နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ကို ဘယ်လောက်ပေးပေး မရောင်းချင်တဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ကလပ် စံချိန်တင် လုခပ်လစာနှုန်းထား အသစ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း နယူးကာဆယ်က အိဆက်ခ် အနေနဲ့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ချင်တယ် ဒါမှမဟုတ် လစ်ဗာပူးလ် ဘက်က အီဆက်ခ် အတွက် ပေါင် သန်း ၁၂၀ နဲ့ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တောင် ရောင်းချသွားမှာ မဟုတ်ကြောင်း ယတိပြတ် တုန့်ပြန်ထာခဲ့ပါတယ်။

ဆွီဒင် တိုက်စစ်မှူးဟာ နယူးကာဆယ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို နယူးကာဆယ် ဘက်က တားဆီးချင်တာကြောင့် စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ထိန်းသိမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

အိဆက်ခ်ဟာ နယူးကာဆယ်မှာ တစ်ပတ် လုပ်ခ ပေါင် ၁၃၀၀၀၀ ရရှိနေပြီးတော့ နယူးကာဆယ်က ပေါင် ၂၀၀၀၀၀ အထိ တိုးမြှင့်ပေးသွားဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ လက်ရှိ နယူးကာဆယ်မှာ လုပ်ခ လစာ အများဆုံး ရရှိနေတဲ့ ကစားသမား ကတော့ ဘရာဇီးလ် ကွင်းလယ် ခံစစ်ကစားသမား ဘရူနို ဂီမာရေးစ် ဖြစ်ပြီးတော့ တစ်ပတ်ကို ပေါင် ၁၆၀၀၀၀ အထိ ရရှိနေတာ ဖြစ်ပါတယ်။

နယူးကာဆယ် တာဝန်ရှိသူတွေဟာ အိဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၂၀ သတ်မှတ်ထားပေမယ့် အသင်း ပိုင်ရှင်တွေ ကတော့ ပြောင်းရွှေ့ကြေး ဘယ်လောက်ပဲရရ မရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ နယူးကာဆယ်ဟာ အိဆက်ခ်ကို ၂၀၂၂ နွေရာသီမှာ ရီးရဲလ်ဆိုစီဒက် ကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဖလော်ရီယန် ဝစ်ဇ်၊ ဂျရယ်မီ ဖရင်ပေါင်၊ မီလော့စ် ကာကက်ဇ် တို့ အတွက် ပေါင် သန်း ၂၀၀ နီးပါး သုံးစွဲထားတာပါ။
လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခွင့်မရလို့ စိတ်ပျက်နေတဲ့ အိဆက်ခ်

လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားကာ အသင်းကို အားရစရာ အင်အားဖြည့်မှုတွေ ပြုလုပ်ထားသည့်တိုင်အောင် အိဆက်ခ်ကို ထပ်မံ ခေါ်ယူချင်နေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဖလော်ရီယန် ဝစ်ဇ်၊ ဂျရယ်မီ ဖရင်ပေါင်၊ မီလော့စ် ကာကက်ဇ် တို့ အတွက် ပေါင် သန်း ၂၀၀ နီးပါး သုံးစွဲထားတာပါ။ လစ်ဗာပူးလ်ဟာ တိုက်စစ်ပိုင်းမှာ ဒီယိုဂို ဂျိုတာ ကွယ်လွန်သွားခဲ့တဲ့ အပြင် ဒါဝင် နူညက်ဇ်နဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ရဲ့ အနာဂတ်တွေက မတည်မငြိမ် ဖြစ်နေတာကြောင့် အထောင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အိဆက်ခ်ဟာ သူ့ရဲ့ ကစားသမား ဘဝကို တစ်ဆင့်မြှင့်ချင်တာကြောင့် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ချင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ကတော့ အိဆက်ခ်ကို လစ်ဗာပူးလ်ဆီ လုံးဝ ပြောင်းရွှေ့ခွင့်ပြုမှာ မဟုတ်ပဲ မက်မောလောက်စရာ လုပ်ခလစာမျိုး နဲ့သာ စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

အိဆက်ခ်ကို ခေါ်ယူဖို့က ခက်ခဲနေတဲ့ အခြေအနေတွေကြောင့် လစ်ဗာပူးလ်ဟာ နယူးကာဆယ်ရဲ့ ပစ်မှတ် ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကိုသာ ပြောင်းလဲ ကြိုးပမ်းလာဖို့လည်း ရှိနေပါတယ်။ ဖရန့်ဖတ် ကတော့ နယူးကာဆယ်ရဲ့ ချဉ်းကပ်မှုကို ငြင်းဆန်ထားခဲ့သလို လစ်ဗာပူးလ်ရဲ့ ကနဦး ကမ်းလှမ်းချက် ကိုလည်း ပယ်ချထားပါတယ်။ လက်ရှိ အခြေအနေအရတော့ နယူးကာဆယ်ဟာ အစ်ကီတီကီကို ကြိုးပမ်းမှု အတွက် လက်လျှော့သွားဖွယ် ရှိနေပြီး အိဆက်ခ်ကို လုပ်ခလစာ အသစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့သာ တွန်းအားပေး လုပ်ဆောင်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်