နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူဖို့ တိုက်ပွဲဝင်ရမယ်လို့ ပြောကြားလိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ တိုက်ပွဲဝင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဟာလန်းက နော်ဝေ နိုင်ငံရဲ့ နေ့ထူးနေ့မြတ်မှာ အက်ဖ်အေဖလား ရခဲ့မယ်ဆိုရင် အများကြီး အဓိပ္ပာယ် ရှိသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

ဟာလန်းက ဒီရာသီမှာ သူတို့ အသင်းရဲ့ ဆိုးရွားတဲ့ ရာသီ ဖြစ်နေပြီး လာမယ့် ရာသီမှာ ကစားသမားတွေ အနေနဲ့ ဆုဖလား အောင်မြင်မှုတွေ အတွက် ဆာလောင်စိတ် ရှိကြဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းက “နှစ်တိုင်းတော့ အောင်မြင်မှု မရနိုင်ပါဘူး။ ဒါပေမယ့် လာမယ့် ရာသီမှာ ကျွန်တော် တိုရဲ့ ရင်ထဲ အသည်းထဲက ဆာလောင်မှု ရှိနေဖို့ လိုအပ်ပါတယ်။ ရာသီ ပြီးဆုံးသွားတာနဲ့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထား ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဟာလန်းက “နော်ဝေ နိုင်ငံရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ မေလ ၁၇ ရက်နေ့မှာ ဖလားရခဲ့မယ် ဆိုရင် ကျွန်တော့် အတွက် အများကြီး အဓိပ္ပာယ် ရှိသွားမှာပါ။ ဒါကြောင့် ဒီအောင်မြင်မှုကို ရရှိနိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနဲ့ အသင်းကို ကူညီပေးဖို့ ကျွန်တော် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ၄ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ စံချိန်တင် ဗိုလ်စွဲခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို လျှော့တွက်လို့ မရကြောင်း ပြောလာတဲ့ ဟာလန်း

ဟာလန်းရဲ့ မန်စီးတီး ကတော့ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရသလို တခြားသော ပြည်တွင်း ပြိုင်ပွဲ ဖြစ်တဲ့ ခရာဘောင်ဖလားနဲ့ ဥရောပ ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် မှာလည်း စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ မန်စီးတီး အတွက် ဒီရာသီ ဖလား လက်မဲ့ မဖြစ်ရေး အတွက် အက်ဖ်အေဖလား ကသာ တစ်ခုတည်း သော ဖလား မျှော်လင့်ချက် အဖြစ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ၄ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ စံချိန်တင် ဗိုလ်စွဲခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။ မန်စီးတီးဟာ ဒီကနေ့ ညမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ မေလ ၁၇ ရက်နေ့ ကတော့ နော်ဝေ နိုင်ငံရဲ့ ဖွဲစည်းပုံ အခြေခံ ဥပဒေနေ့ ဖြစ်ပြီးတော့ ၁၈၁၄ ခုနှစ်မှာ သူတို့ရဲ့ နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ခြင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ အမျိုးသား အားလပ်ရက် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဟာလန်း ကတော့ ဒီရက်မှာ မန်ချက်စတာစီးတီးနဲ့ အတူ အက်ဖ်အေဖလား ကိုင်မြှောက်နိုင်ဖို့ အတွက် အားခဲထားတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဗိုလ်လုပွဲမှာ သူတို့ အတွက် ထိပ်တိုက် တွေ့ဆုံမှုတိုင်းနီးပါး အသာရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံနေလို့ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ်ဟာ ဒီနှစ်မှာ နည်းပြ အိုလီဗာ ဂလက်စ်နာနဲ့ အတူ မထင်မှတ်တာတွေ လုပ်ပြနေလို့ မန်စီးတီး အတွက် ပေါ့လျော့လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့လည်း ဟာလန်းက “ပဲလေ့စ်က ရင်ဆိုင် ကစားဖို့ တကယ့်ကို ခက်ခဲတဲ့ အသင်း ဖြစ်ပါတယ်။ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကျွန်တော်တို့ သရေပဲ ကစားနိုင်ခဲ့တယ်။ အီတီဟတ် မှာလည်း ကျွန်တော်တို့ နိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံက ကောင်းခဲ့ပါတယ်။ သူတို့က အရည်အသွေး ရှိတဲ့ ကစားသမားတွေနဲ့ ဖွဲစည်းထားတဲ့ အံ့မခန်း အသင်း တစ်သင်းပါ။” လို့ ပြောကြားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်