ဇူလိုင်လ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုးလ် ပါးလ်မား အတွက် ယူရို သန်း ၁၇၀ (ပေါင် ၁၄၈.၄ သန်း) နဲ့ မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီးက ပယ်ချခဲ့ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ပါးလ်မား အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၅၀ (ယူရို ၂၈၆.၃ သန်း) ရရှိမှသာ ရောင်းချသွားမယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိလိုက်ပြီ ဖြစ်ကြောင်း Santi Aouna က ဖော်ပြခဲ့ပါတယ်။ သဘောတူညီချက်အရ ဘေယန်မြူးနစ်က ဒီးယက်ဇ်ကို ယူရို ၇၅ သန်း (ပေါင် ၆၅.၅ သန်း) ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ လစ်ဗာပူးလ် အနေနဲ့ ဒီးယက်ဇ်ကို လက်လွှတ်ခဲ့ရရင်တော့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုနဲ့ ပြန်လည် အစားထိုးဖွယ် ရှိကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ် အားကစား ဒါရိုက်တာ ရစ်ချက်ဒ် ဟူ့ဂျ် ကတော့ ဘရက်ဒ်လီ ဘာကိုလာကို သဘောကျပေမယ့်လည်း ပီအက်စ်ဂျီ ကတော့ ရောင်းထုတ်ဖို့ အစီအစဉ် မရှိပါဘူး။
မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အလက်ဟန်ဒရို ဂါနာချိုကို ရောင်းထုတ်လိုနေကြောင်း GIVEMESPORT က ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနား တောင်ပံကစားသမား ကိုတော့ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဖလာမင်ဂို ကတော့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ဆွေးနွေးနေကြောင်း RTI Esporte က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်သား ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် ပုံမှန် ပွဲထွက်ခွင့်ရဖို့ လိုလားနေတယ်လို့ သိရပါတယ်။
လီအန်ဒရို ထရော့ဆက်ဒ်နဲ့ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကိုတို့ နှစ်ဦးစလုံး ကတော့ ဒီနွေရာသီ အာဆင်နယ် ဆက်ရှိနေမှာ ဖြစ်ကြောင်း FootballTransfers က ဖော်ပြခဲ့ပါတယ်။ ဇင်ချန်ကို ကတော့ အသင်း ကနေ ထွက်ခွာခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့်လည်း မန်နေဂျာ မီခဲလ် အာတေးတားက ဆက်နေဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
နယူးကာဆယ် ကတော့ တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာနဲ့ ပတ်သတ်ပြီး ဘရန့်ဖို့ဒ်နဲ့ ဆွေးနွေးမှုတွေ ကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေကြောင်း Sky Sports News က ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်ဟာ ကစားသမား အတွက် ပထမအကြိမ် ကမ်းလှမ်းချက် ဖြစ်တဲ့ ပေါင် ၂၅ သန်းထက် တိုးမြှင့်ပေးဖို့ ပြင်ဆင်နေပေမယ့် လက်ရှိမှာတော့ အပြောင်းအရွှေ့ ကနေ ထွက်ခွာဖို့ များနေပြီ ဖြစ်ပါတယ်။
နယူးကာဆယ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရဖို့ ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။ တိုက်စစ်မှူးရဲ့ တန်ကြေး ကတော့ ယူရို သန်း ၁၀၀ (ပေါင် 87.3 သန်း) ရှိနေကြောင်း သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောသ် ဆွန်ဟောင်မင်ကို မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီ ကသာ ခေါ်ယူလိုရင်တော့ စျေးနှုန်း လျှော့ချပေးဖို့ ပြင်ဆင်နေကြောင်း GIVEMESPORT က ဖော်ပြပါတယ်။ စပါးဟာ ဆွန်ဟောင်မင်ရဲ့ အပြောင်းအရွှေ့ ကနေ ပေါင် သန်း ၂၀သာ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ဝက်စ်ဟမ်းရဲ့ ပစ်မှတ် ဂျူဗင်တပ်စ် ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ကို အဲဗာတန်နဲ့ အပြိုင် ခေါ်ယူဖို့ တွန်းအားပေး လုပ်ဆောင်နေကြောင်း သိရပါတယ်။ အဲဗာတန် ကတော့ လိုင်ယွန် တောင်ပံကစားသမား မာလစ်ခ် ဖိုဖာနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိရန် အဆင့်မြှင့်တင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.