နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီဘရွန်းနားရဲ့ နေရာမှာ ဂစ်ဘ်ဝှိုက်နဲ့ အစားထိုးမယ့် မန်စီးတီး၊ ဆာမူ အက်ဂ်ဟီဟိုဝါ ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ ဗီလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ကီဗင် ဒီဘရွန်းနားရဲ့ နေရာ အတွက် မော်ဂန် ဂစ်ဘ်ဝှိုက်နဲ့ ကာလရှည် အစားထိုးသွားချင်နေကြောင်း သိရပါတယ်။ ဒါကြောင့် မန်စီးတီးက နော့တင်ဟမ်ဖောရက်စ်ရဲ့ အင်္ဂလန် ကွင်းလယ်လူကို အရ ခေါ်ယူဖို့ အရှိန်မြှင့် လုပ်ဆောင်လျက် ရှိကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ အသက် ၂၅ နှစ် အရွယ် ဒီကစားသမား ကတော့ ကွင်းလယ် တိုက်စစ်၊ ဗဟို ကွင်းလယ်နဲ့ ညာတောင်ပံ တို့မှာ ကစားနိုင်သူ ဖြစ်ပြီး ဖောရက်စ် အတွက် ၁၁၄ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူပေးထားပါတယ်။

တချို့ သတင်းတွေ မှာလည်း ပပ် ဂွာဒီယိုလာရဲ့ အသင်းက တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ဒီဘရွန်းနား နေရာမှာ ဆက်ခံဖို့ အလားအလာ ရှိတဲ့သူ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အကယ်၍ မန်စီးတီးသာ မက်ဒီဆင်ကို ခေါ်ယူချင်ရင်တော့ ယူရို ၆၅ သန်း (ပေါင် ၅၅.၄ သန်း) သုံးစွဲဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို ယူရို သန်း ၆၀ (ပေါင် ၅၁.၁ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ကိုတော့ ယူနိုက်တက်၊ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ နယူးကာဆယ် တို့ကလည်း ခေါ်ယူချင်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ပေါ်တို တိုက်စစ်မှူး ဆာမူ အက်ဂ်ဟီဟိုဝါ ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဆာမူ အက်ဂ်ဟီဟိုဝါ

အာဆင်နယ် ကတော့ စပို့တင်းလစ္စဘွန်း စူပါစတား ဗစ်တာ ယိုကီးရက်စ်ကို တရားဝင် ကမ်းလှမ်းခဲ့တဲ့ ပထမဦးဆုံး အသင်း ဖြစ်လာပါတယ်။ ဂန်းနားတွေဟာ ဆွီဒင် ဂိုးသွင်းစက်ကို ယူရို သန်း ၆၀ (ပေါင် ၅၁.၁ သန်း) နဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် ပေါ်တူဂီ ထိပ်သီး ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၁၀၀ နဲ့ နီးစပ်တဲ့ ပမာဏနဲ့ ကမ်းလှမ်းမှု ရရှိဖို့ စောင့်ဆိုင်းနေတယ်လို့ El Nacional က ဖော်ပြပါတယ်။

မေဂျာလိဂ် ထိပ်တန်း ကလပ် ဖြစ်တဲ့ နယူးယောက် ရက်ဘူးလ် ကတော့ ဒီရာသီမှာ လက်စတာစီးတီး ကနေ ထွက်ခွာမယ့် အင်္ဂလန် တိုက်စစ်မှူး ဂျေမီ ဗာဒီကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဗာဒီ ကတော့ လက်စတာစီးတီး အတွက် ၁၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၄၉၈ ပွဲ ကစားပြီး ၁၉၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ချန်ပီယံရှစ် ကလပ် ဝက်စ်ဘရွန်း ကတော့ တော့တင်ဟမ်ဟော့စပါး နည်းပြ ရွိုင်ယန် မေဆန်ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေကြောင်း The Sun က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ လက်စတာစီးတီးရဲ့ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတဲ့ ကြယ်ပွင့်လေး ဂျိတ်ခ် အီဗန့်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလျက် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ပေါ်တို တိုက်စစ်မှူး ဆာမူ အက်ဂ်ဟီဟိုဝါ ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ ဒီစပိန်သားလေး ကိုတော့ ချဲလ်ဆီးနဲ့ အာဆင်နယ် တို့ကလည်း စိတ်ဝင်စားနေကြောင်း The Mirror က ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်