နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်ထံ ပြောင်းရွှေ့ချင်ကြောင်း အကြောင်းကြားထာတဲ့ အစ်ကီတီကီ၊ ကိုင်လ် ဝေါလ်ကာ ပီတာစ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရခဲ့တဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ဇူလိုင်လ ၁၈ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကတော့ သူ့အနေနဲ့ လစ်ဗာပူးလ် ကိုသာ ပြောင်းရွှေ့လိုကြောင်း အသင်းထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ အိဆက်ခ်နဲ့ အစ်ကီတီကီ နှစ်ဦးထဲက တစ်ဦးကို စံချိန်တင် ပြောင်းရွှေ့ကြေးသုံးပြီး ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

ဝက်စ်ဟမ်း ကတော့ ကိုင်လ် ဝေါလ်ကာ ပီတာစ်ကို ခေါ်ယူဖို့ Here We Go သွားခဲ့ပြီလို့ သိရပါတယ်။ လန်ဒန် ကလပ်ဟာ အသက် ၂၈ နှစ် အရွယ် အင်္ဂလန် ညာနောက်ခံလူကို ၂၀၂၈ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဝေါလ်ကာ ပီတာစ် ကတော့ အစောပိုင်းမှာ ဘက်ဆစ်တပ်စ်နဲ့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူပေးဖို့ အဲလ်နာဆာကို တိုက်တွန်းထားကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။ လက်ရှိအနေအထားအရ ဆော်ဒီပရိုလိဂ် ကလပ်ဟာ လစ်ဗာပူးလ်ရဲ့ တောင်းဆိုဈေး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၇ သန်း) ကို ပေးချေနိုင်တဲ့ တစ်ခုတည်းသော ကလပ်လည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ဘက်တစ်မှာ ခြေစွမ်းပြခဲ့တဲ့ အန်တိုနီ အတွက် တောင်းဆိုမှု စျေးနှုန်းကို ပေါင် သန်း ၅၀ အထိ တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဘရိုက်တန်နဲ့ နယူးကာဆယ် တို့ဟာ ဘရာဇီးလ် တောင်ပံ ကစားသမားရဲ့ အေးဂျင့်ဆီကို မကြာသေးခင်ကပဲ ဆက်သွယ်ထားခဲ့ကြတယ်လို့ သိရပါတယ်။ 

နယူးကာဆယ် ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဟူဂို အစ်ကီတီကီကို လက်လျှော့ပြီးတော့ ဒါဝင် နူညက်ဇ်နဲ့ နာပိုလီက ဗစ်တာ အိုဆင်မ်ဟန် တို့ကို ပြောင်းလဲ စဉ်းစားနေကြောင်း ဂျာမန် သတင်းဌာန SPORT BILD က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ အက်စတွန်ဗီလာ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း La Nación က ဖော်ပြပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ကတော့ ပေါင် သန်း ၄၀ တန်ကြေး ရှိနေပေမယ့်လည်း ယူနိုက်တက်က ပေါင် ၃၃ သန်းနဲ့ သဘောတူညီမှု ရရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ 

ဝေါလ်ကာ ပီတာစ် ကတော့ အစောပိုင်းမှာ ဘက်ဆစ်တပ်စ်နဲ့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘက်ဆစ်တပ်စ်နဲ့ သဘောတူညီမှု ပျက်ပြယ်ခဲ့တဲ့ ဝေါလ်ကာ ပီတာစ်

အာဆင်နယ်က နိုနီ မာဒူခေးကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ကာလ နှောင်းပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လျက် ရှိကြောင်း Football Insider က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်က ဘရာဇီးလ်သား အတွက် တောင်းဆို စျေးနှုန်းကို လျှော့ချရဖို့တော့ ရှိနေပါတယ်။

မန်ချက်စတာစီးတီးက အီဒါဆင်နဲ့ အိုင်လ်ခေး ဂွန်ဒိုအန် တို့ဟာ တူရကီ ကလပ် ဂါလာတာဆာရေးက ပြောင်းရွှေ့ချင်နေကြောင်း Yağız Sabuncuoğlu က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံး တူရကီကို ပြောင်းရွှေ့ချင်တာကြောင့် နာပိုလီရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားကြောင်း သိရပါတယ်။

ဝက်စ်ဟမ်း ကတော့ ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရာ အဲဗာတန်ကို အသာရနေကြောင်း Tuttosport က ဖော်ပြခဲ့ပါတယ်။ စီးရီးအေ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) အောက် ကမ်းလှမ်းမှုတွေကို ထည့်သွင်း စဉ်းစားမှာ မဟုတ်ကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်ဟာ ဒူဆန် ဗလာဟိုဗစ်ရဲ့ အခကြေးငွေနဲ့ စာချုပ်ဖျက်သိမ်းဖို့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ကြောင်း Calciomercato က ဖော်ပြလာပါတယ်။ ဒီကစားသမား ကိုတော့ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက် တို့က ပစ်မှတ်ထားနေပြီး ဂျူဗင်တပ်စ် ဘက်တော့ ယူရို သန်း ၂၀ (ပေါင် ၁၇.၃ သန်း) နဲ့ ရောင်းချဖို့ ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်