နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားလာတဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်က ဒီရက်ပိုင်း အတွင်းမှာ မထင်မှတ်ပဲ စိတ်ဝင်စားလာခဲ့ကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ အနာဂတ် ပျောက်ဆုံးနေပြီးတော့ ထိပ်တန်း ကလပ် တစ်ခုခုကို ပြောင်းရွှေ့ဖို့ စီစဉ်နေသူ ဖြစ်ပါတယ်။ အကယ်၍ အခု အပြောင်းအရွှေ့သာ အမှန်တကယ် ဖြစ်လာခဲ့မယ် ဆိုရင်တော့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းဖော် ဟယ်ရီကိန်းနဲ့ တွဲဖက် ကစားရတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ဟာ ရက်ရှ်ဖို့ဒ်ကို ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကတည်းက အရန် လူစာရင်းမှာတောင် မထည့်ထားတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်သားက အက်စတွန်ဗီလာကို အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာ မှာတော့ ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူကာ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ ရာသီကုန်ပိုင်း မှာတော့ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ကို နည်းပြ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက အပြီးသတ် မဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်း ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီး ဘယ်အသင်းကို ရောက်ရှိမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် သတင်းဌာနတွေ ကတော့ ရက်ရှ်ဖို့ဒ်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်က ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဖော်ပြနေကြပါတယ်။ ဘေယန်မြူးနစ်ဟာ အသင်း ကနေ ဆာနေး ထွက်ခွာသွားပြီး နောက်ပိုင်း တောင်ပံ ကစားသမား တစ်ဦး ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး လစ်ဗာပူးလ်က ကိုလံဘီယာ လက်ရွေးစင် လူးဝစ္စ ဒီးယက်ဇ် ကိုလည်း ချိတ်ဆက်ထားပါတယ်။

အကယ်၍ ဘာစီလိုနာ ကသာ ကမ်းလှမ်းမှု ပြုလုပ်လာမယ် ဆိုရင်တော့ ရက်ရှ်ဖို့ဒ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်ကို ငြင်းဆိုသွားဖွယ်တော့ ရှိနေပါတယ်။
ရက်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လိုချင်နေတဲ့ ယူနိုက်တက်

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုယ်တိုင် ကလည်း အင်္ဂလန် ပြင်ပ ကလပ်တွေ မှာသာ ပိုမို ကစားချင်နေပြီး သူ အဓိက ပြောင်းရွှေ့ချင်နေတဲ့ ကလပ် ကတော့ ဘာစီလိုနာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဘက်ကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူချင်ပေမယ့်လည်း အပြောင်းအရွှေ့ နှောင်းပိုင်း အထိ စောင့်ဆိုင်းဖို့ ပြောဆိုထားပြီး လက်ရှိ အချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးကြောင်း သိရပါတယ်။ အကယ်၍ ဘာစီလိုနာ ကသာ ကမ်းလှမ်းမှု ပြုလုပ်လာမယ် ဆိုရင်တော့ ရက်ရှ်ဖို့ဒ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်ကို ငြင်းဆိုသွားဖွယ်တော့ ရှိနေပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ ဆိုရင် အသက် ၂၇ နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမားဟာ လာလီဂါ ချန်ပီယံတွေဆီ ပြောင်းရွှေ့နိုင်ဖို့ အတွက် လစာလျှော့ယူဖို့ အထိပါ သဘောတူညီထားကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေမျိုးစုံ ထွက်ပေါ်နေချိန် လက်တလောမှာ စပိန် နိုင်ငံ အတွင်း လေ့ကျင့်ရေး အစီအစဉ်တွေ စတင်နေပြီလည်း ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား အတွက် ပေါင် သန်း ၄၀ အလိုရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဖြစ်နိုင်ရင် ငွေသားသီးသန်း ကလမ်းလှမ်းမှုတွေကို မျှော်လင့်ထားပေမယ့် ကမ်းလှမ်းလာမယ့် အခြေအနေတွေ အပေါ် မူတည်ပြီး ကနဦး အငှားစာချုပ် ဒါမှမဟုတ် ကစားသမား+ပြောင်းရွှေ့ကြေး တို့နဲ့ ဆိုရင်လည်း လက်ခံ စဉ်းစားပေးသွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး မန်ချက်စတာ ကလပ် မှာပဲ ကစားလာခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက် အတွက် စတင် ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် ပွဲပေါင်း ၄၂၆ ပွဲကျော် ကစားထားခဲ့ပြီး ၁၃၈ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်