နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်တီဂီ ဆီက အများကြီး မမျှော်လင့်ကြဖို့ သတိပေးလိုက်တဲ့ ခရက်စပို၊ ယူနိုက်တက်ရဲ့ ပစ်မှတ်ကို ‌ရောင်းထုတ်ဖို့ စီစဥ်ထားတဲ့ နာပိုလီ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရက်တီဂီ ဆီက အများကြီး မမျှော်လင့်ကြဖို့ သတိပေးလိုက်တဲ့ ခရက်စပို၊ ယူနိုက်တက်ရဲ့ ပစ်မှတ်ကို ရောင်းထုတ်ဖို့ စီစဥ်ထားတဲ့ နာပိုလီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ရက်တီဂီ ဆီက အများကြီး မမျှော်လင့်ကြဖို့ သတိပေးလိုက်တဲ့ ခရက်စပို

အင်တာမီလန်နဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စပိုက ပရိသတ်တွေ အနေနဲ့ လတ်တလော လက်ရွေးစင် အသင်းမှာ ပေါ်ထွက်လာတဲ့ တိုက်စစ်မှူး မက်တေယို ရက်တီဂီ ဆီက အများကြီး မမျှော်လင့်ထားသင့်ကြောင်း အကြံပေးခဲ့ပါတယ်။ 

ရက်တီဂီဟာ အီတလီ လက်ရွေးစင် အသင်း အတွက် ပထမဆုံး ကစားပေးခဲ့တဲ့ နှစ်ပွဲမှာတင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီးတွေ ဖြစ်တဲ့ မီလန် မြို့ခံ နှစ်သင်းက ချိတ်ဆက်လျက် ရှိပါတယ်။ အသက် ၂၃ နှစ် အရွယ် လူငယ် ကြယ်ပွင့်ဟာ လက်ရှိမှာ ဘိုကာဂျူနီယာ ကနေ အာဂျင်တီးနား ပြည်တွင်း ပြိုင်ဘက် ဖြစ်တဲ့ တိုက်ဂရီကို အငှားနဲ့ သွားရောက် ကစားနေတာ ဖြစ်ပါတယ်။ 

ခရက်စပို ကတော့ ရီတီဂီ အနေနဲ့ အခုလိုမျိုး ပုံစံကောင်းနဲ့ အစမပြုသင့်ကြောင်း၊ ဒါပေမယ့် သူ့မှာ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီး ရှိနေပြီး ပရိသတ်တွေက သူ့အပေါ် စိတ်ရှည်ရမှာ ဖြစ်ကြောင်း၊ သူက အခြား တိုက်တစ်ခု ကနေ လာတာ ဖြစ်ပြီး အီတလီပွဲတွေနဲ့ အာဂျင်တီးနား ပွဲတွေက လုံးဝကို ကွဲပြား ခြားနားကြောင်း၊ သူ့ကို ကာကွယ်ပေးရမှာ ဖြစ်ပြီး ဖိအားတွေ အများကြီး မပေးသင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 သရေ (Draw) @ 3.75
ဂိုးပေါ် 3.00 @ 2.05
ဂိုးပေါင်း 2-3 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်ရဲ့ ပစ်မှတ်ကို ရောင်းထုတ်ဖို့ စီစဥ်ထားတဲ့ နာပိုလီ

နာပိုလီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဗဟို နောက်ခံလူ ကင်မင်ဂျေးကို ရောင်းထုတ်သွားဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ 

တောင်ကိုရီးယား ဗဟို နောက်ခံလူဟာ နာပိုလီနဲ့ ပွဲဦးထွက် စီးရီးအေ ရာသီမှာတင်ပဲ ပုံစံကောင်းတွေကို ပြသနေတာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်ထားခြင်း ခံနေရတာ ဖြစ်ပါတယ်။ 

ကစားသမား ကိုယ်တိုင် ကတော့ အဓိပ္ပာယ်မရှိတဲ့ အပြောင်းအရွှေ့ သတင်းတွေကို လက်ရှိမှာ အာရုံမစိုက်ထားကြောင်းနဲ့ နာပိုလီနဲ့ ရှေ့ဆက်ရမယ့် ပြိုင်ပွဲ အများကြီး ကိုသာ အာရုံစိုက်နေကြောင်း ဖွင့်ဟ ပြောကြားထားပါတယ်။ 

ဒါပေမယ့် အသင်း ဥက္ကဌ အော်ရီလီယို ဒီ လော်ရန်းတစ် ကတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၄၂) သန်းသာ ရရှိသွားမယ် ဆိုရင် ကင်မင်ဂျေးကို ရောင်းထုတ်သွားဖွယ် ရှိကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ 

 

ကွန်တီကို ပြန်ခေါ်ဖို့ တိုက်တွန်းခံနေရတဲ့ ဂျူဗီ

ဂျူဗင်တပ်စ် အနေနဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ လမ်းခွဲထားတဲ့ သူတို့ရဲ့ နည်းပြဟောင်း အန်တိုနီ ကွန်တီကို ပြန်လည် ခေါ်ယူသင့်ကြောင်း အေးဂျင့် မက်ဆီမို ဘရမ်ဘာတီက ပြောကြားလိုက်ပါတယ်။ 

ကွန်တီဟာ စပါးမှာ ကစားသမားတွေ၊ အသင်း တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး ပြိုကွဲသွားခဲ့ပြီးနောက် အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။ ဒီနည်းပြဟာ ဂျူဗင်တပ်စ်၊ အင်တာမီလန် တို့နဲ့ အတူ စီးရီးအေ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ အတွေ့အကြုံရင့် နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့်လည်း ဘရမ်ဘာတီက သူသာ ဂျူဗင်တပ်စ်က ဆိုရင် ကွန်တီကို အပိုဆုကြေး စာချုပ်နဲ့ ပြန်လည် ခေါ်ယူလိုကြောင်း၊ နောက်ပြီး ကစားသမား တစ်ယောက်ချင်းစီရဲ့ တိုးတက်မှု အတွက်လည်း အပိုဆုကြေး ပေးပြီး ကွန်တီကို ခေါ်ယူလိုကြောင်း၊ ဂျူဗင်တပ်စ် အတွက် ကပ်ဆိုက်ပြီးနောက် သူတို့ကို တည်ထောင်ပေးနိုင်ခဲ့တဲ့ နည်းပြကို ပြန်ခေါ်ဖို့ အခွင့်အရေး ရှိနေကြောင်းနဲ့ ကွန်တီက ဂျူဗင်တပ်စ် အကြောင်း ကောင်းကောင်း သိပြီး သင့်တော်တဲ့ နည်းပြ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်