နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆုဖလား ကျိန်စာဆိုး အောက်ကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်တဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာတော့ လေဗာကူဆင်က ဖရိုင်းဘက်ကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဘေယန်မြူးနစ် အနေနဲ့ လက်ကျန် ပွဲစဉ် ၂ ပွဲ အလိုမှာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှာ ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘေယန်မြူးနစ် အနေနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၂ အပြီးမှာ ရမှတ် ၇၆ မှတ် ရရှိထားပြီး ၆၈ မှတ် ရခဲ့တဲ့ လေဗာကူဆင်ကို ၈ မှတ် အထိ ဖြတ်နိုင်ခဲ့တာကြောင့် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၃၄ ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပြီး လာမယ့် အပတ် အိမ်ကွင်း အလိုင်းရန့်ဇ် အရီနာမှာ ဆုဖလား လက်ခံရယူမှာပါ။

တကယ်တော့ ဘေယန်မြူးနစ် ဘွန်ဒက်စ်လီဂါ မှာ ချန်ပီယံ ပြန်ဖြစ်တာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပြိုင်ဘက်ကောင်း ရှားတဲ့ ဒီလိဂ်မှာ ဘေယန်မြူးနစ်ကို ယှဉ်နိုင်တဲ့ အသင်း ဆိုလို့ လေဗာကူဆင်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း လေဗာကူဆင်က တစ်ရာသီကောင်းပဲ ဖြစ်ခဲ့ပြီး အလွန်ဆိုတို့ အုပ်စုဟာ ဘေယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါ မှာရော ချန်ပီယံလိဂ် မှာပါ အသာမရခဲ့ပါဘူး။ တခြားသော အသင်းတွေ ဖြစ်တဲ့ ဒေါ့မန်နဲ့ လိုက်ပ်ဇစ် ကလည်း ဒီနှစ်မှာ တော်တော်လေး ယိုင်နဲ့ သွားပြီး ဒီအခြေအနေ ကလည်း ဘေယန်မြူးနစ်ကို ၁၃ ရာသီ အတွင်း ၁၂ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်စေခဲ့တာပါ။

ဘေယန်မြူးနစ်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ၃၂ ပွဲ ကစားပြီးချိန် အထိ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ပြီး ဘိုချမ်နဲ့ မိန့်ဇ် ကိုပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ၃၂ ပွဲ ကစားပြီးချိန် အထိ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ပြီး ဘိုချမ်နဲ့ မိန့်ဇ် ကိုပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ လေဗာကူဆင် ကလည်း ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ပေမယ့် သရေပွဲ ကတော့ ၁၁ ပွဲ အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် တကျော့ပြန် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်က လေဗာကူဆင်ကို ၈ မှတ် ဖြတ်ပြီး လက်ကျန် ၂ ပွဲမှာ ဂလာဘတ်နဲ့ ဟော့ဖန်ဟိမ်းကို မနိုင်ခဲ့ရင်တောင် ချန်ပီယံ အဖြစ် အောင်ပွဲခံသွားနိုင်ပြီ ဖြစ်ပါတယ်။

တကယ်တော့ ဘေယန်မြူးနစ် ချန်ပီယံ ဖြစ်ခဲ့တာထက် တိုက်စစ်မှူး ဟယ်ရီကိန်း တစ်ယောက် ဆုဖလား ကျိန်စာဆိုးတွေ ကနေ လွန်မြောက်နိုင်ခဲ့တာကမှ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ကိန်း အနေနဲ့ စပါး ကနေ ထွက်လာပြီးနောက် ချက်ချင်း တန်းရမယ် ထင်ခဲ့တဲ့ ဖလားကို လွဲချော်ခဲ့တယ်။ တစ်ပွဲတည်းကန်ရပြီး ဖလား ကိုင်ရမယ့် အခွင့်အရေးနဲ့လည်း လွဲခဲ့တယ်။ ကလပ် အသင်းနဲ့ ဖလား လွဲတာ အားမရတဲ့ ကိန်း တစ်ယောက် အင်္ဂလန်နဲ့ ယူရို ဗိုလ်လုပွဲမှာ ဖလား ထပ်လွဲပြန်ပါတယ်။ ကိန်း တစ်ယောက် ဘယ်လောက်အထိ ဖလား လိုချင်သလဲ ဆိုတာ ဘေယန်တို့ လိုက်ပ်ဇစ်ကို ၃-၃ နဲ့ သရေကျခဲ့တဲ့ ပွဲကို ကြည့်တာနဲ့ မြင်နိုင်ပါတယ်။ သူ့ခမျာ အားမလို အားမရ ဖြစ်နေခဲ့တာ တွေ့ရပြီး အခုတော့ လေဗာကူဆင်ရဲ့ သရေပွဲက သူ့ကို ဆုဖလား ရဖို့ သေချာစေခဲ့ပါပြီ။ တကယ်တော့ ကိန်းဟာ တစ်ရာသီကို အောက်ထစ် ဂိုး ၂၀ ကျော် သွင်းနေတဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးပါ။ သူဟာ စပါး အတွက် ၁၀ စုနှစ် တစ်ခုကျော် အကြာ သွင်းဂိုးတွေနဲ့ အကျိုးပြုခဲ့သလို ဘေယန်မြူးနစ် အတွက်လည်း နှစ်ရာသီ အတွင်း ၈၉ ပွဲ ကစားပြီး ဂိုး ၈၀ သွင်းယူကာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေဆဲ ကစားသမား ဖြစ်ပါတယ်။ ဒီလို ကစားသမား တစ်ယောက် အတွက် ဆုဖလား ရသင့်နေတာ ကြာပါပြီ။ အခုတော့ ဟယ်ရီကိန်းဟာ သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ ဆုဖလား Emoji လေး တင်ပြီး အောင်ပွဲခံနိုင်ခဲ့ပါပြီ။ Emoji လေး တစ်ခုပေမယ့် သူ့အတွက်ရော၊ သူ့ရဲ့ ပရိသတ်တွေ အတွက်ရော ဘယ်လောက်အထိ အဓိပ္ပာယ် ရှိမလဲ ဆိုတာ ပြောစရာတောင် မလိုပါဘူး။ ဂုဏ်ယူပါတယ် ဟယ်ရီကိန်းရေ…။ ခင်ဗျား အတွက် ထိုက်တန်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်