အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဆော်ဒီ အာရေဗျ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။
ဆော်ဒီအာရေဗျ လက်ရွေးစင်အသင်း အကျဉ်းချုပ်
အာရှ ဘောလုံး အဖွဲ့ချုပ်ဝင် ဆော်ဒီ လက်ရွေးစင် အသင်းကို ၁၉၅၁ မှာ စတင် တည်ထောင်ဖို့ အတွက် အကြံဉာဏ် ရရှိခဲ့တာပါ။ အာရှမှာ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး အာရှဖလားကို ၃ ကြိမ် တိုင်တိုင် ဆွတ်ခူး နိုင်ခဲ့ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ၁၉၉၄ မှာ စတင် ဝင်ရောက် ယှဉ်ပြိုင်ချိန်ကစလို့ ၆ ကြိမ် အထိ ဝင်ရောက် ကစားထားပြီး ဖြစ်ပါတယ်။ အစိမ်းရောင် သိမ်းငှက်တွေလို့ နာမည်ပြောင် ရထားတဲ့ ဆော်ဒီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တစ်လျှောက် ၁ ပွဲ တည်းသာ အရေး နိမ့်ခဲ့ပြီးတော့ အေးအေးဆေးဆေးပဲ ကာတာကို အရောက် လှမ်းနိုင်ခဲ့တာပါ။ ဒါပေမယ့် သူတို့က ဒီပြိုင်ပွဲ မှာတော့ များသောအားဖြင့် အိမ်ဖြည့် အသင်းတစ်သင်း အနေနဲ့သာ ရှိနေခဲ့ပါတယ်။
အမည်ပြောင် – အစိမ်းရောင်သိမ်းငှက်များ
အဖွဲ့ချုပ် – ဆော်ဒီ အာရေဗျ ဘောလုံးအဖွဲ့ချုပ်
အရောင် – အစိမ်း
နည်းပြချုပ် – ဟာဗ့်ရီနာ့ဒ်
အသင်းခေါင်းဆောင် – ဆယ်လ်မန် အယ်လ်ဖာရက်ဂျ်
ပွဲအများဆုံး ကစားထားသူ – မိုဟာမက် အယ်လ်ဒေယာ (၁၇၈ ပွဲ)
ဂိုးအများဆုံး သွင်းထားသူ – မာဂျီးအဗ္ဗဒူလာ (၇၂ ဂိုး)
ဖီဖာအဆင့်ရပ်တည်မှု – ၅၃ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)
ပထမဆုံး နိုင်ငံတကာပွဲ – လက်ဘနွန် ၁ – ၁ ဆော်ဒီ (ဇန်နဝါရီ ၁၈ ၊ ၁၉၅၇)
အကြီးမားဆုံး နိုင်ပွဲ
တီမော ၀ – ၁၀ ဆော်ဒီ (နိုဝင်ဘာ ၁၇ ၊ ၂၀၁၅)
အကြီးမားဆုံး ရှုံးပွဲ
ယူအေအီး ၁၃ – ၀ ဆော်ဒီ (စက်တင်ဘာ ၃ ၊ ၁၉၆၁)
ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု
ဆော်ဒီက ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒီတစ်ကြိမ် နဲ့ဆိုရင် ၆ ကြိမ်မြောက် ယှဉ်ပြိုင် ရတော့မှာပါ။ အမြင့်ဆုံး အနေနဲ့ ၁၉၉၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ၁၆ သင်း အဆင့်ကို တက်ရောက် ဖူးပြီး ကျန်ပြိုင်ပွဲ တွေမှာတော့ အုပ်စု အဆင့်နဲ့သာ ကျေနပ်နေခဲ့ရပါတယ်။ အာရှမှာ အင်အားကြီး အသင်း ဖြစ်ပေမယ့် ကမ္ဘာ့အဆင့် မှာတော့ ဆော်ဒီက အသင်းငယ်လေး အဖြစ်နဲ့သာ ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲ ၅ ကြိမ် မှာ ၁၆ ပွဲ ကစားခဲ့ပြီး ၃ ပွဲ တည်းသာ အနိုင် ရခဲ့တာပါ။ ဒီတစ်ကြိမ်လည်း သူတို့က အိမ်ဖြည့် အဆင့်ထက် ပိုမယ့်အနေအထားမျိုးကို မျှော်မှန်းလို့ မရပါဘူး။
ကာတာမှာ ကစားရမှာ ဖြစ်လို့ ရာသီဥတုက အလေးသာ နေပေမယ့် ဆော်ဒီရဲ့ ခြေစွမ်း ကတော့ ကမ္ဘာ့ အဆင့်မှာ နိမ့်ပါး လွန်းပါတယ်။
အခြားအောင်မြင်မှု
ဆော်ဒီက အာရှဖလား ချန်ပီယံ ၃ ကြိမ်၊ ဒုတိယ ၃ ကြိမ် ရရှိထားတဲ့ အသင်းပါ။ ဖီဖာကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲကို ၃ ကြိမ် ဝင်ရောက် ကစားဖူးပြီး ၁၉၉၂ မှာ ဒုတိယ နေရာ ရဖူးပါတယ်။ အာရပ် ပင်လယ်ကွေ့ ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံ ၃ ကြိမ်၊ ဒုတိယနေရာ ၇ ကြိမ် အထိ ရရှိ ဖူးပါတယ်။ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ဆော်ဒီက ဆော်ဒီအာရေဗျ၊ မက္ကဆီကို၊ ပိုလန် တို့နဲ့အတူ Group C မှာ ကျရောက် နေတာပါ။
ကစားမည့်ရက်
ဆော်ဒီ- ဆော်ဒီ အာရေဗျ (နိုဝင်ဘာ ၂၂)
ဆော်ဒီ အာရေဗျ – ပိုလန် (နိုဝင်ဘာ ၂၆)
ဆော်ဒီ အာရေဗျ – မက္ကဆီကို (နိုဝင်ဘာ ၃၀)
ဗိုလ်စွဲရန်အလေးပေးမှု
- ၁၀၀၀၀၀
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.