ခရစ္စတယ်ပဲလေ့စ် – ဘန်လေ
ဝက်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲက ဘန်လေကို ဆဲလ်ဟတ်ပါ့ခ် မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နိုင်ပွဲ ကိုယ်စီ ရရှိထားတဲ့ အသင်းတွေ ဖြစ်လို့ ဘယ်အသင်းက ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဝက်ဖို့ဒ်ကို ၁-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ အဲ့ဒီ နိုင်ပွဲကြောင့်ပဲ ခရစ္စတယ်ပဲလေ့စ်တို့ အဆင့် ၁၀ နေရာက ဆောက်သမ်တန်နဲ့ ၃ မှတ် အကွာ အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ပဲလေ့စ်တို့ ကာလ အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ခြေစွမ်းနဲ့ နိုင်ပွဲ ဆာလောင်မှုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ဗီအဲရာ အနေနဲ့ အခုလာမယ့် ပွဲမှာ ဆက်ထိန်းထားဖို့ ကြိုးစားလာမှာ သေချာပါတယ်။ လက်တလော အသင်းမှာ ဂျိုဝဲလ် ဝက်ဒ်နဲ့ ဖာဂူဆန် ကလွဲပြီး လူပြန်စုံနေလို့ ခရစ္စတယ်ပဲလေ့စ်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာဖို့ ရှိနေပြီး အက်ဒ်ဝက်ဒ်၊ အာယူးနဲ့ ဝီလ်ဖရိုင်း ဇာဟာ ၃ ယောက်တွဲ တိုက်စစ်ကို ပြန်လည် မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ကွင်းလယ် မှာတော့ ထုံးစံ အတိုင်း ကိုယာတေး၊ ဂယ်လက်ဂါ၊ မက်အာသာ၊ ခံစစ်နဲ့ ဂိုးမှာတော့ မစ်ချယ်၊ ဂီဟီ၊ အန်ဒါဆန်၊ ကလိုင်း၊ ဘတ်လန်း တို့ပဲ ပွဲထွက်လာနိုင်ပါတယ်။
ဘန်လေ ကတော့ ရာသီဝက်လောက်က စပြီး အားရစရာ ခြေစွမ်းနဲ့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ပြနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိခဲ့တဲ့ အထိ ဘန်လေရဲ့ ခြေစွမ်းက အားရစရာ ကောင်းနေပြီး အာဆင်နယ်၊ ယူနိုက်တက်နဲ့ ဝက်ဖို့ဒ် တို့ကို သရေကစားခဲ့သလို ဘရိုက်တန်နဲ့ စပါး ကိုတော့ ပေးဂိုး မရှိ အနိုင်ရထားခဲ့ပါတယ်။ လစ်ဗာပူးလ် တစ်သင်းတည်းကို ရှုံးခဲ့တာ ဖြစ်ပြီး ၁-၀ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ရှုံးခဲ့တာ ဖြစ်လို့ လက်ခံပေးလို့ ရပါတယ်။ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကျရောက်နေပေမယ့် အဆင့် ၁၇ နေရာက နယူးကာဆယ် ထက် ၁ ပွဲလျော့ ကစားပြီး ၂ မှတ်သာ ကွာဟနေတာကြောင့် ရှောင်ဒိုက်ချ်ရဲ့ အသင်းက အခုပွဲ ကနေ တတ်နိုင်သမျှ အမှတ်ယူဖို့ ကြိုးစားလာပါလိမ့်မယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ အခု လာမယ့် ပွဲကို ကောနတ်၊ ဗီဒရာ၊ ဂတ်မန်ဆန်နဲ့ တေလာ တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ပွဲထွက် လူစာရင်း မှာတော့ စပါးကို အနိုင်ရခဲ့တဲ့ ပွဲတုန်းက ကစားသမားတွေပဲ ပြန်လည် ပါဝင်လာဖို့ များနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၁၅ ကြိမ်မှာ ပဲလေ့စ်တို့ ၇ ကြိမ်နိုင်ပြီး ဘန်လေ ကတော့ ၈ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ၄ ပွဲ ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဘန်လေ တို့ ၃ ကြိမ်အထိ အနိုင်ရပြီး ၁ ကြိမ်သာ ရှုံးနိမ့်ထားခဲ့ပါတယ်။ တက်ဖ်မောကွင်းမှာ ကစားခဲ့တဲ့ အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ၃-၃ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ခရစ္စတယ်ပဲလေ့စ် အတွက် ၁.၉၆ ဆ၊ သရေ အတွက် ၃.၂၅ ဆ၊ ဘန်လေ အတွက် ၃.၉၅ ဆ ဖွင့်လှစ်ပေးထားပါတယ်။ နှစ်သင်းလုံး ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ မှာပါ အတက်ဘက် ရောက်နေလို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရရော လက်ရှိ ခြေစွမ်းပိုင်း အရပါ သိပ်ပြီး ကွာဟမှု မရှိလို့ ခန့်မှန်းရတဲ့ ပွဲစဉ်လို့ ဆိုရမှာ ဖြစ်ပြီး ၁.၆၉ ဆ ရနိုင်မယ့် ဂိုးအောက် ၂.၅၀ ဆ ဟာ အသင့်လျော်ဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။
ခန့်မှန်းရလဒ် (၁-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.