ဘာကီနာဖာဆို ၃ – ၃ ကင်မရွန်း
(ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၅ ရလဒ်နဲ့ ကင်မရွန်း အနိုင်ရ)
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကနိုင်ငံများဖလား တတိယနေရာလုပွဲ မှာတော့ အိမ်ရှင် ကင်မရွန်းတို့ ဘာကီနာဖာဆိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ကင်မရွန်းတို့ ၃ ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် မှာလည်း အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့လို့ တတိယနေရာကို ထိုက်ထိုက်တန်တန် ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
နှစ်သင်းလုံး ၄-၂-၃-၁ ကစားကွက်တွေနဲ့ ပွဲထွက်လာခဲ့ကြပြီး ဘာကီနာဖာဆို ဘက်မှာ အော့တ်တာရာ၊ တပ်ဆိုဘာ၊ ဆန်ဂါရီ၊ ကာဘိုရီ၊ တိုရေး တို့လို အဓိက ကစားသမား ပါဝင်ခဲ့ပေမယ့် ကင်မရွန်း ကတော့ အဘူဘေကာနဲ့ အီကမ်ဘီ တို့ကို ပထမလူစာရင်း ကနေ ချန်လှပ်ခဲ့ပြီး အရန် ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

အိမ်ရှင် အားသာချက် အပြည့်နဲ့ ကစားခဲ့တဲ့ အိမ်ရှင် ကင်မရွန်းတို့ အရန်ကစားသမားတွေကို နေရာပေးခဲ့တဲ့ အတွက် ပွဲအစထဲက မထင်မှတ်ပဲ ရုန်းကန်ခဲ့ရပါတယ်။ ကင်မရွန်းရဲ့ အထနှေးမှုကို ဘာကီနာဖာဆိုတို့ အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဘာကီနာဖာဆိုတို့ ပွဲချိန် ၂၄ မိနစ်နဲ့ ၄၃ မိနစ် တို့မှာ ဦးဆောင်ဂိုး ၂ ဂိုးဆက် သွင်းယူခဲ့ပြီး ပထမပိုင်း အပြီးမှာ ၂-၀ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ ဒီအတိုင်း ဆက်ကစားနေရင် ဂိုးပြတ် ရှုံးတော့မှာကို ရိပ်မိခဲ့တဲ့ နည်းပြ ဆယ်ဆီဒို ဟာ ကစားသမား အပြောင်းအလဲတွေ စတင်ပြုလုပ်လာခဲ့ပြီး အဘူဘေကာ၊ ဂါမယ်လူတို့ကို ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ပွဲချိန် ၄၉ မိနစ်မှာ ဘာကီနာဖာဆိုကို နောက်ထပ် ဦးဆောင်ဂိုး ထပ်မံခွင့်ပြုပေးခဲ့ရလို့ ၃ ဂိုးပြတ် အရှုံးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပါတော့တယ်။ အဲ့နောက် အိမ်ရှင် အသင်းဘက်မှာ ခြေစွမ်းပြ တောင်ပံ ကစားသမား အီကမ်ဘီ ဝင်ရောက်လာခဲ့တဲ့ နောက်မှာတော့ ကင်မရွန်းတို့ အကောင်းဆုံး ပုံစံ ပြန်ရပြီး ချေပဂိုးတွေလည်း ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတော့တယ်။ ပထမ ချေပဂိုး ကိုတော့ ဘာဟိုကန်က သွင်းယူပေးခဲ့ပြီး ဒုတိယနဲ့ တတိယမြောက် ချေပဂိုးတွေ ကိုတော့ လူစားဝင် တိုက်စစ်မှူး အဘူဘေကာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး အချိန်ပို မိနစ် ၃၀ ဆက်လက် ကစားပြီးချိန် အထိ ဂိုးထပ်မရကြတော့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ ကင်မရွန်းတို့ ၅ လုံးစလုံး ဝင်အောင် ကန်နိုင်ခဲ့ပြီး ဘာကီနာဖာဆို ဘက် ကတော့ အီဘရာဟင် ဘလာတီ တိုရေး လွဲချော်ခဲ့လို့ ၃-၅ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး အိမ်ရှင်တို့ တတိယနေရာကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ကင်မရွန်းတို့ အရန်တွေကို နေရာပေးခဲ့ပေမယ့် အဓိက ကစားသမားတွေနဲ့ ခြေစွမ်း ကွာဟချက် ကြီးမားခဲ့တာကြောင့် ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဘူဘေကာ၊ ဂါမယ်လူ၊ အီကမ်ဘီတို့ ဝင်ရောက်လာချိန် မှာတော့ ကင်မရွန်းရဲ့ ကစားပုံ လုံးဝ ပြောင်းလဲသွားခဲ့ပြီး မိနစ် ၂၀ အတွင်း ချေပဂိုး ၃ ဂိုး ပြန်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီ မှာတော့ အိမ်ရှင် ပရိသတ် အားပေးမှုနဲ့ အမှားအယွင်း မရှိခဲ့ပဲ ကင်မရွန်း အာဖရိကနိုင်ငံများဖလားရဲ့ တတိယဆုကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ရရှိခဲ့သွားတာ ဖြစ်ပါတယ်။
၃ ဂိုးပြတ် ဦးဆောင်ပြီးမှ ရှုံးနိမ့်ခဲ့ရတဲ့ ဘာကီနာဖာဆို ကတော့ အိမ်ရှင် အသင်းကို ရင်ခုန်စေနိုင်ခဲ့ပေမယ့် ဂိုးသမားနဲ့ နောက်ခံလူတွေရဲ့ ပေါ့ဆမှုကြောင့် စတုတ္ထနေရာ နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော အာဖရိကနိုင်ငံများဖလား ရဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းကို အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့တဲ့ ဘာကီနာဖာဆိုရဲ့ ခြေစွမ်းကိုတော့ မဖြစ်မနေ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။ ဘာကီနာဖာဆို အနေနဲ့လည်း သမိုင်းတစ်လျှောက် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ ဒုတိယ အကြိမ်မြောက် စတုတ္ထနေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
၂၀၂၁ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ ကတော့ ယနေ့ည ၁ နာရီခွဲ အချိန်မှာ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ အီဂျစ်နဲ့ ချန်ပီယံဆု ရဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အားလုံး မျှော်လင့်ခဲ့ကြတဲ့ လစ်ဗာပူးလ် တိုက်စစ်မှူးတွေ ဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယို မာနေး တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


