နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီယိုဂို ဂျိုတာ (သို့မဟုတ်) ဘောလုံးလောကကို စောစောစီးစီး စွန့်ခွာသွားတဲ့ နောက်ထပ် ကြယ်ပွင့် တစ်ဦး | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် တိုက်စစ်မှူး ဒီယိုဂို ဂျိုတာနဲ့ သူ့ရဲ့ ညီဖြစ်သူ အန်ဒရီ ဆေးလ်ဗား တို့ဟာ မနေ့ကပဲ စပိန်နိုင်ငံ ဇာမိုရာမှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ကမှ ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုင်မြှောက်ထားခဲ့တဲ့ ဂျိုတာဟာ ပြီးခဲ့တဲ့ ၂ ပတ်ကမှ သူ့ရဲ့ ချစ်သူနဲ့ လက်ထပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီမတော်တဆမှုကြောင့် ဂျိုတာဟာ အခုဆိုရင်တော့ သူ့ကို ချစ်တဲ့ လစ်ဗာပူးလ် ပရိသတ်တွေ၊ သူ့ရဲ့ ဇနီးနဲ့ သားသမီး ၃ ဦး အပါအဝင် ဘောလုံးလောက တစ်ခုလုံးကို စောစောစီးစီး စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

တကယ်တော့ ပေါ်တူဂီ တိုက်စစ်မှူးဟာ အင်္ဂလန်ကို သင်္ဘော ဖယ်ရီစီးပြီး ပြန်လာဖို့ ကြိုးစားရာ ကနေ ယာဉ်မတော်တဆမှု ဖြစ်ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုတာဟာ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်မယ့် လစ်ဗာပူးလ်ရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ် အတွက် အသင်းနဲ့ ပူပေါင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မှီ ပူးပေါင်းနိုင်ရေး အတွက် စပိန်နိုင်ငံ ဆန်ဒန်ဒါ ဆိပ်ကမ်းမြို့ ကနေ ဖယ်ရီ သင်္ဘောစီးဖို့ ညီဖြစ်သူ အန်ဒရီနဲ့ အတူ လမ်ဘိုဂီနီကားကို စီးပြီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ပေါ်တူဂီ သတင်းတွေမှာ ဖော်ပြချက် အရ ဂျိုတာဟာ အဆုတ်ခွဲစိတ်ကုသမှု ခံယူထားတာကြောင့် ဆရာဝန်က လေယာဉ်မစီးဖို့ ညွှန်ကြားထားပြီး ဖယ်ရီ သင်္ဘောနဲ့ အင်္ဂလန်ကို သွားရောက်ဖို့ ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုတာဟာ ဆန်ဒန်ဒါ ဆိပ်ကမ်း ကနေ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ သင်္ဘော ဖယ်ရီစီးကာ ပလိုင်းမောက်ကို သွားရောက်မှာပါ။ အဲဒီကနေမှ တဆင့် လစ်ဗာပူးလ်ကို သွားရောက်ပြီးတော့ အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ ပူးပေါင်းဖို့ ရှိခဲ့တာ ဖြစ်ပါတယ်။

ကျောနံပါတ် ၂၀ ကို ဝတ်ဆင် ကစားတဲ့ ဂျိုတာဟာ ပြီးခဲ့တဲ့ မေလ ကမှ လစ်ဗာပူးလ်နဲ့ အတူ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားခဲ့တာပါ။
ဆုဖလား ၂ လုံး ပူပူနွေးနွေး ရရှိခဲ့ပြီးမှ ဆုံးပါးသွားခဲ့တဲ့ ဂျိုတာ

ဒါပေမယ့်လည်း အသက် ၂၈ နှစ် အရွယ် ဒီယိုဂို ဂျိုတာနဲ့ ညီဖြစ်သူ ဘောလုံးသမားပဲ ဖြစ်တဲ့ အသက် ၂၆ နှစ် အရွယ် အန်ဒရီ ဆေးလ်ဗားတို့ စီးနင်းလာတဲ့ လမ်ဘိုဂီနီကားဟာ ပေါ်တူဂီနဲ့ စပိန် နယ်စပ်နား ဖြစ်တဲ့ ကာနာဒယ်လာမြို့က A-52 အဝေးပြေးလမ်းမှာ ကုန်တင်ကားကို ကျော်တက်ဖို့ ကြိုးစားရာမှာ ကားဘီးကွဲထွက်ပြီး လမ်းချော် တိမ်းမှောက်ကာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုတာနဲ့ အန်ဒရီ တို့ဟာ မတော်တဆမှု ဖြစ်တဲ့ နေရာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲတွေ ရောက်ရှိလာချိန်မှာ အသက်မမှီတော့ကြောင်း စပိန်နိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ကျောနံပါတ် ၂၀ ကို ဝတ်ဆင် ကစားတဲ့ ဂျိုတာဟာ ပြီးခဲ့တဲ့ မေလ ကမှ လစ်ဗာပူးလ်နဲ့ အတူ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားခဲ့တာပါ။ နောက်ပြီး လက်ထပ်ထားတာ ကလည်း ၂ ပတ်သာ ရှိသေးသလို ပေါ်တူဂီနဲ့ နေရှင်းလိဂ် ချန်ပီယံဆု ကိုင်မြှောက်ထားတာလည်း မကြာသေးပါဘူး။ ဂျိုတာဟာ လစ်ဗာပူးလ် အတွက် မထင်မှတ်ပဲ ထူးခြားတဲ့ ကစားသမား ဖြစ်ခဲ့သလို ပရိသတ်တွေရဲ့ အချစ်တော်လည်း ဖြစ်ခဲ့သူပါ။ လစ်ဗာပူးလ် အတွက် ၅ ရာသီ အတွင်း ၁၈၂ ပွဲ ကစားကာ ၆၅ ဂိုး သွင်းယူထားတဲ့ ဒီကစားသမားက ဒဏ်ရာကြောင့် အန်ဖီးလ်မှာ ရုန်းကန်ရချိန် များခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ကြီးမားခဲ့သူ ဆိုရင်လည်း မမှားပါဘူး။

ဒီယိုဂို ဂျိုတာ ကွယ်လွန်ခဲ့ခြင်း အတွက် သူ့ရဲ့ မိခင်ကလပ် လစ်ဗာပူးလ် အပါအဝင် ကမ္ဘာတစ်ဝှမ်းက ဘောလုံးအသင်းတွေနဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီ အပါအဝင် နာမည်ကျော် ဘောလုံးသမားတွေက ဝမ်းနည်း ကြေကွဲကြောင်း လူမူကွန်ရက်တွေက တဆင့် ရေးသားခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်