နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇန်နီယိုလိုရဲ့ ဂိုးနဲ့ ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရိုးမား

ရိုးမား ၁-၀ ဖီယင်နော့ဒ်

ဒီကနေ့ မနက် အစောပိုင်းက အဲလ်ဘေးနီးယားနိုင်ငံ တီရာနာ ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ မှာတော့ ရိုးမားတို့ ဖီယင်နော့ဒ်ကို နီကိုလို ဇန်နီယိုလိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ရိုးမားဟာ ပထမဦးဆုံး အကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ပထမဦးဆုံး ချန်ပီယံ ဖြစ်လာခဲ့သလို ဥရောပ ဆုဖလား တစ်လုံးကို ပထမဦးဆုံး အကြိမ် ကိုင်မြှောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ဂျိုဆေး မော်ရင်ဟို ဟာလည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံဆု ရဖူးတဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ရိုးမားက ၃-၄-၂-၁ အခင်းအကျင်းကို အသုံးပြုလာခဲ့ပြီး တမ်မီ အေဘရာဟမ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ နောက်တန်းမှာ ဇန်နီယိုလို၊ ပယ်လီဂရီနီ၊ ကားစ်ဒေါ့ပ်၊ ဇာလက်စကီး၊ ခရစ္စတန်တီ၊ မက်ခီတာရန်၊ မန်ချီနီ၊ စမောလင်း၊ အီဘာနက်ဇ်နဲ့ ပက်ထရီစီယိုတို့ ပွဲထွက်ခဲ့ကြပါတယ်။ ဖီယင်နော့ဒ် ကတော့ ၄-၃-၃ နဲ့ ခင်းကျင်း လာခဲ့ပြီး ရီးစ် နဲလ်ဆင်၊ ဒက်ဆာ၊ ထရောင်နာ၊ ဆန်နက်ဆီ၊ မလာဆီရာ၊ အောဆနက်စ် တို့အပြင် ပွဲမတိုင်ခင်က လွဲချော်မယ်လို့ သတင်းထွက်ခဲ့တဲ့ ကော့ခ်ကူနဲ့ ဘစ်ဂျ်လိုးဝ် တို့လည်း လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒါ့အပြင် နည်းပြ ဂျိုဆေး မော်ရင်ဟို ဟာလည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံဆု ရဖူးတဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ရိုးမားကို ပထမဆုံး အကြိမ် ဥရောပ ဆုဖလား အောင်မြှင်မှုနဲ့ ထိတွေ့ခွင့်ပေးခဲ့တဲ့ မော်ရင်ဟို

ပွဲစကတည်းက ဖီယင်နော့ဒ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပြီး ရိုးမား ကတော့ တန်ပြန် တိုက်စစ်နဲ့ အခွင့်အရေး စောင့်ကစားခဲ့ပါတယ်။ နှစ်သင်းလုံး ကစားကွက် ပုံဖော်ဖို့ ကြိုးစားခဲ့ပေမယ့် Final Third ရောက်တိုင်း ဘောလုံး အပျက်များနေခဲ့တာကြောင့် ပထမပိုင်း ကတော့ တော်တော်လေး ပျင်းစရာ ကောင်းခဲ့ပါတယ်။ နှစ်သင်းစလုံး ကြံ့ခိုင်မှု အသားပေး ကစားခဲ့တာကြောင့် ပွဲက အနည်းငယ် ကြမ်းခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာတင်ပဲ ရိုးမား ကွင်းလယ်က မက်ခီတာရန် ဒဏ်ရာရသွားလို့ ဆာဂျိယို အိုလစ်ဗီရာနဲ့ လူစားလဲခဲ့ရပါတယ်။ တမ်မီ အေဘရာဟမ် အနေနဲ့ ဖီယင်နော့ဒ် နောက်တန်းရဲ့ တောက်လျောက် လူကပ်ကစားခြင်း ခံနေရလို့ အခွင့်အရေး မရခဲ့ပေမယ့် ပွဲချိန် ၃၂ မိနစ် မှာတော့ ရိုးမားတို့ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ မန်ချီနီရဲ့ ကန်တင် ပေးပို့မှု ကနေ ဇန်နီယိုလို က ဖီယင်နော့ဒ် နောက်တန်းရဲ့ ပေါ့ဆမှုကို အခွင့်ကောင်းယူပြီး ပါးပါးနပ်နပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဖီယင်နော့ဒ်တို့ ချေပဂိုးရဖို့ အားစိုက်ခဲ့ပေမယ့် စမောလင်း ဦးဆောင်တဲ့ ရိုးမား နောက်တန်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့တာကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ပွဲက မြိုင်ဆိုင်လာခဲ့ပြီး ၄၉ မိနစ်မှာ ဖီယင်နော့ဒ် ဘယ်နောက်ခံလူ မလာဆီရာရဲ့ ကန်ချက်ကို ရူအီပက်ထရီစီယို ကာကွယ်သွားနိုင်ခဲ့လို့ ရိုးမားတို့ ကံကောင်းခဲ့ရပါတယ်။ ၃ မိနစ် အတွင်း ၂ ကြိမ် တိုင်ထိခဲ့တာ ကတော့ ဖီယင်နော့ဒ် တို့ ကံဆိုးလွန်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲ့နောက် ဖီယင်နော့ဒ်တို့ ကစားအား ကျသွားချိန်မှာ ရိုးမားတို့ ဒုတိယ ဦးဆောင်ဂိုး ရနိုင်တဲ့ အခွင့်အရေး တချို့ ရှိခဲ့ပေမယ့် VAR ကြောင့် နစ်နာခဲ့ရပြီး ပထမပိုင်းရလဒ် အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်နဲ့ အချက်အလက်များ

