နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမော်ရင် အနေနဲ့ ယူနိုက်တက်မှာ ကာလရှည်ကြာ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားတဲ့ ရက်ကလစ်ဖ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ လက်ရှိ နည်းပြ ရူဘင် အမော်ရင်ကို အသင်းမှာ ကာလရှည်ကြာ ဆက်ရှိမယ်လို့ ထင်မြင်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

အမော်ရင် ကတော့ ယူနိုက်တက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ကမှ စတင် ကိုင်တွယ်ခဲ့ပြီးတော့ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ စုစုပေါင်း ၂၆ ပွဲသာ ကိုင်တွယ်ထားရပါသေးတယ်။ အမော်ရင်က ယူနိုက်တက်ကို ၁၁ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၁၀ ပွဲ ရှုံး၊ အနိုင်ရာခိုင်နှုန်း ၄၂ ရာခိုင်နှုန်းသာ ရရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲရဖို့ များနေကြောင်းလည်း သတင်းတွေ ထွက်နေသူပါ။ ဒါပေမယ့်လည်း အသင်းရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်က အမော်ရင် အနေနဲ့ ယူနိုက်တက်မှာ ကာလရှည်ကြာ ဆက်ရှိဖို့ မျှော်လင့်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုလည်း ၃ နှစ် အတွင်း ရရှိနိုင်ကြောင်း သုံးသပ်လာခဲ့ပါတယ်။

BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တစ်ခုမှာ ဆာဂျင်မ် ရက်ကလစ်ဖ်က ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ များစွာကို ဖြေကြားခဲ့စဉ် အမော်ရင်နဲ့ ပတ်သတ်လို့လည်း အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရက်ကလစ်ဖ်က “သူက သူ့အလုပ်ကိုသူ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ သူက ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်ပြီး ဒီမှာ ကာလရှည်ကြာ ဆက်ရှိနေလိမ့်မယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ အမှားတွေ အများကြီး လုပ်ထားပါတယ်။ ဒါကြောင့် ပြီးပြည့်စုံမှု မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ကို ဆက်လက် ရွေ့လျားနေပါတယ်။ ၂၀၂၈ ခုနှစ်မှာ ကျွန်တော်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိနိုင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ စီမံကိန်း မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။

ဒါကြောင့် ရက်ကလစ်ဖ်တို့ အုပ်စုက အဲဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ယူနိုက်တက်

ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ယူနိုက်တက်ရဲ့ ရှယ်ယာဝေစု ၂၅ ရာခိုင်နှုန်းကို ဝယ်ယူကာ အသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာခဲ့သူပါ။ သူဟာ အသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်ပေမယ့် အသင်းရဲ့ ဘောလုံးရေးရာ ကိစ္စ အားလုံးကို စီမံ ဆောင်ရွက်ခွင့်ရှိထားသူလည်း ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လျက် ရှိနေပေမယ့် ငွေကြေး အကျိုးအမြတ် အပေါ် ရှေ့တန်း တင်နေတဲ့ အတွက် ဝေဖန် ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ယူနိုက်တက် ပရိသတ်တွေရဲ့ ဆန္ဒထုတ်ဖော်ြခင်း ကိုလည်း ခံနေရသူ ဖြစ်ပါတယ်။

ရက်ကလစ်ဖ်ရဲ့ လုပ်ဆောင်မှုတွေထဲမှာ ဝေဖန်အခံရဆုံး ကိစ္စတွေ ကတော့ ဆာ အဲလက်စ် ဖာဂူဆန် အပါအဝင် ဂန္တဝင်တွေရဲ့ အသင်း အတွက် အရေးပါတဲ့ အခန်း ကဏ္ဌတွေကို လျှော့ချတာ၊ ဝန်ထမ်းပေါင်း ရာနဲ့ချီပြီး အလုပ်ရပ်နားတာနဲ့ လက်ရှိ ဝန်ထမ်းတွေရဲ့ အကျွေးအမွေး ကိစ္စတွေ အတွက် အသုံးစားရိတ်တွေကို သိသိသာသာ လျှော့ချခဲ့တာတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက်ကလစ်ဖ်က ကွင်းသစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေခြင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ စီမံကိန်းချ လုပ်ဆောင်နေခြင်းတွေ အတွက်တော့ ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုတွေ ရရှိနေပါတယ်။

ရက်ကလစ်ဖ်ဟာ ယခင်က BBC နဲ ပြုလုပ်ခဲ့ အင်တာဗျူး မှာလည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ နှစ် အတွင်း ရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟခဲ့ဖူးပါသေးတယ်။ ယူနိုက်တက်ဟာ ၁၈၇၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်လို့ ၂၀၂၈ ခုနှစ်မှာ သက်တမ်း နှစ် ၁၅၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရက်ကလစ်ဖ်တို့ အုပ်စုက အဲဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်