နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သောမက်စ် ဖရန့်ခ်ကြောင့် အမ်ဘူမိုကို ခေါ်ယူဖို့ အခြေအနေကောင်းလာတဲ့ စပါး | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ သောမက်စ် ဖရန့်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမို ကိုပါ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေကြောင်း BBC Sport က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် စပါးက အမ်ဘူမိုကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းတွေမှာလည်း ဖော်ပြလျက် ရှိနေပါတယ်။

စပါးဟာ ပြီးခဲ့တဲ့ ရက်က ဘရန့်ဖို့ဒ် နည်းပြဟောင်း သောမတ်စ် ဖရန့်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဒီလို ခန့်အပ်ပြီးနောက် အသက် ၂၅ နှစ် ကင်မရွန်း လက်ရွေးစင် တိုက်စစ် ကစားသမား အမ်ဘူမိုဟာ စပါးနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အမ်ဘူမိုဟာ ဘရန့်ဖို့ဒ် မှာတုန်းက သောမက်စ် ဖရန့်ခ်ရဲ့ နည်းစနစ်ပိုင်း အတွက် အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့သူပါ။ သူဟာ အခုလ အစောပိုင်းမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပေမယ့် Sky Sports ရဲ့ ဖော်ပြချက်အရ သောမက်စ် ဖရန့်ခ် မြောက်လန်ဒန် ကလပ်ကို ရောက်ရှိလာပြီးနောက်မှာ စပါး ဘက်က ခေါ်ယူဖို့ အလေးအနက်ထား ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ အဓိက ကတော့ အမ်ဘူမိုက နည်းပြဟောင်း သောမက်စ် ဖရန့်ခ်နဲ့ အတူ ပြန်လည် လက်တွဲဖို့ စိတ်အားထက်နေသန်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် အမ်ဘူမိုကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက် အတွက်တော့ စိတ်ပျက်စရာ သတင်း ဖြစ်ခဲ့ပြီး တစ်ဖက်မှာလည်း ဗစ်တာ ယိုကီးရက်စ် ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ မားသီးယက်စ် ကူညာကို ခေါ်ယူပြီးနောက် အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် အတွက် တခြားသော ပစ်မှတ်တွေကို ထပ်မံ ကြိုးပမ်းရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ကင်မရွန်းသားဟာ ၂၀၁၉ ခုနှစ်မှာ လီဂူး ၂ ကလပ် ထရွိုင်စ် ကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၂၄၂ ပွဲ ကစားကာ ဂိုး ၇၀ သွင်းယူထားခဲ့ပါတယ်။
အမ်ဘူမိုရဲ့ အပြောင်းအရွှေ့ အတွက် အဓိက ကျလာဖို့ ရှိနေတဲ့ သောမက်စ် ဖရန့်ခ်

ပြင်သစ်ဖွား ကင်မရွန်း လက်ရွေးစင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။ အမ်ဘူမိုကို အခုလအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်က ပေါင် ၄၅ သန်း+ အပိုဆုကြေး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို သိရပါတယ်။ ဒါပေမယ့်လည်း ဘရန့်ဖိုဒ်က ပြောင်းရွှေ့ကြေး အပို အလိုရှိခဲ့တာကြောင့် နှစ်ဖက် အသင်းကြား သဘောတူညီမှု မရရှိခဲ့ပါဘူး။ လက်ရှိမှာ ဘရန့်ဖိုဒ် ဘက်ကတော့ သူတို့ရဲ့ တိုက်စစ် ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ ဝန်းကျင် သတ်မှတ်ထားပြီး စပါး အပြင် ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်း တချို့ကလည်း စောင့်ကြည့်နေပါသေးတယ်။

အမ်ဘူမိုရဲ့ စာချုပ်မှာ လျော်ကြေး မပါပေမယ့် တစ်နှစ် သက်တမ်း ကျန်ရှိနေပြီးတော့ တစ်နှစ် သက်တမ်း တိုးခွင့်လည်း ရှိနေပါတယ်။ ကင်မရွန်းသားဟာ ၂၀၁၉ ခုနှစ်မှာ လီဂူး ၂ ကလပ် ထရွိုင်စ် ကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၂၄၂ ပွဲ ကစားကာ ဂိုး ၇၀ သွင်းယူထားခဲ့ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ စပါးရဲ့ နည်းစနစ်ဒါရိုက်တာ ယိုဟန် လန်းဟာ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ လန်းနဲ့ နည်းပြ သောမက်စ် ဖရန့်ခ် တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် အမ်ဘူမိုကို ခေါ်ယူဖို့ အတွက် အသားချက် ဖြစ်လာနိုင်ပါတယ်။ စပါးဟာ ဒီနွေရာသီမှာ တောင်ပံ တိုက်စစ် နေရာကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီးတော့ အမ်ဘူမို အပြင် ဘုန်းမောက်ရဲ့ တိုက်စစ်မှူး ဆီမီညို ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်