မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ တိုက်စစ် ကစားသမား နှစ်ဦး ခေါ်ယူထားပေမယ့် တိုက်စစ်ပိုင်း အတွက် ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ နှစ်ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ ဝန်းကျင် သုံးစွဲထားပြီလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရူဘင် အမော်ရင် အနေနဲ့ အသင်း အတွက် သွင်းဂိုး အာမခံချက် ရှိနိုင်မယ့် အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ဂိုးသွင်းနှုန်းတွေ ကျဆင်းခဲ့တာကို ပြန်လည် ပြင်ဆင်ချင်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က သူ့ အသင်း အနေနဲ့ ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူမယ့် အစား အဆိုပါ ငွေကြေးကို ဘရိုက်တန် ကွင်းလယ် ခံစစ် ကြယ်ပွင့် ကားလို့စ် ဘယ်လီဘာ့ကို ခေါ်ယူဖို့ သုံးစွဲတာက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။
ရီယို ဖာဒီနန်က “ကျွန်တော့် အမြင် အရ မန်ချက်စတာယူနိုက်တက်က လက်ရှိ အခြေအနေ ကိုပဲ အဓိကထား ကြည့်သင့်တယ်။ ဒါကြောင့်ပဲ ကျွန်တော်က အထောင်တိုက်စစ်မှူး အကြောင်း ပြောနေတာပါ။ ကျွန်တော် ဆက်စ်ကိုရဲ့ အရည်အသွေးကို သံသယဝင်နေတာ မဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ အတွေ့အကြုံ လိုအပ်နေတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ဆီမှာ ဟွိုက်ဂျ်လန်း၊ ဇီယက်ခ်ဇီး၊ ချီဒို အိုဘီမာတင် တို့ ရှိပြီးသားပါ။ သူတို့ အားလုံးက လူငယ်တွေ ဖြစ်ပြီး အတွေ့အကြုံနုနယ်သေးတဲ့ ကစားသမားတွေပါ။ သူတို့ အတွက်က တိုက်စစ်မှူးစစ်စစ် တစ်ယောက်က ဒီလို ကစားရတယ် ဆိုတာကို ပြသပေးနိုင်မယ့် အတုယူစေနိုင်မယ့် စံပြတစ်ယောက် လိုအပ်နေတာပါ။ ဒီလို အခြေအနေမှာ အတွေ့အကြုံနည်းတဲ့ နောက်ထပ် ကစားသမား တစ်ယောက်ကို ထပ်ဝယ်လိုက်တာဟာ နောက်ထပ် စွန့်စားမှု တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
အဲဒီနောက် ဖာဒီနန်က ဘာကြောင့် ဘယ်လီဘာ့ကို ခေါ်ယူသင့်သလဲ ဆိုတာ ဆက်လက် ပြောကြားခဲ့ပါတယ်။ “တကယ်လို့ ကျွန်တော်သာ တိုက်စစ်မှူး တစ်ယောက် မရခဲ့ဘူး ဆိုရင် ကွင်းလယ်လူ ကိုပဲ ရွေးချယ်မှာပါ။ ကျွန်တော် စဉ်းစားနေတဲ့ နာမည် တစ်ခုပဲ ရှိပါတယ်။ ရိုးရိုးသားသား ပြောရရင် သူက ကျွန်တော်တို့ လိုအပ်နေတဲ့ အရာတွေနဲ့ အံဝင်ခွင်ကျ ဖြစ်မယ့်သူပါ။ သူက နည်းပြ အမော်ရင် သဘောကျမယ့် ကစားသမားမျိုးလည်း ဖြစ်ပါတယ်။ ကာယပိုင်းအရလည်း ထူးချွန်တယ်။ ဘောလုံးနဲ့ အတူ ပြေးလွှားနိုင်တယ်။ နေရာစုံ မှာလည်း ဘောလုံး လက်ခံ ကစားနိုင်တယ်။ နည်းစနစ်ပိုင်းအရလည်း အရမ်းကောင်းတယ်။ စွမ်းအင် အပြည့်နဲ့ ကစားနိုင်တယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိတယ်။ သူက ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ပဲ ဖြစ်ပါတယ်။” လို့ ဖာဒီနန်က သူ့ရဲ့ အမြင်ကို သုံးသပ်ပြခဲ့ပါတယ်။
အသက် ၂၁ နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ဘယ်လီဘာ့ ကတော့ ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန်မှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးတော့ လက်ရှိမှာတော့ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေသူ ဖြစ်ပါတယ်။ သူဟာ အသက်အရွယ် ငယ်သေးပေမယ့် ပရီးမီးယားလိဂ်မှာ ခပ်မြန်မြန် အံဝင်ခဲ့ပြီးတော့ ဝါရင့် ကစားသမား တစ်ဦး သဖွယ် ကစားပြနေသူလည်း ဖြစ်ပါတယ်။နောက်ဆုံး မှာတော့ ဖာဒီနန်က “ကျွန်တော်သာ ဆိုရင် သူ့ကိုပဲ သွားခေါ်မှာပါ။ သူက ကျွန်တော့်ရဲ့ လူပဲ။ ကျွန်တော်သာ ဆိုရင် ငွေပုံအောပြီး သူ့ကိုပဲ ဝယ်မှာပါ။ အခု ရောင်းထုတ်မယ့် ကစားသမား ၄ ယောက်ဆီက ပိုက်ဆံ ရလာရင် အတွေ့အကြုံနုတဲ့ နံပါတ် ၉ တစ်ယောက်ကို ဝယ်မလား။ ဒါမှမဟုတ် ပရီးမီးယားလိဂ်မှာ ဘာလုပ်နိုင်လဲဆိုတာ သိပြီးသား ဖြစ်တဲ့ ဘယ်လီဘာ့ကို ဝယ်မလား ဆိုရင် ကျွန်တော် ကတော့ ဘယ်လီဘာ့ ကိုပဲ ရွေးမှာပါ။ သူဟာ ဒီ အသင်း လူစာရင်း အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူရောက်လာရင် တခြားကွင်းလယ်လူတွေရဲ့ ခံစစ်တာဝန် ကိုလည်း လျော့ကျသွားစေနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဘက်စုံမှာ ကစားနိုင်ပြီး အကုန်လုပ်နိုင်စွမ်း ရှိလို့ပါပဲ။” လို့ ချီးကျူးသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.