ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှာတော့ လစ်ဗာပူးလ်က ပီအက်စ်ဂျီကို အဝေးကွင်းမှာ ဟာဗေး အဲလီယော့တ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လစ်ဗာပူးလ်က ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို တစ်ပွဲလုံး ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ ဒုတိယအကျော့ အတွက် အားသာချက် ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးက သူ့ အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ပထမအကျော့မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ထားခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ လစ်ဗာပူးလ်နဲ့ ဆတူ အခွင့်အရေး ရှိနေဆဲလို့ လက်ခံထားပါတယ်။ ပီအက်စ်ဂျီဟာ ပထမအကျော့ အိမ်ကွင်းမှာ လစ်ဗာပူးလ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဒုတိယအကျော့ကို ပိုပြီး အားစိုက်ဖို့ လိုအပ်နေတာပါ။
အန်နရီကေးက “လစ်ဗာပူးလ်နဲ့ ပွဲမှာ ပထမအကျော့တုန်းကလိုပဲ တိုက်စစ်ဖွင့် ကစားသွားမှာပါ။ လစ်ဗာပူးလ်ကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူတို့ဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းပါ။ ဒါပေမယ့် ကျွန်တော် တို့က လစ်ဗာပူးလ်ထက် မနိမ့်ပါဘူး။ ကွာတား တက်ဖို့က ၅၀-၅၀ ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ကျွန်တော်တို့ လစ်ဗာပူးလ်ပွဲ အတွက် ဖြစ်နိုင်ချေအရ အကောင်းဆုံး ပုံစံကို ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ရှုံးစရာ မရှိပါဘူး။ ကျွန်တော် တို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အောင်ပွဲ ဖြစ်ပြီး အဲဒီ မျှော်လင့်ချက်နဲ့ပဲ ကျွန်တော်တို့ သွားနေတာပါ။ ဘောလုံးက အံ့အားသင့်စရာတွေ ဖြစ်စေပါတယ်။ ပထမပွဲ အပြီးမှာ ကျွန်တော်တို့ ဝမ်းနည်း ကြေကွဲခဲ့ရတာတော့ အမှန်ပါပဲ၊ ဒါပေမယ့် ဂိမ်းကို ခွဲခြမ်း စိတ်ဖြာပြီး ခက်ခဲတဲ့ အသင်း ဖြစ်တဲ့ ရန်းစ် ကို အနိုင်ယူပြီးနောက်မှာတော့ ဒါဟာ ကျွန်တော် တို့ကို မျှော်လင့်ချက် ဖြစ်သွားစေပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်၊ ကျွန်တော် တို့မှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး၊ ဒါက ကျွန်တော် တို့ကို ပုံမှန်ထက် ပိုပြီး အန္တရာယ်များတဲ့ အသင်း ဖြစ်စေပါတယ်။” လို့ အန်နရီကေးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အန်နရီကေးက ပီအက်စ်ဂျီရဲ့ ဗျူဟာမြောက် ဘက်စုံ စွမ်းဆောင်နိုင်မှု အပေါ် ချီးကျူးခဲ့ပြီးတော့ အသင်းရဲ့ ကစားသမားတွေ ကိုလည်း ချီးကျူးသွားခဲ့ပါသေးတယ်။ အန်နရီကေးက “သူတို့ အားလုံး ကစားသည် ဖြစ်စေ မကစားသည် ဖြစ်စေ ပြိုင်ဆိုင်မှု ရှိကြပါတယ်။ အရာအားလုံး အတွက် တိုက်ပွဲဝင်လိုကြတဲ့ ကျွန်တော့် ကစားသမားတွေရဲ့ စိတ်ဓာတ်ကို အလေးပေးရမှာ ဖြစ်ပြီးတော့ သူတို့ကို နည်းပြ ရတဲ့ အတွက်လည်း ကျွန်တော် ဝမ်းသာမိပါတယ်။ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ရဲ့ အားသာချက်က အခန်းကဏ္ဍ တစ်ခုတည်း မှာသာ ရှိနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်တွေကို ဖိအားပေးတဲ့ နေရာ မှာလည်း ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်၊ အသင်းမှာ ရှိနေတဲ့ ဟန်ချက် ကိုလည်း သဘောကျပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဒီရာသီ လီဂူးဝမ်းမှာ သွင်းဂိုး ၇၀ သွင်းယူထားနိုင်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ၂၅ ပွဲ ကစားပြီးချိန်မှာ စံချိန်တင်နိုင်ခဲ့တဲ့ ၉ သင်းမြောက် အသင်းလည်း ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒီလို စံချိန်ကို ၂ ကြိမ်ထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ကလပ် ဖြစ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ (၇၆ ဂိုး) ၂၀၁၈-၂၀၁၉ (၇၇ ဂိုး) တို့မှာ စွန်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ လာမယ့် အင်္ဂါနေ့မှာ လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားပြီးရင်တော့ လာမယ့် တစ်ပတ် မှာတော့ လီဂူးဝမ်း ပွဲစဉ် အဖြစ် မာဆေးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.