နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်တိုနီကို ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ အဲလ်နာဆာ၊ အဲလ်ဟီလာရဲ့ မက်မောစရာ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အိဆက်ခ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုးလ် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ ကတော့ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် မရှိတော့တဲ့ တောင်ပံ ကစားသမား အန်တိုနီကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း UOL က ဖော်ပြခဲ့ပါတယ်။ အဲလ်နာဆာ ကတော့ အခုတစ်ပတ် အစောပိုင်း မှာလည်း ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ပေါ်တူဂီ တိုက်စစ် ကြယ်ပွင့် ယာအို ဖီးလစ်ကို ခေါ်ယူထားခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ အန်တိုနီရဲ့ ကစားသမား အခွင့်အရေး တစ်ဝက် အတွက် ရီးရဲလ်ဘက်တစ်ရဲ့ ယူရို သန်း ၂၀ (ပေါင် ၁၇.၅ သန်း) နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးဖြစ်ကြောင်း SPORT က ဖော်ပြခဲ့တယ်။

CaughtOffside ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ ဒဏ်ရာရ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ် ကတော့ မထင်မှတ်တဲ့ အပြောင်းအရွှေ့ တစ်ခု အတွက် ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူး ကတော့ အာဆင်နယ်ရဲ့ ခါးသီး ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါး အတွက် ပစ်မှတ် ဖြစ်နေတယ်လို့ ယူဆရပြီး နယူးကာဆယ်ယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ ဂျေဇုစ်ကို ရောင်းထုတ်ဖွယ် ရှိနေပေမယ့်လည်း အိုလက်ခ်ဆန်ဒါ ဇင်ချန်ကို သို့မဟုတ် လီအန်ဒရို ထရော့ဆက်ဒ် အတွက် ကမ်းလှမ်းမှုတွေ ကိုတော့ ငြင်းဆိုဖွယ် ရှိနေကြောင်း သိရပါတယ်။

စပိန် ဘယ်နောက်ခံလူ ကိုတော့ ပရီးမီးယားလိဂ် ကလပ် အသင်း များစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အယ်ဟီလာရဲ့ ကမ်းလှမ်းမှုကို ပယ်ချထာားခဲ့တဲ့ အလက်ဇန္တား အိဆက်ခ်

လစ်ဗာပူးလ် ပစ်မှတ် အလက်ဇန္တား အိဆက်ခ် ကတော့ အဲလ်ဟီလာရဲ့ စံချိန်တင် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ အဲလ်ဟီလာဟာ အိဆက်ခ်ကို ဘောလုံးသမိုင်းမှာ လုပ်ခလစာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာစေမည့် ကမ်းလှမ်းချက်တွေနဲ့ ကြိုးပမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာ ဖြစ်ကြောင်း Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ကိုးလ် ပါးလ်မား အတွက် ယူရိုသန်း ၂၅၀ (ပေါင် ၂၁၈.၅ သန်း) နဲ စံချိန်တင် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ မန်စီးတီး အကယ်ဒမီထွက် ကိုးလ် ပါးလ်မား ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး (ပေါင် ၄၅ သန်း) နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ အဲလ်ဟီလာရဲ့ ဖူလ်ဟမ် တိုက်စစ်မှူးဟောင်း အလက်ဆန်းဒါး မီထရိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မီထရိုဗစ် ကတော့ ဆော်ဒီပရိုလိဂ်မှာ နှစ်အနည်းငယ် ကစားပြီးနောက် ဥရောပကို ပြန်လာချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကို ပစ်မှတ်ထား ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ပစ်မှတ်ဟောင်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ပိုနှစ်သက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာစီးတီး ကတော့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေမှုကို ရပ်တန့်ဖို့ အတွက် ရိုဒရီကို ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ အကယ်ဒမီထွက် ဂျရတ် မာတင်ကို ယူရို ၁၅ သန်းနဲ့ လမ်းခွဲဖို့ စီစဉ်နေကြောင်း El Nacional က ဖော်ပြခဲ့သည်။ စပိန် ဘယ်နောက်ခံလူ ကိုတော့ ပရီးမီးယားလိဂ် ကလပ် အသင်း များစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်