ဘုန်းမောက် ၃-၀ ဘရိုက်တန်
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘုန်းမောက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရာသီကုန်ခါနီးမှာ ပုံစံကောင်းရနေတဲ့ ဘုန်းမောက်ဟာ ဘရိုက်တန်ကို ခြေစွမ်း အသာနဲ့ ကစားပြီးတော့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ဘုန်းမောက်က ၄-၄-၂ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ထရေဗားစ်၊ ဆီနက်ဆီ၊ ကယ်လီ၊ အော့တာရာ၊ စမစ်သ်၊ ကွတ်ခ်၊ ကလွိုင်ဗက်၊ စကော့တ်၊ ဆီမီညို၊ ဆိုလန်ကီ၊ အူနဲလ် တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဘရိုက်တန် မှာတော့ ဒဏ်ရာရကစားသမားတွေ များပြားနေပေမယ့် အကောင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဗာဘရက်ဂျန်၊ အီဂေါ်၊ ဒန့်ခ်၊ အိုဖီယာ့၊ ဘာကို၊ ဂရော့စ်၊ ဂေးလ်မော၊ ပက်ဒရို၊ ဘူနန်နော့တီ၊ အဒင်ဂရာ၊ အိုမာဟိုနီတို့ ပါဝင်လာခဲ့ပါတယ်။
ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်ရင် ဘရိုက်တန်က ဘောလုံး ပိုင်ဆိုင်မှု တစ်ခုတည်းမှာ အပြတ်အသတ် အသာရခဲ့ပေမယ့် တကယ်တမ်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကိုတော့ ဘုန်းမောက်က ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဘုန်းမောက်က ဘရိုက်တန် ဘက်ကို ဂိုးပေါက်ကန်ချက် ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၆ ကြိမ် ဂိုးပေါက်တည့်ရာမှာ သွင်းဂိုး ၃ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက် နည်းပြ အိုင်ရာအိုလာရဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုတွေ မှန်ကန်ခဲ့တယ်လို့ ပြောလို့ ရပြီး ကစားသမားတွေကလည်း အခွင့်အရေး ရရင်ရသလို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက် အတွက် အဖွင့်ဂိုးကို နောက်ခံလူ ဆီနက်ဆီက ထောင့်ကန်ဘောက တဆင့် ခေါင်းတိုက် သွင်းခဲ့ပြီး ဒုတိယဂိုး ကလည်း အူနဲလ်ရဲ့ အပိုင် ခေါင်းတိုက်ချက် ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ တတိယဂိုး ကတော့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကနေ တဆင့် နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပြလာတဲ့ ကလွိုင်ဗက်က တစ်ကိုယ်တော် စွမ်းရည်နဲ့ ဆွဲပြေးပြီး အပြင်း ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်ရဲ့ အဓိက အမှားကတော့ High Pressing နဲ့ ကစားနေချိန်မှာ တစ်ဖက်အသင်းရဲ့ တန်ပြန် တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ Mid Block နဲ့ ကစားပြီး ဘရိုက်တန်ကို ဘောလုံးပေးကိုင်ရင်း လိုအပ်နေတဲ့ ဂိုးတွေကို အမိအရ ရယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘုန်းမောက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ အတွင်းကို ရောက်ရှိလာခဲ့ပြီး ဘရိုက်တန် ကတော့ အဆင့် ၁၂ နေရာအထိ ဆင်းသွားခဲ့ပါတယ်။ အိုင်ရာအိုလာရဲ့ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ရှုံးပွဲတွေ အောက်ကနေ နောက်ထပ် တဖန် ရုံးထွက်ပြခဲ့တာ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ သိသိသာသာ ခြေစွမ်းကျဆင်းသွားတဲ့ ဘရိုက်တန် ကတော့ ယူရိုပါလိဂ် ကနေ ထွက်ခွာလာရပြီးနောက် စိတ်ဓာတ်ပိုင်း ကျဆင်းသွားခြင်းနဲ့ အတူ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.