နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီနဲ့ ပွဲမှာ နောက်ဆုံး အကြိမ် အဖြစ် ကစားပြီး ဘေယန်မြူနစ်ကို နှုတ်ဆက်သွားတဲ့ သောမက်စ် မူလာ | ဘွန်ဒက်စ်လီဂါ

သောမတ်စ် မူလာ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အတွက် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ကို ကစား အပြီးမှာ “ဒါဟာ ထူးဆန်းတဲ့ ခံစားချက် တစ်ခုပါပဲ” လို့ ပြောကြားလိုက်ပါတယ်။

မူလာရဲ့ ဘေယန်မြူးနစ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ပဲရစ်စိန့်ဂျာမိန်းကို ၂-၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ၂ ယောက် အသာရထားတဲ့ ဘေယန်မြူးနစ်ကို ဒီဆိုင်းရား ဒူရေး၊ အူစမန်နီ ဒမ်ဘီလီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ် ကတော့ ခြေစွမ်းပိုင်း မဆိုးခဲ့ပေမယ့် ပိုကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မူလာဟာ ဒီရာသီအစောပိုင်းမှာ အသင်း ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း ကြေညာပြီးနောက် မနေ့ညက ပွဲကတော့ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် သူ့ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အသက် ၃၅ နှစ် အရွယ် သောမက်စ် မူလာဟာ ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၇၅၆ ပွဲ ကစားပေးခဲ့ပြီး ဂိုး ၂၅၀ သွင်းကာ ၂၇၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် မူလာက ဘေယန်မြူးနစ်နဲ့ ၁၇ နှစ်တာ ကာလ အတွင်း ဘွန်ဒက်စ်လီဂါ ဖလား ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ၃၃ လုံး အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ် ဂန္ထဝင်ဟာ သူ့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲပေါင်း ၅၀၃ ပွဲမှာ ၃၆၂ ပွဲ အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဘေယန်မြူးနစ် ဂန္ထဝင်ဟာ သူ့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲပေါင်း ၅၀၃ ပွဲမှာ ၃၆၂ ပွဲ အနိုင်ရရှိခဲ့ပါတယ်။
ဘေယန်မြူးနစ် အတွက် ၇၅၆ ပွဲ ကစားပေးခဲ့တဲ့ သောမက်စ် မူလာ

မူလာဟာ ဘေယန်မြူးနစ် အတွက် နောက်ဆုံးပွဲ ကစားပြီးနောက် ဘေယန်မြူးနစ် ကစားသမား ဘဝကို အဆုံးသတ်ဖို့ အချိန်ယူရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။ မူလာက “ပုံမှန်အားဖြင့် ကျွန်တော်ဟာ ဒီနေ့ အရှုံး အတွက် သုံးသပ်ရမှာ ဖြစ်ပြီး လုပ်လည်း လုပ်မှာပါ။ ပုံမှန် လုပ်ထုံးလုပ်နည်းအရ ဆိုရင် အသင်း ဟိုတယ်ကို ပြန်သွားပြီး နောက်ထပ် စိန်ခေါ်မှုတွေ အတွက် အာရုံစိုက်ရမှာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော့်ရဲ့ အိတ်တွေကို ထုပ်ပိုးပြီး ပြန်သွားတော့မှာပါ။ အဲဒါကို အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ အချိန် လိုအပ်ပါတယ်။ ရိုးရိုးသားသား ပြောရရင် အရမ်းကို ထူးဆန်းတဲ့ ခံစားချက် တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး မူလာက “ဒီလို ရှုံးပွဲက အမြဲတမ်း ခက်ခဲပါတယ်။ ဒီပွဲ အတွက် အရာအားလုံး ရှိခဲ့ပြီး နှစ်သင်းစလုံးက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပါတယ်။ ကျွန်တော် တို့က ပီအက်စ်ဂျီကို အရမ်းပဲ ခက်ခဲစေခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့ အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ ချေပဂိုး ရဖို့ နီးစပ်ခဲ့တယ်လို့ ခံစားရပေမယ့် အနည်းငယ်တော့ ပျောက်ဆုံးနေခဲ့ကြပါတယ်။ ပွဲက တော်တော်လေးဆူခဲ့ပြီး အနီကတ်တွေနဲ့ အတူ၊ ပွဲက သိပ်တော့ မမျှတခဲ့ပါဘူး။ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့တဲ့ အတိုင်း စွမ်းဆောင်ရည်ကောင်း တစ်ခုထဲနဲ့ ဘာမှလုပ်လို့ မရပါဘူး။” လို့ ဆိုပါတယ်။ အဲဒီနောက် မူလာက ဒွန်နာရမ်းမားနဲ့ ထိခိုက်မိတဲ့ မူဆီအာလာရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ မူလာက သူ့ရဲ့ အသင်းဖော် ထွက်ခွာသွားရချိန်မှာ အာရုံစိုက်ဖို့ ခက်ခဲကြောင်း ဝန်ခံခဲ့ပြီး ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့တော့ အသေအချာ မကြားရသေးပေမယ့် မယုံနိုင်လောက်အောင် ပြင်းထန်လွန်းကြောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်