နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်ကို ခေါ်ယူပြီးနောက် အီးဇီးကို ဆက်လက် ကြိုးပမ်းမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ၆ ဦး အထိ ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်က သူတို့ အသည်းအသန် လိုချင်ခဲ့တဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။

လက်ရှိမှာ အာဆင်နယ်က ချဲလ်ဆီး တောင်ပံ ကစားသမား မာဒူခေးနဲ့ ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါ၊ ဘရန့်ဖိုဒ် ကွင်းလယ်လူ ခရစ်ရှန် နောဂတ်ဒ်၊ ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ၊ ဗလင်စီယာ နောက်ခံလူ ခရစ္စသီယန် မော့စ်ကီယာနဲ့ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် တို့ကိုပါ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ဘယ်တောင်ပံဟာ ပြီးခဲ့တဲ့ ရာသီတွေကတည်းက သိသိသာသာ အားနည်းနေခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အေစီမီလန်နဲ့ ခြေစမ်းပွဲမှာ ဆိုရင်လည်း အသင်းရဲ့ နေရာစုံက ကစားသမားတွေ ခြေစွမ်းပြနိုင်ခဲ့ကြပေမယ့် ဂါဘရီရယ် မာတင်နယ်လီနဲ့ လီအန်ဒရို ထရော့ဆက်ဒ် တို့သာ ရှိနေတဲ့ ဘယ်တောင်ပံက အားနည်းနေကြောင်း ပေါ်လွင်ခဲ့ပါတယ်။ အဓိကက မာတင်နယ်လီ ဖြစ်ပြီး ထရော့ဆက်ဒ် ကတောင် ဘရာဇီးလ်သားထက် အနည်းငယ် ပိုကောင်းနေခဲ့ပါသေးတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ဘယ်တောင်ပံ တိုက်စစ်ကို ဒီနွေရာသီမှာ မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်ကြောင်း ထင်သာ မြင်သာ ရှိခဲ့ပြီး အခုတော့ အီးဇီးကို အသေအချာ ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၇ နှစ် အရွယ် ကစားသမား အတွက် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုး အတိုင်းနဲ့သာ ကမ်းလှမ်းမှု လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။
ကစားသမား ၆ ဦး အတွက် ပေါင် သန်း ၂၀၀ ဝန်းကျင် သုံးစွဲထားတဲ့ အာဆင်နယ်

အာဆင်နယ်က ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ပဲ ကျေနပ်ခဲ့ရသလို ဖလား လက်မဲ့ ဖြစ်နေတာလည်း ၅ ရာသီ ရှိနေခဲ့ပါပြီ။ ဒါကြောင့် အာဆင်နယ်က လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်မှာ ဆုဖလား မျှော်လင့်ချက် အတွက် ကြီးမားတဲ့ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒီနွေရာသီ နောက်ဆုံး ပစ်မှတ် ကတော့ ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား အီဘာရီချီ အီးဇီး ဖြစ်ပြီးတော့ ဂန်နားတွေ အနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ငွေပေးချေမှု ပုံစံတစ်ခုနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။

အီးဇီး ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပေါင် သန်း ၆၀ တန်ကြေး ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီး ဒါကို အာဆင်နယ်က တစ်လုံးတစ်ခဲတည်း ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။ အာဆင်နယ် အသိုင်းအဝိုင်း ကနေ ရရှိတဲ့ သတင်းတွေအရ ဂန်းနားတွေဟာ ကစားသမား ၆ ဦး ခေါ်ယူထားပြီးပေမယ့် နောက်ထပ် ယူရို သန်း ၁၀၀ ဝန်းကျင် သုံးစွဲနိုင်ဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၇ နှစ် အရွယ် ကစားသမား အတွက် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုး အတိုင်းနဲ့သာ ကမ်းလှမ်းမှု လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ အီးဇီး ကတော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပြီး ပဲလေ့စ်ကို အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ အက်ဖ်အေဖလား ရရှိအောင် အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားက ပဲလေ့စ် အတွက် ပြိုင်ပွဲစုံ ၁၆၇ ပွဲ ကစားပြီးတော့ ဂိုး ၄၀ သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်