ရိုးမား – ဖီယင်နော့ဒ်
မေလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၁ နာရီခွဲ မှာတော့ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ ကစားဖို့ ရှိပြီး ရိုးမားနဲ့ ဖီယင်နော့ဒ်တို့ အဲလ်ဘေးနီးယား နိုင်ငံ၊ တီရာနာမြို့က အရီနာ ကွန်ဘက်တာရဲ ကွင်းမှာ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံဆု ကိုင်မြောက်ထားနိုင်ခဲ့တဲ့ ဂျိုဆေး မော်ရင်ဟို အနေနဲ့ အခုနှစ်မှ စတင် ကျင်းပတဲ့ ယူရိုပါကွန်ဖရင့်လိဂ် မှာရော ရိုးမား အသင်းနဲ့ အတူ အောင်မြင်မှု ရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။




ရိုးမား ကတော့ ၁၉၈၄ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ၁၉၉၁ ခုနှစ်မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေကို တက်ရောက်ခဲ့ဖူးပေမယ့် ဥရောပပြိုင်ပွဲတွေ မှာတော့ အောင်မြင်မှု မရဖူးသေးပါဘူး။ တစ်ချိန်က ဥရောပရဲ့ ထိပ်သီး အသင်း တစ်သင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ထိပ်တန်းအဆင့် ပြန်ရောက်ဖို့ ရုန်းကန်နေရတဲ့ ရိုးမားတို့ ဒီပြိုင်ပွဲ မှာသာ ချန်ပီယံ ဖြစ်ခဲ့မယ် ဆိုရင် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ဥရောပ အောင်မြင်မှု ရယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် UEFA ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံဆု ရရှိဖူးသူ နည်းပြ ဂျိုဆေး မော်ရင်ဟို အနေနဲ့လည်း ယူအီးအက်ဖ်အေ က ကျင်းပတဲ့ ပြိုင်ပွဲ အားလုံးမှာ ဆုဖလား ကိုင်မြှောက်ဖူးတဲ့ ပထမဦးဆုံး နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်သွားမှာလည်း ဖြစ်ပါတယ်။ ရိုးမားတို့ ဒီနှစ် စီးရီးအေမှာ ရုန်းကန်ခဲ့ရပေမယ့် ယူရိုပါကွန်ဖရင့်လိဂ် ဖြတ်သန်းမှုကို ပြန်ကြည့်ရင်တော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ အုပ်စု ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးပြီး အုပ်စု ပထမနေရာ ကနေ နောက်တစ်ဆင့် တက်ခဲ့သလို ရှုံးထွက်အဆင့်တွေ မှာလည်း ဗစ်တက်ဆီ၊ ဘိုဒို ဂလင့်မ်နဲ့ လက်စတာစီးတီး တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ရိုးမား ဟာ စုဖွဲ့မှု တောင့်တင်းပေမယ့် ခြေစွမ်းပိုင်းအရ ဆိုရင်တော့ တည်ငြိမ်မှု မရှိတာကြောင့် ခန့်မှန်းရတော့ ခက်ပါတယ်။ ဂျိုဆေး အတွက် ဝမ်းသာစရာ အခြေအနေ တစ်ခုက အသင်းရဲ့ အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာပြသနာ ကင်းရှင်းနေပြီး မက်ခီတာရန် ကတော့ ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ပက်ထရီစီယို၊ စမောလင်း၊ မန်ချီနီ၊ အီဘာနက်ဇ်၊ အိုလစ်ဗီယာ၊ ခရစ္စတန်တီ၊ ကားစ်ဒေါ့ပ်၊ ဇာလက်စကီး၊ ပယ်လီဂရီနီ၊ ဇန်နီယိုလို၊ တမ်မီ အေဘရာဟမ်

၂၀၀၂ ခုနှစ်က ယူရိုပါလိဂ် ချန်ပီယံဆုကို နောက်ဆုံး အကြိမ် ရရှိထားခဲ့တဲ့ နယ်သာလန် ထိပ်သီး ဖီယင်နော့ဒ်တို့ ဥရောပ အောင်မြင်မှုနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ လောက် ရှိနေပါပြီ။ ဖီယင်နော့ဒ်ဟာ ဥရောပ အောင်မြင်မှု သမိုင်းကြောင်း အစဉ်အလာ ရှိခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပြီး ချန်ပီယံလိဂ် ချန်ပီယံ တစ်ကြိမ်၊ ယူရိုပါလိဂ် ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ယူရိုပါကွန်ဖရင့်လိဂ် ဖြတ်သန်းမှုကို ပြန်ကြည့်ရင်တော့ အန်းစလော့တ်ရဲ့ အသင်းဟာ ပြိုင်ပွဲ တစ်လျှောက်လုံး ရှုံးပွဲ လုံးဝ မရှိသေးတာ တွေ့ရပါတယ်။ အုပ်စုတွင်း ပွဲစဉ်တွေမှာ ဆိုရင် ဆလားဗီးယား ပရက်ဂ်၊ ယူအွန်းဘာလင် တို့နဲ့ ကစားခဲ့ရသလို ရှုံးထွက်အဆင့်တွေ မှာလည်း ဆလားဗီးယားပရက်ဂ်၊ ပါတီဇန်ဘဲလ်ဂရိတ်၊ မာဆေးလ် တို့လို အသင်းတွေ တော်တော်များများကို ကျော်ဖြတ်ခဲ့ရတာ ဖြစ်လို့ လျှော့တွက်လို့တော့ မရပါဘူး။ လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်လည်း ပြိုင်ပွဲစုံ ပြီးခဲ့တဲ့ ၁၂ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ အထိ အားရစရာ ကောင်းနေခဲ့ပြီး နယ်သာလန် ပြည်တွင်းလိဂ် နောက်ဆုံး ပွဲစဉ် မှာတော့ တွမ်တီးကို ရှုံးနိမ့်ထားပါတယ်။ လက်တလော အသင်းရဲ့ အဓိက ကွင်းလယ်လူ ကော့ခ်ကူ ဒဏ်ရာရနေလို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပြီး သူနဲ့ အတူ ဒုတိယ ဂိုးသမား ဘစ်ဂျ်လိုးဝ် လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – မာစီယာနို၊ ဂီယာထရီဒါ၊ ထရောင်နာ၊ ဆန်နက်ဆီ၊ မလာဆီရာ၊ အောဆနက်စ်၊ တွန်းစတရာ၊ ဆန်နစ်စတီယာ၊ ဒက်စ်ဆာ၊ ရီးစ် နဲလ်ဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက် ၂ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်က ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ရိုးမား အိမ်ကွင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဖီယင်နော့ဒ် အိမ်ကွင်း မှာတော့ ရိုးမားက ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.