်စု (G)ရဲ့ အဆင့် ၁ နေရာမှာ ရှိနေတဲ့ လေဗာကူဆင်ရော အဆင့် ၃ နေရာက ဆဲလ်တစ် အသင်း အတွက်ပါ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ဘာမဆို ဖြစ်လာနိုင်တဲ့ အခြေအနေမှာ နည်းဗျူဟာပိုင်း အသာရတဲ့ အသင်းက အနိုင်ရဖို့ ရှိနေတာပါ။ နောက်တစ်ဆင့် အတွက် မျှော်လင့်ချက်ကိုယ်စီ ရှိနေဆဲဖြစ်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်လာမှာတော့ သေချာပါတယ်။
လေဗာကူဆင်ရဲ့ ယူရိုပါလိဂ် အုပ်စုတွင်း ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲမရှိဆိုတဲ့ အခြေအနေက တည်ငြိမ်တယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် အုပ်စုတွင်း ပွဲစဉ်တွေအတွင်း ပေးဂိုး ၂ ဂိုးပဲ ပေးထားရတဲ့ ခံစစ်ပိုင်းက အဆင့်တစ်ခုမှာ ရှိနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ခံစစ်၊ တိုက်စစ် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေခဲ့တာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ ပွဲရှုံးရလဒ် ရရှိထားတယ် ဆိုပေမယ့် နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးပွဲ မရှိထားပါဘူး။ မန်ဆက်ချ်၊ ဘက်ကာတို့ ဒဏ်ရာပြဿနာ ရှိနေချိန် ဒီမီရာဘေးလ် ပွဲပယ်ရှိနေတာ ကတော့ လိုအပ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ပေါ်လင်ဟို၊ ဝစ်ဇ်၊ ဖရင်းပေါင်၊ ပလာစီယို့စ်၊ အန်ဒရစ်တို့ ပါဝင်လာမှာဖြစ်လို့ လူစာရင်း အရတော့ တောင့်တင်းနေဆဲလို့ ဆိုရမှာပါ။

ဆဲလ်တစ် ကတော့ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ကောင်းတွေ နဲ့အတူ ခြေစွမ်းမှန်နေတယ်လို့ပဲ ဆိုရမှာပါ။ ယူရိုပါလိဂ် အုပ်စုတွင်း ပွဲစဉ်တွေမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ဆိုတဲ့ ရလဒ်ကြောင့်သာ အဆင့် ၃ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ကျန် ၂ ပွဲမှာသာ ရလဒ်ကောင်းခဲ့မယ် ဆိုရင်တော့ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ လိုအပ်ချက် ရှိနေတဲ့ ခံစစ်ပိုင်း ကိုသာ အချိန်မီ ကုစားနိုင်ခဲ့ရင် ဆဲလ်တစ် အတွက် နောက်တစ်ဆင့် ရောက်ဖို့မခက်ခဲပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ် ရရှိထားသလို နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင် ရရှိထားတာပါ။ တိုက်စစ်က ၁၁ ဂိုးသွင်းပြီး ၅ ဂိုး ပြန်ပေးထားရတာ ကိုတော့ သတိထားရဖို့ ရှိနေပါတယ်။ ဂျူလီယန်၊ ရိုဂျစ်၊ ဒမ်ဘီလီ၊ တေလာတို့ ဒဏ်ရာပြ ဿနာရှိနေတာကလွဲရင် ကျန်ကစားသမားအားလုံး ကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။ ဖောရက်စ်၊ မက်ဂရီဂေါ်၊ တန်ဘူးလ်၊ အဘာဒါနဲ့ ဝါရင့်ဂိုးသမား ဂျိုးဟတ်တို့ ပါဝင်လာဖို့ ရှိနေလို့ ကစားသမား အင်အားပိုင်း အရ ကွာဟချက် နည်းပါးတာ ကတော့ အမှန်ပါ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဥရောပအဆင့် ပွဲစဉ်တွေမှာ ထိပ်တိုက်တွေ့ဆုံဖူးခြင်း မရှိဘဲ ပထမအကျော့ ထိပ်တိုက် တွေ့ဆုံပွဲမှာတော့ ဆဲလ်တစ်တို့ ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ အိမ်ကွင်း ကစားခဲ့ရပေမယ့် ဆဲလ်တစ်တို့ လေဗာကူဆင်ကို ၄ ဂိုးပြတ် အရေးနိမ့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
![]() |
![]() | လေဗာကူဆင် – ဆဲလ်တစ် | အချိန်ပြည့် 1X2 သရေ @ ၄.၁၀ ဆ |
နိုဝင်ဘာလ ၂၆ ရက်၊ မနက် ၁၂:၁၅ နာရီ (GMT+ ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၄၄ ဆ၊ သရေ အတွက် ၄.၁၀ ဆ၊ ဧည်သည့်အသင်း အတွက် ၅.၄၀ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံးရဲ့ အခြေအနေက မျှော်လင့်ချက် ရှိနေဆဲဖြစ်သလို လက်ကျန် ၂ ပွဲလုံး အရေးပါဆုံး အခြေအနေမှာ ရှိနေတာပါ။ နှစ်သင်းလုံးရဲ့ တိုက်စစ်မှာ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်းတွေ ရှိနေတာ ကိုတော့ သတိထားရပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်လို့ ဂိုးပေါင်းအများကို ပိုပြီး နှစ်သက်မိတယ်။ လေဗာကူဆင် အတွက် အိမ်ကွင်း အားသာချက် အပြည့်ရှိတယ် ဆိုပေမယ့် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဆဲလ်တစ်ရဲ့ ရုန်းအားကိုလည်း လျော့တွက်လို့ မရပါဘူး။ သရေရလဒ်က နှစ်သင်းလုံး အတွက် အမျှတဆုံးအဖြေ ဖြစ်ပါလိ့မ်မယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.