နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြန်အလှန် သွင်းဂိုးတွေနဲ့ ရီးရဲလ်မက်ဒရစ် ဘက်မှာပဲ ရပ်တည်ထားရမယ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ရီးရဲလ်မက်ဒရစ် – အဲလ်ဟီလာ

ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု H ရဲ့ အဖွင့်ပွဲစဉ် အဖြစ် ရီးရဲလ်မက်ဒရစ်က ဆော်ဒီပရိုလိဂ် ထိပ်သီး အဲလ်ဟီလာနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး ကလပ် ရီးရဲလ်မက်ဒရစ်တို့ ကစားသမား အင်အား တောင့်တင်းတဲ့ အဲလ်ဟီလာကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖလား လက်မဲ့ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ဒီပြိုင်ပွဲမှာ နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ အတူ ချန်ပီယံ ဖြစ်ဖို့ အားခဲနေတဲ့ အသင်းပါ။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာ ချန်ပီယံ ၅ ကြိမ် အထိ ဖြစ်ထားတဲ့ ရီးရဲလ်မက်ဒရစ်က ဒီတစ်ကြိမ်မှာလည်း ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပါတယ်။ တစ်ခု ရှိတာက ပြိုင်ပွဲဝင် အသင်း အရေအတွက် တိုးလာသလို အဆင့်လည်း ပိုများလာလို့ မက်ဒရစ်တို့ အရင်လို ဒီပြိုင်ပွဲမှာ ဗိုလ်ကျနိုင်ဖို့ မသေချာတော့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ ဒီပြိုင်ပွဲ အတွက် အလကားရမယ့် ထရန့် အလက်ဇန္တား အာနိုးလ် ကိုတောင် ပေါင် ၈.၃ သန်း ပေးပြီးတောင် ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒါ့အပြင် ခံစစ် အတွက် ဒင်းန် ဟောက်ဆန်လည်း ရောက်ရှိနေပြီး အလွန်ဆို အနေနဲ့ ဘယ်လို အခင်းအကျင်းမျိုးနဲ့ ပွဲထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

အဲလ်ဟီလာ ကတော့ ၂၀၂၂ ခုနှစ် မော်ရိုကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယရခဲ့ပြီး ဒီပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေထဲမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ တစ်သင်းတည်းသော ကလပ်လည်း ဖြစ်ပါတယ်။ အာရှထိပ်သီး ကလပ်ဟာ နည်းပြ အဖြစ် ဆီမြွန်နီ အင်ဇာဂီကို ဂျော့ဂျ် ဂျီးဆပ် နေရာမှာ အစားထိုး ခန့်အပ်ထားပြီး ဘွန်နူ၊ ကူလီဘလီ၊ ကန်ဆယ်လို၊ ရူဘင် နီးဗက်စ်၊ မီထရိုဗစ်၊ ဆာ့ဂျ် မီလန်ကိုဗစ် ဆာဗစ်၊ အဲလ်ဒေါဆာရီ၊ မဲလ်ကွန် တို့လို ကစားသမားတွေနဲ့ တောင့်တင်းတဲ့ အစုအဖွဲ့ကို ပိုင်ဆိုင်ထားတာကြောင့် အုပ်စုတွင်းမှာ ဘယ်အသင်း ကိုမှ ရှိန်နေမှာ မဟုတ်ပါဘူး။   

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ရီးရဲလ်မက်ဒရစ်မှာ ရူဒီဂါ၊ ကာဗာဟယ်၊ အလာဘာ၊ မီလီတာအို၊ ကာမာဗင်ဂါ၊ အန်းဒရစ်ခ်၊ မန်ဒီတို့ လွဲချော်ဖို့ ရှိပြီး အဲလ်ဟီလာ ဘက်မှာတော့ ဒဏ်ရာရ ကစားသမား ကင်းရှင်းနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အဲလ်ဟီလာ ကတော့ ၂၀၂၂ ခုနှစ် မော်ရိုကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယရခဲ့ပြီးတော့ ဒီပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့ဖူးတဲ့ အဲလ်ဟီလာ

ရီးရဲလ်မက်ဒရစ် – ကော့တွာစ်၊ အာနိုးလ်၊ အဆန်စီယို၊ ဟောက်ဆန်၊ ဂါစီယာ၊ ဗယ်လ်ဗာဒီ၊ ချူအာမန်နီ၊ ဘယ်လင်ဟမ်၊ အာဒါ ဂူလာ၊ အမ်ဘာပေး၊ ဗင်နီးစီးယပ်စ် ဂျူနီယာ

အဲလ်ဟီလာ – ဘိုနို၊ အဲလ်ဒေါ်ဆာရီ၊ ကူလီဘလီ၊ အဲလ်ဘူလာဟီ၊ ကန်ဆယ်လို၊ နီးဗက်စ်၊ မီလန်ကိုဗစ် ဆာဗစ်၊ လိုဒီ၊ မဲလ်ကွန်၊ မားကို့စ် လီယိုနာဒို၊ မီထရိုဗစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၀၂၂ မော်ရိုကို ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီးတော့ ရီးရဲလ်မက်ဒရစ်က ၅-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ အဲဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ဂိုးပြတ် နိုင်ခဲ့တယ် ဆိုပေမယ့် မထင်မှတ်ပဲ ဂိုးတွေလည်း ပြန်ပေးခဲ့ရပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် အဲလ်ဟီလာက သူတို့နဲ့ ဘောလုံး အဆင့်အတန်း ကွာဟနေတဲ့ ရီးရဲလ်မက်ဒရစ်ကို လုံးဝ မကြောင်းဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင် ရီးရဲလ်မက်ဒရစ်က ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး အဲလ်ဟီလာ ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၁.၂၈ ဆ၊ အဲလ်ဟီလာ နိုင်ရင်တော့ ၇.၁၀ ဆ၊ သရေ ဆိုရင်တော့ ၅.၄၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ရီးရဲလ်မက်ဒရစ်က တစ်လုံး အရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ဂိုးပေါ်မယ့် ကြေးမျိုး ဖွင့်လှစ်ထားပါတယ်။ ဒီနှစ်သင်းက တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး အပြန်အလှန် သွင်းဂိုးတွေလည်း များခဲ့ပါတယ်။ အလွန်ဆို လက်ထက်မှာ ရီးရဲလ်မက်ဒရစ်ကို ပုံစံသစ်ကို မြင်တွေ့ရဖို့ ရှိနေပြီး ခြေစွမ်းပိုင်း ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိပြီး ရီးရဲလ်မက်ဒရစ်တို့ ကပ်နိုင်သွားဖို့ ရှိပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်