နောက်ရာသီအထိ ယူနိုက်တက်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ရမှာ မဟုတ်တဲ့ ဂရင်းဝုဒ်၊ မေဆန်မောင့် အတွက် ပေါင်သန်း ၇၀ သတ်မှတ်လိုက်တဲ့ ချဲလ်ဆီး စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နောက်ရာသီအထိ ယူနိုက်တက်နဲ့ လေ့ကျင့်ခန်းဆင်းခွင့်ရမှာ မဟုတ်တဲ့ ဂရင်းဝုဒ်
မန်ချက်စတာယူနိုက်တက် ကတော့ စပွန်ဆာ ကုမ္ပဏီတွေရဲ့ သတိပေး တောင်းဆိုချက်တွေ အရ သူတို့ရဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို အနည်းဆုံး လာမယ့် ရာသီအထိ အသင်းနဲ့ မပူးပေါင်းဖို့ ပြောဆိုထားရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကလပ် အတွင်း စုံစမ်းမှုတွေ ကလည်း အပြီးမသတ်နိုင်သေးတဲ့ အတွက် ၂၀၂၃-၂၄ ရာသီ အထိ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်ထားခဲ့ရတယ်လို့ မေးလ် အွန်လိုင်းက ဖော်ပြခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ လက စွဲချက်တွေ အားလုံး ရုပ်သိမ်းခံခဲ့ရပေမယ့် လက်ရှိအထိတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ ဆိုင်းငံ့ခြင်းကို ခံထားရတာပါ။

ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ဂရင်းဝုဒ် အပေါ် စွဲချက်တွေ မရှိတော့ပေမယ့်လည်း ကစားသမားရဲ့ အပြုအမူတွေ အပေါ် သီးခြား စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဂရင်းဝုဒ် ကတော့ ကလပ်နဲ့ ပုံမှန် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး မြက်ခင်းစိမ်းပေါ် အမြန်ဆုံး ပြန်လာချင်နေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ ဟာလန်း
ပေါင်ခြံ ဒဏ်ရာကြောင့် နော်ဝေ လက်ရွေးစင် အသင်း အတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ ကစားပေးနိုင်ခြင်း မရှိခဲ့တဲ့ အာလင်း ဟာလန်း ကတော့ မန်စီးတီး အသင်းထံ စောစောစီးစီး ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်း အနေနဲ့ ဒဏ်ရာက မသက်သာသေးတာကြောင့် မနက်ဖြန် လစ်ဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ဟာလန်းရဲ့ ဒဏ်ရာက တိုးတက်မှု နှေးကွေးနေပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အထိကို လေ့ကျင့်ခန်း မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။ ဟာလန်းရဲ့ ဒဏ်ရာ ပြသနာက ဂွာဒီယိုလာ အတွက်တော့ အကြပ်ရိုက်စရာ ဖြစ်လာခဲ့ပြီး အာဆင်နယ်နဲ့ ၈ မှတ် ကွာဟနေမှုကို လျှော့ချဖို့ အတွက် အနည်းငယ် ခက်ခဲသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါ့အပြင် ဂွာဒီယိုလာ အနေနဲ့ ဟာလန်း အပြင် နောက်ထပ် အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဖိုဒန် ကိုလည်း လက်လွှတ်ထားဦးမှာ ဖြစ်ပါတယ်။ တဖက်က လစ်ဗာပူးလ် ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားကုန်ထုတ် ကစားမှာ ဖြစ်သလို ဒီရာသီ တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ မန်စီးတီးကို အနိုင်ရထားပါတယ်။
မေဆန်မောင့် အတွက် ပေါင်သန်း ၇၀ သတ်မှတ်လိုက်တဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အသင်း ကနေ ထွက်ခွာချင်နေတဲ့ မေဆန် မောင့် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူက ဒီရာသီ ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာချင်နေကြောင်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။
လန်ဒန် ကလပ်က မေဆန်မောင့်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ သတ်မှတ်ခဲ့ပြီး ဒါကို ကြည့်ခြင်း အားဖြင့် သူတို့ရဲ့ ကွင်းလယ် ကြယ်ပွင့်ကို တန်ဖိုး နည်းနည်းနဲ့တော့ ရောင်းထုတ်မှာ မဟုတ်ဘူး ဆိုတာ အသိပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ သတင်းတွေအရ မေဆန်မောင့်ကို ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် တို့က အဓိက စိတ်ဝင်စားနေကြတယ်လို့ သိရပြီး သောမက်စ် တူချယ်က အသင်းသစ်မှာ သူ့တပည့်ဟောင်းနဲ့ ပြန်လည် ဆုံဆည်းဖို့လည်း မျှော်လင့်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.