နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်ချိုကို ကြားဖြတ် ခေါ်ယူချင်နေတဲ့ ဖောရက်စ်၊ ကိုလို မူအာနီကို ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၀ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ် မန်ချက်စတာယူနိုက်တက် ကတော့ ဂျူဗင်တပ်စ်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောညီထွေ ဖြစ်အောင် သဘောတူညီခဲ့ပြီးနောက် ဂျေဒန် ဆန်ချိုကို ယူရို ၂၅ သန်း (ပေါင် ၂၁.၇ သန်း)နဲ့ ရောင်းချဖို့ အဆင်သင့်ဖြစ်နေကြောင်း Sport Mediaset က ဖော်ပြခဲ့ပါတယ်။ စီးရီးအေ ကလပ်ဟာ ဆန်ချို၏ လစာ တစ်ဝက်ကို ပေးချေဖို့ သဘောတူညီထားခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကလည်း ဆန်ချိုကို ကြားဖြတ် ခေါ်ယူဖို့ ကြံစည်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့်လည်း Nottingham Forest News ကတော့ ဒီသတင်းတွေကို ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။

လစ်ဗာပူးလ်က စိတ်ဝင်စားခဲ့တဲ့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ လာမယ့် နွေရာသီမှာ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်းFoot Mercato က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေ ဘက်ကတော့ အိဆက်ခ်ကို ရောင်းချပါ့မလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ အသင်း ကနေ ထွက်ခွာနိုင်ခြေ ရှိတဲ့ အိဆက်ခ်ရဲ့ နေရာမှာ အစားထိုးဖို့ အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ်ကို ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီကစားသမား အတွက် ကိုတော့ ပရီးမီးယားလိဂ် ကလပ်က ယူရို သန်း ၁၃၀ (ပေါင် ၁၁၂.၆ သန်း)နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် အတွက် နောက်ထပ် ပစ်မှတ် ကတော့ ပဲရစ်စိန့်ဂျာမိန်းက ရန်းဒဲလ် ကိုလို မူအာနီ ဖြစ်ပါတယ်။
အိဆက်ခ်ကို သက်တမ်းတိုးပြီး မူအာနီကို ထပ်မံ ခေါ်ယူချင်နေတဲ့ နယူးကာဆယ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် အတွက် နောက်ထပ် ပစ်မှတ် ကတော့ ပဲရစ်စိန့်ဂျာမိန်းက ရန်းဒဲလ် ကိုလို မူအာနီ ဖြစ်ပါတယ်။ Foot Mercato ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ရာသီ ဒုတိယနှစ်ဝက်မှာ အငှားချထားခံရတဲ့ ပြင်သစ်သားကို မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားကြောင်း ပြသထားပါတယ်။

ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ ကစားသမားချင်း အလဲအလှယ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးဟာ ရော်ဂျာစ် အတွက် တိုဆင် အဒါရာဘိုင်အိုယို၊ ထရီဗော့ ချာလိုဘာနဲ့ ဘီနွိုက် ဘာဒီယာရှီးလ် တို့ကို အလိုက်ပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ ကတော့ အန်ဒရီ ဆန်းတို့စ်နဲ့ နီကိုးလက်စ် ဂျက်ဆန် တို့ကို ပြန်လည် စိတ်ဝင်စားနေပါတယ်။

ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဘေယန်မြူးနစ်က အာဆင်နယ် တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ဒ်နဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အာဆင်နယ်က ထရော့ဆက်ဒ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေချိန်မှာ ဘေယန်မြူးနစ်ဟာ ပိုမိုမြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ဒီနွေရာသီမှာ ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ရောင်းချမှာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း Football Insider ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီ ကွင်းလယ် ကစားသမားဟာ လာမယ့်နှစ် သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဒီနွေရာသီ အစောပိုင်းမှာ မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စပါး အနေနဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားကို ခေါ်ယူနိုင်မယ်လို့တော့ မမျှော်လင့်ထားကြောင်း Ben Jacobs က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

ဝက်စ်ဟမ်း ကတော့ ဟာဗေး အဲလီယော့တ်ကို ပေါင် သန်း ၄၀တန် ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း ဂျက် ရိုဆာက ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်