ဗိုလ်လုပွဲ ဖြစ်ပေမယ့် မျှော်လင့်ထားသလောက် ကြည့်မကောင်းခဲ့သလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့ခြင်း မရှိဘူးလို့ ပြောလို့ ရပါတယ်။ နှစ်သင်းလုံး ဂိုးရှေ့ မရောက်ခင် ဘောလုံး အပျက်များနေခဲ့တာကြောင့် သိပ်ပြီး ရင်ခုန်စရာ မရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း ဖီယင်နော့ဒ်တို့ ကစားအား တင်ချိန်မှ ပွဲက မြိုင်ဆိုင်လာခဲ့ပေမယ့် နှစ်သင်းလုံးရဲ့ ခံစစ်မှူးတွေ ခြေစွမ်းပြခဲ့တာကြောင့် တိုက်စစ်မှူးတွေ ရုန်းကန်ခဲ့ရပါတယ်။ ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဆိုရင် တစ်ပွဲလုံးမှာမှ ၂၂ ကြိမ်သာ ဘောလုံးထိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ အေဘရာဟမ် နည်းတူ ဖီယင်နော့ဒ် တိုက်စစ်မှူး ဒက်ဆာ ဘောလုံး ထိချက် ၂၈ ကြိမ်သာ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

တစ်ပွဲလုံး အတိုင်းအတာနဲ့ ဖီယင်နော့ဒ်တို့ ခြေပိုသာခဲ့ပေမယ့် အပိုင်အခွင့်အရေး အသုံးချနိုင်မှု မှာတော့ မော်ရင်ဟိုရဲ့ အသင်းက ပိုသာခဲ့ပါတယ်။ ရှုံးထွက်ပြိုင်ပွဲတွေကို ဘယ်လိုမျိုး အနိုင်ရအောင် ကစားရမလဲ ဆိုတာ ကောင်းကောင်း သိနေတဲ့ မော်ရင်ဟိုရဲ့ ခံစစ် နည်းဗျူဟာ ဒီတစ်ကြိမ် မှာလည်း အလုပ်ဖြစ်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.75 @ 2.03
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရိုးမား အနေနဲ့ ၂၀၀၈ ခုနှစ် နောက်ပိုင်း ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု ပြန်လည် ရရှိခဲ့တာ ဖြစ်သလို အသင်းရဲ့ သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ တစ်ခုမှာ ပထမဆုံး အကြိမ် ချန်ပီယံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ ရိုးမားဟာ ၁၉၉၀-၉၁နဲ့ ၁၉၈၃-၈၄ ဘောလုံးရာသီတွေမှာ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ ကစားခဲ့ဖူးပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါကွန်ဖရင့်လိဂ် ကျမှပဲ ဖလားရခဲ့တာ ဖြစ်ပါတယ်။

ဂျိုဆေး မော်ရင်ဟို ကတော့ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲတိုင်းရဲ့ ဆုဖလား အားလုံးကို ကိုင်မြှောက်ဖူးတဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ပွဲအပြီး အင်တာဗျူး မှာတော့ ဝမ်းသာလုံးစို့ပြီး ငိုကြွေးခဲ့ပါတယ်။ပေါ်တူဂီ နည်းပြ အနေနဲ့ ပေါ်တိုနဲ့ UEFA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား၊ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဖလား၊ မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ် ဖလား ရှိခဲ့ဖူးပြီး လက်ရှိ မှာတော့ ရိုးမားနဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖီယင်နော့ဒ် ကတော့ ၂၀၀၂ ခုနှစ် နောက်ပိုင်း ဥရောပဆုဖလား တစ်လုံး ပြန်လည် ကိုင်မြှောက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး နောက်ဆုံး ၄ ရာသီဆက် ဖလားလက်မဲ့ ဖြစ်မှုကို အဆုံးသတ်ခြင်းလည်း မရှိခဲ့ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်