အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဩစတြေးလျ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။
ဩစတြေးလျ လက်ရွေးစင် အသင်း အကျဉ်းချုပ်
သမုဒ္ဒရာပိုင်းဇုန်မှာ ထိပ်သီးအသင်း ဖြစ်ပြီး ပြိုင်ဘက် မရှိခဲ့တဲ့ ဩစတြေးလျဟာ အခု လက်ရှိမှာတော့ အာရှ ဘောလုံး အဖွဲ့ချုပ်၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်တွေ အောက်ကို ရောက်ရှိလာခဲ့ပြီ။ ၁၉၂၂ ခုနှစ် ကတည်းက ဩစတြေးလျက ဘောလုံး အဖွဲ့ချုပ် တစ်ခု အဖြစ်နဲ့ ပီပီပြင်ပြင် ဖြစ်လာဖို့ အစပျိုးနိုင်ခဲ့ပြီး အခုဆိုရင် အာရှဇုန်မှာလည်း ထိပ်သီးအသင်း တစ်သင်းအဖြစ် ရပ်တည်နေပါပြီ။ နာမည်ကျော် ကစားသမားကောင်းတွေ ဆက်တိုက် ထွက်ပေါ်လာတဲ့ ဩစတြေးလျက ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း မကြာခဏ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး အခုဆို ၆ ကြိမ် မြောက် အဖြစ် ကစားရတော့မှာပါ။
အမည်ပြောင် – သားပိုက်ကောင်များ
အဖွဲ့ချုပ် – ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်
အရောင် – အဝါ၊ အစိမ်း

နည်းပြချုပ် – ဂရေဟမ် အာနိုးလ်
အသင်းခေါင်းဆောင် – မက်သရူး ရိုင်ယန်
ပွဲအများဆုံးကစားထားသူ – မာ့ခ် ရှဝါဇာ (၁၀၉ ပွဲ)
ဂိုးအများဆုံးသွင်းထားသူ – တင်မ် ကာဟေးလ် (၅၀ ဂိုး)
ဖီဖာအဆင့်ရပ်တည်မှု – ၃၉ (၂၀၂၂ ခုနှစ် ဇွန်လအထိ)
ပထမဆုံးနိုင်ငံတကာပွဲ
နယူးဇီလန် ၃-၁ ဩစတြေးလျ (ဇွန် ၁၇၊ ၁၉၂၂)
အကြီးမားဆုံးနိုင်ပွဲ
ဩစတြေးလျ ၃၁-၀ ဆာမိုအာ (ဧပြီ ၁၁၊ ၂၀၀၁)
အကြီးမားဆုံးရှုံးပွဲ
ဩစတြေးလျ ၀-၈ တောင်အာဖရိက (စက်တင်ဘာ ၁၇၊ ၁၉၅၅)
ကမ္ဘာ့ဖလားမှတ်တမ်းနဲ့အောင်မြင်မှု
ဩစတြေးလျက ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ်မြောက် ဝင်ရောက် ကစားရမှာ ဖြစ်ပြီး ဒီပြိုင်ပွဲ မှာတော့ သူတို့က ၁၆ သင်း အဆင့် ကိုပဲ အမြင့်ဆုံး တက်ရောက် နိုင်ခဲ့ပါတယ်။ အဲဒါကလည်း ရှားရှားပါးပါး ၁ ကြိမ်တည်းပဲ ရှိခဲ့တာပါ။ ကျန် ၄ ကြိမ်စလုံး အုပ်စု အဆင့်နဲ့ ကျေနပ်ခဲ့ရပြီး ကာတာ ကမ္ဘာ့ဖလား မှာလည်း ထုံးစံ အတိုင်း အိမ်ဖြည့် အဆင့်နဲ့ပဲ လှည်ပြန်ရဖို့ များနေတဲ့ အသင်းလို့တောင် ကြိုခန့်မှန်းထားလို့ ရပါတယ်။ ဩဇီတို့ အတွက် ကမ္ဘာ့ဖလား ဆိုတာ အောင်မြင်မှု ရဖို့၊ မရဖို့ ဆိုတာထက် အတွေ့အကြုံနဲ့ နိုင်ငံရဲ့ ဘောလုံး အဆင့်အတန်း တစ်ခုကို ထိန်းထားနိုင်ဖို့လောက်ပဲ အဓိပ္ပာယ်ရှိတဲ့ ပြိုင်ပွဲလို့ ဆိုချင်ပါတယ်။
အခြားအောင်မြင်မှု
OFC Nationa Cup အဖြစ် ၄ ကြိမ်၊ အာရှဖလားကို ၁ ကြိမ် ဆွတ်ခူး ဖူးပြီး ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲမှာ ဒုတိယနဲ့ တတိယ တစ်ကြိမ်စီ ရရှိခဲ့ဖူးပါတယ်။ အာရှ ချန်ပီယံ ဖြစ်ခဲ့တာက သူတို့အတွက် အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပြီး ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့တာက ချီးကျူးရပါမယ်။ လာမယ့် ကမ္ဘာ့ဖလား မှာတော့ သူတို့က အုပ်စု D မှာ ပြင်သစ်၊ ဒိန်းမတ်၊ တူနီးရှားတို့နဲ့ ရင်ဆိုင်ရမှာပါ။
ကစားမည့်ရက်
ပြင်သစ်-ဩစတြေးလျ (နိုဝင်ဘာ ၂၂)
ဩစတြေးလျ-တူနီးရှား (နိုဝင်ဘာ ၂၆)
ဩစတြေးလျ-ဒိန်းမတ် (နိုဝင်ဘာ ၃၀)
ဗိုလ်စွဲရန်အလေးပေးမှု
- ၂၅၀၀၀
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.