ရီးရဲလ်မက်ဒရစ်ကို လက်စားချေမယ် ဆိုတဲ့ ဘာနာဒို ဆေးလ်ဗား၊ မန်စီးတီးပဲ ဗိုလ်လုပွဲ တက်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို လက်စားချေမယ်ဆိုတဲ့ ဘာနာဒို ဆေးလ်ဗား
ဘေယန်မြူးနစ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာစီးတီး ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားက ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်တွေ့ရမယ့် ရီးရဲလ်မက်ဒရစ်ကို လက်စားချေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ဘေယန်ကွင်းမှာ ၁-၁ သရေကစားခဲ့ကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။




ဘာနာဒို ဆေးလ်ဗား ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ရီးရဲလ်ကို ဒရာမာဆန်ဆန် အရေးနိမ်ခဲ့ရတာကို ပြန်လည် လက်စားချေချင်နေတာပါ။ ဒီလိုအဆင့်မှာပဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်ဟာ ချန်ပီယံလိဂ် ဘုရင်ကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ အားလုံးက ထင်မှတ်ထားချိန်ကြမှ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ရီးရဲလ်နဲ့ ပြန်ဆုံတွေ့ပြီး နောက်ကောက်ချနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။
“ လက်စားချေဖို့ ကျနော်တို့ ကစားသွားမယ် ဆိုတာ အသေအချာပါပဲ။ ဒီအတွက် ကိုပဲ ကျနော်တို့ အမြဲတမ်း ကြိုးစားနေတာပါ၊ ဒါပေမယ့် အခုအချိန်မှာ အသင်းက အရမ်းအရမ်းကို ယုံကြည်မှု ပြည့်၀နေတဲ့ အသင်းပါ၊ ကျနော်တို့ ကျော်ဖြတ်နိုင်မယ် လို့တော့ ထင်ထားပါတယ်၊ ကျနော်တို့ ပွဲတစ်ပွဲမှာ စွမ်းဆောင်ရည် ကျသွားခဲ့ရင် ပြိုင်ပွဲက ထွက်ရမယ့် နေရာကို ရောက်နေပါပြီ၊ ခက်ခဲနိုင်တယ် ဆိုပေမယ့်လည်း ချန်ပီယံဆု တချို့ကို အိမ်သယ်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ၊ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို အရောက်သွားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ ဘာနာဒို ဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးပဲ ဗိုလ်လုပွဲတက်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ
ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ တစ်ဦး အဖြစ် ဆောင်ရွက်နေတဲ့ လစ်ဗာပူးလ် ကစားသမားဟောင်း ဂျင်မီ ကာရေဂါက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်ချက်စတာစီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်သွားလိမ့်မယ်လို့ ဟောကိန်းထုတ် ပြောဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ဘေယန်မြူးနစ် ကွင်းမှာ ၁-၁ သရေကစားပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၁ နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒါကြောင့် ချဲလ်ဆီးကို ၄-၀ နဲ့ အနိုင်ရရှိလာတဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေပြီး ကာရေဂါက ပရီးမီးယားလိဂ် ကလပ်ကို အသာပေးထားတာ ဖြစ်ပါတယ်။
“ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်မယ် ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်တယ်” လို့ ကာရေဂါက မနေ့ပွဲ အပြီး သုံးသပ် ဆွေးနွေးခန်းမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ကလည်း ဒီလိုအဆင့်မှာ ရင်ဆိုင်ခဲ့ဖူးပြီး ရီးရဲလ်က မန်စီးတီးကို နောက်ကောက်ချပစ်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဖလား လိုချင်ရင် ရီးရဲလ်ကို အနိုင်ကစားရမယ် ဆိုတဲ့ ဂွာဒီယိုလာ
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာက ချန်ပီယံလိဂ် ဖလားကို ရယူချင်ရင် ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရမယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးက ဘေယန်မြူးနစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံတော့မှာပြီး ဒီပွဲအကြောင်း မေးမြန်းချိန်မှာ ဂွာဒီယိုလာက ပြန်လည် ပြောဆိုခဲ့တာပါ။
“ ချန်ပီယံလိဂ် ဖလားကို ရယူချင်ရင် ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရမယ် ဆိုတာ ကမ္ဘာပေါ်က အသင်းတိုင်း ခံစားမိမယ်လို့ ကျနော် ထင်တယ်၊ ကျနော် တို့လည်း အဲဒီလိုပါပဲ၊ ဆုဖလား ရယူချင်ရင် သူတို့ကို အနိုင်ယူရမှာပါပဲ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ မနှစ်က တွေ့ဆုံမှု မှာတော့ ဂွာဒီယိုလာရဲ့ အသင်းက ရီးရဲလ်ကို အရေးနိမ့်ခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဘာစီလိုနာနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့ပေမယ့် ဘေယန်မြူးနစ်နဲ့ မန်စီးတီးတို့ မှာတော့ အဆိုပါဖလားကို မယူနိုင်သေးပါဘူး။ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာတွေ ရှိခဲ့ပေမယ့် အရေးနိမ့်ခဲ့ပြီး အခုနှစ်မှာလည်း မျှော်လင့်ချက်တွေ ရှိနေပေမယ့် ရီးရဲလ်ကို ကျော်ဖြတ်နိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.