ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာတော့ ချဲလ်ဆီးက ချန်ပီယံ လစ်ဗာပူးလ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၃-၁ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ခြင်္သေ့ပြာတွေဟာ ကြိုးကြာနီတွေကို ၄ နှစ် အတွင်း ပြိုင်ပွဲစုံ ၁၀ ပွဲဆက် အနိုင်မရခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ ၃ မှတ် ကိုလည်း အရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး အတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တာနဲ့ အညီ လူစုံထုတ်ပြီး လစ်ဗာပူးလ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ မာ့ခ် အယ်လစ္စတာ၊ ဆိုဘို့ဇ်လိုင်း တို့ကို အနားပေးခဲ့ပြီး ချဲလ်ဆီးကို ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်သွားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံ ဖြစ်ပြီးတာကြောင့် ဒီပွဲကို သိပ်ပြီး အားမစိုက်ခဲ့ဘူး ဆိုတာ သိသာပါတယ်။ ချဲလ်ဆီး ကတော့ လစ်ဗာပူးလ်ကို ဘောလုံး ပိုင်ဆိုင်မှု အသာမရခဲ့သည့် တိုင်အောင် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အန်ဇို ဖာနန်ဒက်စ်၊ နီတို၊ ပါးလ်မား တို့ရဲ့ Link up play တွေ ကောင်းမွန်ခဲ့ပြီး လစ်ဗာပူးလ် နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲချိန် ၂ မိနစ် မှာတင်ပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီးတော့ တောင်ပံက နီတိုရဲ့ ဖန်တီးပေးပို့မှုကို အန်ဇိုက တစ်ချက်ထိန်းပြီး အမှားအယွင်း မရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ချဲလ်ဆီးက လစ်ဗာပူးလ်ကို တောက်လျောက် ဖိကစားပြီး ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ လစ်ဗာပူးလ် နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ ကြားက ကွမ်ဆာက ကို့ယ်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပြီး ဒီဂိုးကြောင့်ပဲ ချဲလ်ဆီးတို့ စိတ်ဓာတ်ပို တက်သွားခဲ့ပါတယ်။ ၈၅ မိနစ်မှာ ဗာဂျယ် ဗန်ဒိုက်ခ်က သူ့ရဲ့ ပုံစံ အတိုင်း ထောင့်ကန်ဘောကနေ တဆင့် ခေါင်းတိုက်ပြီး ချေပဂိုး ရယူပေးခဲ့ပေမယ့် နာကျင် အချိန်ပို မှာတော့ ချဲလ်ဆီးတို့ ပင်နယ်တီ ရခဲ့ပါတယ်။ ဒီပင်နယ်တီ ကိုတော့ ပါးလ်မားက အဆုံးသတ်ပေးခဲ့ပြီး ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးခဲ့တာကြောင့် အခုပွဲ ရလဒ်က သူတို့ အတွက် သက်ရောက်မှု လုံးဝ မရှိခဲ့ပါဘူး။ ချဲလ်ဆီး အတွက် ကတော့ သူတို့ Guard of Honor လုပ်ခဲ့ရတဲ့ ပြိုင်ဘက်ကို ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဂုဏ်သိက္ခာအရ လှပတဲ့ နိုင်ပွဲ ဖြစ်ခဲ့သလို တစ်ဖက် မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးကြီးနေတဲ့ အချိန်မှာ ဒီပွဲ အနိုင် ၃ မှတ်က အဖိုးတန်ခဲ့ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီးက ရမှတ် ၆၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၂ နေရာက အာဆင်နယ်နဲ့ ၄ မှတ်၊ အဆင့် ၃ နေရာက မန်စီးတီးနဲ့ ၁ မှတ်၊ အဆင့် ၄ နေရာက နယူးကာဆယ် နဲ့တော့ ရမှတ်တူသွားခဲ့ပြီ ဖြစ်ပါတယ်။ အန်ဇို မာရက်စ်ကာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး ယူရိုပါကွန့်ဖရင့်လိဂ် မှာလည်း ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ချဲလ်ဆီး အနေနဲ့ ကွန့်ဖရင့်လိဂ်မှာ ချန်ပီယံ ဖြစ်ပြီး တစ်ဖက်မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ပါ အရယူနိုင်မယ် ဆိုရင်တော့ နည်းပြသစ် မာရက်စ်ကာ အတွက်လည်း ဂုဏ်ထူး မထွက်ရင်တောင် မဆိုးလှတဲ့ ရာသီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.