ရက်ပစ်ဗီယင်နာ – ဝက်စ်ဟမ်းယူနိုက်တက
ဒီတစ်ပတ် ယူရိုပါလိဂ် အုပ်စု(ဇ) ပွဲစဉ် နှစ်ပွဲ ထဲက ရက်ပစ်ဗီယင်နာနဲ့ ဝက်ဟမ်းစ်တို့ရဲ့ ပြိုင်ဆိုင်မှု ကလည်း မျှော်လင့်ထားသလို ပြင်းထန်လာဖို့ ရှိနေပါတယ်။ အထူးသဖြင့် မျှော်လင့်ချက် ရှိနေဆဲဖြစ်တဲ့ သြစတြီးယားကလပ် ရက်ပစ်ဗီယင်နာရဲ့ အိမ်ကွင်း ခြေစွမ်းကောင်းကို မြင်တွေ့ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဝက်စ်ဟမ်းရဲ့ အခြေအနေကလည်း အသင်းတိုင်းကို စိန်ခေါ်နိုင်တဲ့ အနေအထားဖြစ်လို့ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲရှုံးပြီး ၁ ပွဲ အနိုင်ရလဒ် ရရှိထားတဲ့ ရက်ပစ်ဗီယင်နာ အတွက် ဒီပွဲက အရေးပါဆုံး ဖြစ်နေပါတယ်။ အဆင့် ၂ နေရာက ဒိုင်နမိုဇာဂရက်နဲ့ ရမှတ် ၃ မှတ်ပဲ ကွာဟတဲ့ အခြေအနေက လက်ကျန် ၂ ပွဲမှာ အဆုံးအဖြတ်ဖြစ်လာဖို့ ရှိနေတာပါ။ လက်ရှိ အုပ်စုအနေအထား အရ ပွဲစဉ် ၅၊ ပွဲစဉ် ၆ နှစ်ခုလုံးက အသင်း ၃ သင်းလုံး အတွက် မျှော်လင့်ချက် ရှိနေခဲ့တာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ရရှိထားတဲ့ အိမ်ရှင်အသင်း အနေနဲ့ တိုက်စစ်က ၉ ဂိုး သွင်းပြီး ခံစစ်က ၉ ဂိုး ပြန်ပေးထားရတာလည်း ဖြစ်ပါတယ်။ အဓိက အချက်ကတော့ ခံစစ်ပိုင်း လိုအပ်ချက် ရှိနေခဲ့တာပါ။ ယူရိုပါလိဂ် အုပ်စုတွင်းမှာလည်း ၄ ပွဲမှာ ၇ ဂိုးပေးထားရတဲ့ အခြေအနေက အဓိက ဖြေရှင်းရမယ့် ပြဿနာ ဖြစ်နေပါတယ်။ သတိထားရမယ့် အခြေအနေက ဒဏ်ရာရ ကစားသမား အခြေအနေပါ။ ဆယ်လ်ဘက်ချာ၊ ရှူးစတား၊ စတီဘင်ဂါ၊ ဒီဘွန်တို့ ဒဏ်ရာပြဿနာကြောင့် ဒီပွဲကို သေချာပေါက် လွဲချော်ဖို့ ရှိနေခြင်းက အိမ်ရှင်အသင်း အတွက် အကြီးမားဆုံး ဖိအား ဖြစ်လာနိုင်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက် အတွက်ကတော့ လက်ကျန် ၂ ပွဲမှာ ၁ မှတ်ရရုံနဲ့ ယူရိုပါလိဂ် ၃၂ သင်း အဆင့်ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အုပ်စုပွဲ ၄ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ လုံးဝမရှိဘဲ ၃ ပွဲနိုင် ၁ ပွဲ သရေဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသရေ၊ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ရရှိထားပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာဆိုရင် သွင်းဂိုးတောင် မရထားခဲ့ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံရှိ ကစားသမား စုဖွဲ့မှုအရ ဝက်စ်ဟမ်းက အားသာချက် ရှိနေပါတယ်။ ဒါ့အပြင် ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေကြောင့် အုပ်စု ပထမနေရာကို ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အုပ်စုတွင်း ၄ ပွဲမှာ သွင်းဂိုး ၉ ဂိုး ရရှိထားတဲ့ အခြေအနေက တစ်ပွဲ ပျှမ်းမျှသွင်းဂိုး ၂ ဂိုးအထိ ရှိနေခဲ့တာပါ။ အိုဘော့နာ တစ်ဦးတည်း ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဖို့ရှိနေပြီး ဘိုဝမ်၊ လန်ဇီနီ၊ ယာမိုလန်ကို၊ နိုဘယ်လ်တို့ ပါဝင်လာမှာဖြစ်လို့ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဥရောပအဆင့် ပွဲစဉ်တွေမှာ ထိပ်တိုက်တွေ့ဆုံဖူးခြင်း မရှိဘဲ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှာတော့ ရက်ပစ်ဗီယင်နာတို့ ရှုံးပွဲ ကြုံတွေ့ထားပါတယ်။ ဒစ်ကလန်ရွိုက်စ်၊ ဆက်ဒ်ဘန်ရာဟ်မာတို့ရဲ့ ဂိုးတွေနဲ့အတူ ဝက်စ်ဟမ်းတို့ အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၄.၅၀ ဆ၊ သရေ အတွက် ၃.၇၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၅၉ ဆ ကြေးဖွင့်ထားပါတယ်။ မျှော်လင့်ချက် ကိုယ်စီရှိနေဆဲ အသင်းတွေဖြစ်လို့ အမှားမခံတမ်း ပြင်ဆင်လာမှာပါ။ အထူးသဖြင့် တိုက်စစ်ထက် ခံစစ်ကို ပိုပြီး အားစိုက်လာနိုင်ပါတယ်။ ဝက်စ်ဟမ်း အတွက်ကတော့ သရေတစ်မှတ် ရရင်တောင် နောက်တစ်ဆင့် တက်ခွင့်ရမှာဖြစ်လို့ အိမ်ရှင်အသင်းထက် ဖိအားနည်းနေတာတော့ အမှန်ပါ။ ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ ကစားသမားစုဖွဲ့မှုကို ရက်ပစ်ဗီယင်နာတို့ ယှဉ်နိုင်ဖို့ ခက်ပါတယ်။ အထူးသဖြင့် ယာမိုလန်ကို၊ ဘိုဝမ်တို့ ဦးဆောင်လာမယ့် ဝက်စ်ဟမ်း တိုက်စစ်ကို အိမ်ရှင်တို့ ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ အိမ်ရှင်အသင်းရဲ့ သွင်းဂိုးတွေထက် ဝက်စ်ဟမ်းဆီက သွင်းဂိုးတွေကို ပိုပြီး မျှော်လင့်မိပါတယ်။ အခြေအနေ အရပ်ရပ်အရ ရွေးချယ်မှု တစ်ခုအဖြစ် ဝက်စ်ဟမ်းကို ရွေးချယ်တာပဲ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် (၁-၂)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.