ဝက်ဖို့ဒ် – ဘန်လေ
ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဝက်ဖို့ဒ်တို့ ဘန်လေကို အိမ်ကွင်း ဗီကာရေ့ဂျ်ရုတ်ဒ်မှာ ဧည့်ခံကစားဖို့ ရှိနေပါတယ်။ ရာသီသိမ်းခါနီးတိုင်း အကြိတ်အနယ် နွှဲကြရလေ့ရှိတဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် တိုက်ပွဲကို မြင်တွေ့ရဦးမှာ ဖြစ်ပြီး ဘန်လေ ကပဲ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းသွားနိုင်မလား။ ဒါမှမဟုတ် ဝက်ဖို့ဒ် ကပဲ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၂၃ ပွဲ ရှုံးထားတဲ့ ဝက်ဖို့ဒ်ဟာ နော့ဝှစ်ချ်စီးတီး ပြီးရင် ရာသီအကုန်မှာ တန်းဆင်းရဖို့ ရာခိုင်နှုန်း အများဆုံး အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရခဲ့ပြီး ၁ ပွဲသရေ၊ ၇ ပွဲ ရှုံးထားတဲ့ ဝက်ဖို့ဒ်ရဲ့ လက်ရှိ ခြေစွမ်းက ဘာဆိုဘာမှ မျှော်လင့်နိုင်ဖို့တော့ မရှိပါဘူး။ နည်းပြကြီး ရွိုင်းဟော့ဆန် ကြိုးစားပြီး ဆွဲတင်ပေးနေပေမယ့် အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေခြင်းက အသင်းကို ရှုံးပွဲတွေ ဆက်နေစေတာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်ဟာ အသင်းငယ်တွေထဲမှာ တော်တော်လေး ရုန်းအား ကောင်းတဲ့ အသင်းလို့ ပြောလို့ ရပြီး ပြိုင်ဘက်တိုင်းကို ပွဲချိန် တစ်လျှောက်လုံး အားအင်အပြည့်နဲ့ မာမာထန်ထန် တုန့်ပြန်တတ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ အသင်း ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ ကစားအား ကောင်းကောင်း အရန် အင်အား မတောင့်တင်းခြင်းက အသင်းရဲ့ အဓိက အားနည်းချက် ဖြစ်ခဲ့ရပြီး တစ်ရာသီ အကြာမှာပဲ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ နီးနေခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုလည်း ချူချိုဟာနန်ဒက်ဇ်၊ အန်ကူလူ၊ ဘာ့ရ်၊ ဒန်နီရို့စ်တို့ သေချာပေါက် လွဲချော်ဦးမှာ ဖြစ်ပြီး ဖီမီနီရာ၊ ကွတ်ချ်ကာ တို့ကလည်း ပွဲကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖော်စတာ၊ ကာဘာဆီလီ၊ ဆာမီရာ၊ ကာမာရာ၊ အန်ဂါကီရာ၊ လူဇာ၊ ကလီဗာလီ၊ ဆစ်ဆိုခို၊ ဒန်းနစ်၊ ဆား၊ ပက်ဒရို
ရာသီကုန်ခါနီးဆိုရင် တန်းမဆင်းရဖို့ ပွဲတိုင်းကို အသည်းအသန် ကစားတတ်တဲ့ ဘန်လေတို့ ဒီရာသီ မှာလည်း သူတို့ အသင်းရဲ့ ထုံးစံ အတိုင်း အကောင်းဆုံး ရုန်းထွက်ပြနေပါတယ်။ သက်တော်ရှည် နည်းပြကြီး ရှောင်ဒိုက်ချ်နဲ့ လမ်းခွဲ အပြီးမှာ လူငယ်နည်းပြတွေနဲ့ မထင်မှတ်ပဲ ရလဒ်ကောင်းနေခဲ့တဲ့ ဘန်လေတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိပြီး ၃ ပွဲ နိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ လက်တလော အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက ရုန်းထွက်ထားနိုင်ပေမယ့် အဆင့် ၁၈ နေရာက အဲဗာတန်ထက် ၁ ပွဲ ပိုကစားထားသလို ၂ မှတ်သာ ဖြတ်ထားနိုင်တာကြောင့် ဘန်လေ အတွက် လက်ကျန် ပွဲစဉ်တိုင်းက အရေးကြီးနေဆဲပါ။ နောက်ပြီး ဒီတစ်ပတ် အဲဗာတန်က ချဲလ်ဆီး၊ လိဒ်စ်က မန်စီးတီး၊ နော့ဝှစ်ချ်စီးတီးက ဗီလာနဲ့ အသီးသီး ကစားရဖို့ ရှိလို့ ဘန်လေ အတွက်တော့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။ တစ်ချက် သတိထားရမှာက ဘန်လေရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ဖြစ်ပြီး နိုင်ပွဲ ၁ ပွဲသာ ရထားကာ ၇ ပွဲ သရေ၊ ၈ ပွဲ ရှုံးထားပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဘမ်မီး၊ အဲရစ်ခ် ပိုက်တားစ်၊ အက်ရှ်လေ ဝက်စ်ဝုဒ်၊ ဂျေး ရိုဒရီဂက်ဇ်နဲ့ ဂတ်မန်ဆန်တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် မက်စ်ဝဲလ် ကောနတ် ကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ပုပ်၊ တာကောစကီး၊ ကောလင်းန်၊ တေလာ၊ ရောဘတ်၊ ကော့ခ်၊ ဘရောင်းဟေးလ်၊ ကောနတ်၊ မက်နေးလ်၊ ဝက်ဂ်ဟော့စ်၊ မားတေ့ဂျ် ဗီဒရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ ဘန်လေတို့ ၇ ကြိမ် အနိုင်ရခဲ့ပြီး ဝက်ဖို့ဒ် ကတော့ ၃ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ ဘန်လေတို့ ဝက်ဖို့ဒ်ကို ၂ ပွဲ နိုင်၊ ၂ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးထားပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ တက်ဖ်မောကွင်း မှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဝက်ဖို့ဒ် အတွက် ၂.၆၃ ဆ၊ ဘန်လေ အတွက် ၂.၆၇ ဆ၊ သရေ အတွက် ၃.၁၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ တန်းဆင်းဇုန် တိုက်ပွဲတွေရဲ့ ထုံးစံ အတိုင်း ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ အကြိတ်အနယ် ကစားကြဦးမယ့်ပွဲ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်တို့ ရှုံးပွဲဆက်နေပေမယ့် ဘန်လေ ကတော့ နိုင်ပွဲတွေ ဆက်နေလို့ ယုံကြည်မှုတွေ ပြန်ရနေပြီး ခြေစွမ်းပိုင်း ကလည်း အတက်ဘက် ပြန်ရောက်နေတယ်လို့ ပြောလို့ ရပါတယ်။ တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက်ဖို့ အမှတ်ရအောင် ယူဦးမယ့် ဘန်လေ ဘက်မှာပဲ ရပ်တည်ထားတာက စိတ်အချရဆုံး ဖြစ်ပါတယ်။ ကြေးဖွင့်မှု အနေအထားအရ အနည်းငယ် စဉ်းစားစရာ ရှိပေမယ့် ဘန်လေကိုပဲ မျှော်လင့်ထားရအောင်ပါ။ ဂိုးပေါင်း အောက် လည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ် (၀-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.