နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ လွတ်ခ်မန်း အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ အတ္တလန္တာ | ပရီးမီးယားလိဂ်

စီးရီးအေ ကလပ် အတ္တလန္တာ ကတော့ သူတို့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကြယ်ပွင့် အဒမ်မိုလာ လွတ်ခ်မန်း အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၅၂ သန်း အဖြစ် တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ လွတ်ခ်မန်း ကိုတော့ ဒီနွေရာသီမှာ အာဆင်နယ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေပြီး ဒီအခြေအနေကို သိတဲ့ အတ္တလန္တာ ဘက်က အခုလိုမျိုးပဲ ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အီတလီက လာတဲ့ သတင်းတွေအရ အာဆင်နယ်ဟာ အသက် ၂၇ နှစ် အရွယ် နိုင်ဂျီးရီးယားသားကို ခေါ်ယူဖို့ အတွက် အစောပိုင်း ကတည်းက သိရှိထားတာပါ။ အာဆင်နယ်ရဲ့ တောင်ပံ အတွက် နံပါတ် ၁ ပစ်မှတ် ကတော့ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို ဖြစ်ပေမယ့် အကယ်၍သာ ဘရာဇီးလ်သားကို ကြိုးပမ်းရာမှာ အခက်အခဲတွေ ရှိခဲ့ရင်တော့ လွတ်ခ်မန်းကို ပြောင်းလဲ ကြိုးပမ်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ အာဆင်နယ်က လွတ်ခ်မန်းကို ချဉ်းကပ်မှုတွေ ပြုလုပ်ထားပေမယ့် ပြောင်းရွှေ့ကြေး ကိုတော့ လက်တလောမှာ ပေါင် ၄၃ သန်း+အပိုဆုကြေးသာ ပေးချေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

သတင်းတွေ အရ ဆိုရင် စီးရီးအေ ကလပ်ဟာ သူတို့ရဲ့ အဓိက ကစားသမား ဖြစ်တဲ့ လွတ်ခ်မန်းကို တတ်နိုင်သမျှ အသင်းမှာ ဆက်လက် ထိန်းသွားလိုနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်နဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေချိန်မှာတော့ အတ္တလန္တာ ဘက်က အာဆင်နယ် မပေးချေချင်တဲ့ ဈေးနှုန်းမျိုး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂ဝ၂၂ ခုနှစ်မှာ အတ္တလန္တာကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီးတော့ စီးရီးအေ ကလပ် အတွက် ပြိုင်ပွဲစုံ ၁၁၈ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းကာ၊ ဂိုးဖန်တီးမှု ၂၅ ကြိမ် အထိ ပြုလုပ်ပေးထားပါတယ်။
အတ္တလန္တာနဲ့ အတူ ပြီးခဲ့တဲ့ ၂ ရာသီဆက် ခြေစွမ်းပြနိုင်ခဲ့တဲ့ လွတ်ခ်မန်း

လွတ်ခ်မန်းဟာ ကွင်းလယ် တိုက်စစ် နေရာမှာ အဓိက ကစားသူ ဖြစ်ပြီးတော့ လိုအပ်ရင် အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သူဟာ ၂ဝ၂၂ ခုနှစ်မှာ အတ္တလန္တာကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီးတော့ စီးရီးအေ ကလပ် အတွက် ပြိုင်ပွဲစုံ ၁၁၈ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းကာ၊ ဂိုးဖန်တီးမှု ၂၅ ကြိမ် အထိ ပြုလုပ်ပေးထားပါတယ်။

လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၃-၂၀၂၄ နဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွေမှာ ပုံစံကောင်းတွေကို ပြသနိုင်ခဲ့ပြီးတော့ အတ္တလန္တာနဲ့ ယူရိုပါလိဂ် ချန်ပီယံလည်း ဖြစ်ခဲ့သလို နှစ်ရာသီပေါင်း သွင်းဂိုး ၃၇ ဂိုး နဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဒမ်မိုလာ လွတ်ခ်မန်းဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ချာလ်တန်၊ အဲဗာတန်၊ ဖူလ်ဟမ်နဲ့ လက်စတာစီးတီး တို့မှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လွတ်ခ်မန်းရဲ့ အင်္ဂလန်မြေက နေ့ရက်တွေဟာ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်ခဲ့ပြီး ဖူလ်ဟမ်မှာ ကစားစဉ်က ဆိုရင် စိတ်ဓာတ်ကျခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့တယ်လို့ပါ ဝန်ခံခဲ့ဖူးပါတယ်။ ဒါ့အပြင် လွတ်ခ်မန်းဟာ သူ ဖြတ်သန်းခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် ၃ သင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၅ ပွဲသာ ကစားခဲ့ပြီး သွင်းဂိုးလည်း ၁၆ ဂိုးသာ ရရှိခဲ့ပါတယ်။ 

ဒီလို ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရတဲ့ လွတ်ခ်မန်းရဲ့ အခြေအနေက အာဆင်နယ် အတွက်တော့ စဉ်းစားစရာ ဖြစ်ပြီး ကစားသမား အနေနဲ့လည်း အင်္ဂလန်မြေကို ပြန်လာနိုင်ခြေတော့ နည်းပါးနေပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ဟာ ရိုဒရီဂို ဖြစ်နေတာကြောင့် ဘရာဇီးလ်သား အတွက် လုံးဝ အဆင်မပြေမှသာ လွတ်ခ်မန်းကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ဒီအပြောင်းအရွှေ့ ကတော့ အာဆင်နယ် အတွက် တော်တော်လေး ဖြစ်နိုင်ခြေနည်းတဲ့ အပြောင်းအရွှေ့လို့ပဲ ဆိုရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်