နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်အားဖြည့်တင်း ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့တဲ့ ဂျော့ရှ် ခရွန်ကီ | ပရီးမီးယားလိဂ်

အာဆင်နယ် အသင်း အနေနဲ့ နှစ် ၂၀ ကျော်ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ နောက်တစ်ရာ ထပ်မံလွဲချော်ခဲ့ပေမယ့် ရာသီသစ် အတွက် အင်အားဖြည့်တင်း ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းရဲ့ တွဲဖက် ဥက္ကဌ ဂျော့ရှ် ခရွန်ကီက ကလပ် အနေနဲ့ ရှေ့ဆက်ဖို့ အတွက် ဆက်လက် လုပ်ဆောင်နေကြောင်း ပရိသတ်တွေကို ကတိပြုခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ မီခဲလ် အာတေးတား လက်အောက်မှာ တစ်ရာသီထက် တစ်ရာသီ တိုးတက်မှုတွေ ရှိနေပြီး နောက်ဆုံး ၂ နှစ်မှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကလပ် ဖြစ်တဲ့ မန်စီးတီးကို အကောင်းဆုံး ယှဉ်ပြိုင်လာနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေ ဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မှာ သူတို့ အသင်း ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းနေတာ သိပေပမယ့် အကောင်းဆုံး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တွဲဖက် ဥက္ကဌ ဖြစ်တဲ့ ခရွန်ကီက ရာသီသစ် အတွက် စိတ်မပျက်စေရဖို့ ကတိပေးစကားတွေ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

 
မီခဲလ် အာတေးတားရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာ မန်စီးတီးကို နှစ်ရာသီဆက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်

မီခဲလ် အာတေးတားရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာ မန်စီးတီးကို နှစ်ရာသီဆက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ရမှတ် ၈၉ မှတ်နဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး တိုးတက်မှုတွေ ရှိနေကြောင်း သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၃/၀၄ ဘောလုံးရာသီမှာ ရမှတ် (၉၀) နဲ့ နောက်ဆုံး အကြိမ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားခဲ့တာပါ။

ကလပ် ဥက္ကဌ ခရွန်ကီ ကတော့ အာဆင်နယ် အသင်း လာမယ့် ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ အတွက် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ပေးဖို့ ရှိကြောင်း အစောပိုင်းမှာထဲက ကတိ ပြုထားခဲ့တာ ဖြစ်ပါတယ်။

ခရွန်ကီက “ကျွန်တော်တို့ တိုးတက်မှု အတွက် သေချာပေါက် ဂုဏ်ယူနေပါ။ ဒါပေမယ့် ဒီနေရာမှာပဲ ဆက်ရှိနေမှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံး ရှေ့ဆက်သွားဖို့၊ အမြဲတမ်း ရှေ့ဆက်နိုင်ဖို့ နောက်ကွယ်မှာ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်ချင်ပါတယ်။ အာဆင်နယ် သမိုင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်း အသစ် ရေးထိုးနိုင်ဖို့ အာရုံစိုက်ထားပါတယ်။

“ကျွန်တော်တို့ ဒီရာသီမှာ စံချိန် မှတ်တမ်းများစွာရခဲ့ပါတယ်။ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို အားလုံး နှစ်သက်ကြပြီး သူတို့ အနေနဲ့ ဒီအသင်းနဲ့ အတူတူ တိုက်ပွဲဝင်ဖို့ စာချုပ်သစ်တွေ ချုပ်ဆိုခဲ့ကြတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ကလပ်မှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ အနိုင်ရလိုတဲ့ စိတ်ဓာတ် ကိုလည်း ဆက်လက် ပုံဖော်ချင်ပါတယ်။”

အာဆင်နယ်ဟာ မကြာသေးခင်ကမှ ကစားသမား တော်တော်များများနဲ့ ချိတ်ဆက်နေပြီး ဖီနာဘာချီ ဘယ်နောက်ခံလူ ဖာဒီ ကာဒီယိုဂလူနဲ့ ဘိုလော့ဂ်နာ ကွင်းလယ်လူ ဂျော်ရွှာ ဇီယက်ဇီး တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်