နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘိုနီဖေ့စ်ကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး၊ ဘာနာဒို ဆေးလ်ဗား နေရာ အတွက် ကာမာဗင်ဂါနဲ့ အစားထိုးချင်နေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့နဲ့ အပြိုင် လေဗာကူဆင် တိုက်စစ်မှူး ဗစ်တာ ဘိုနီဖေ့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ချဲလ်ဆီးဟာ အသက် ၂၄ နှစ် အရွယ် နိုင်ဂျီးရီးယား တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းသွားဖို့လည်း ရှိနေကြောင်း သိရပါတယ်။

တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ခရစ္စတယ်ပဲလေ့စ်က ဂျင်းန် ဖီးလစ် မက်တေးတားကို အဓိက ပစ်မှတ် အဖြစ် ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ ဟွိုက်ဂျ်လန်း သို့မဟုတ် ဇီယက်ခ်ဇီးကို ရောင်းထုတ်ပြီးတော့ တိုက်စစ်မှူး တစ်ဦး အစားထိုး ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အစောပိုင်း ပစ်မှတ်ထဲမှာတော့ ဗစ်တာ ယိုကီးရက်စ်က ထိပ်ဆုံးက ပါဝင်နေပေမယ့် ခေါ်ယူဖို့ ခက်ခဲနိုင်တာကြောင့် မက်တေးတားကို ပြောင်းလဲ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ လာမယ့် နွေရာသီမှာ ဘာနာဒို ဆေးလ်ဗားရဲ့ နေရာကို ဆက်ခံဖို့ အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူချင်နေပါတယ်။
ဘာနာဒို ဆေးလ်ဗား နေရာမှာ ကာမာဗင်ဂါနဲ့ အစားထိုးချင်နေတဲ့ မန်စီးတီး

အာဆင်နယ်ရဲ့ အားကစား ဒါရိုက်တာသစ် ဖြစ်လာမယ့် အန်ဒရီယာ ဘာတာက အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အဓိက အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ်နေတဲ့ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာက အသင်း အတွက် နစ်နာမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေအရ လော်တာရို မာတီနက်ဇ် အတွက် သဘောတူညီမှု မရရှိခဲ့ပါက အာဆင်နယ်က ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ယူရို သန်း ၃၀ (ပေါင် ၂၅ သန်း) နဲ့ တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း TuttoJuve က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ အတ္တလန္တာရဲ့ ထိပ်တန် ကွင်းလယ်လူ အီဒါဆန်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ အီဒါဆန် ကတော့ အတ္တလန္တာ အတွက် ၁၂၉ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားသလို လက်ရှိမှာလည်း အသင်း အတွက် တောက်လျောက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကတော့ အက်တလက်တီကိုမက်ဒရစ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်း အတွက် ယူရို သန်း ၂၀ ကနေ ၂၅ သန်း အကြားနဲ့ အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ စီစဉ်နေကြောင်း စပိန် မီဒီယာတွေက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ လာမယ့် နွေရာသီမှာ ဘာနာဒို ဆေးလ်ဗားရဲ့ နေရာကို ဆက်ခံဖို့ အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူချင်နေပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ အဓိက ကွင်းလယ်လူ ရိုဒရီကို ACL ဒဏ်ရာကြောင့် ဆုံးရှုံးထားရသလို တခြားသော ကွင်းလယ်လူတွေ ကလည်း ခြေစွမ်းပိုင်းမှာ အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက လာမယ့် အပြောင်းအရွှေ့ မှာတော့ ကွင်းလယ်ပိုင်းကို အင်အား ပြန်လည် ဖြည့်တင်းဖို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်