နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးမယ့် ဆလီဘာကို ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ပြင်သစ် ဗဟိုခံစစ် ကြယ်ပွင့်လေး ဝီလီယမ် ဆလီဘာ ကတော့ မကြာခင်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဆလီဘာကို လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်က အနာဂတ် ပစ်မှတ် အဖြစ် သတ်မှတ်ထာကြောင်း သတင်းတွေ ထွက်ပေါ်နေချိန် အခုလိုပဲ ပြင်သစ်သားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အာဆင်နယ် TV နဲ့ တွေ့ဆုံစဉ်မှာ ဆလီဘာက စာချုပ်သစ်နဲ့ ပတ်သက်ပြီး “မကြာခင် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဘုရားသခင်က အလွန် ကြီးမြတ်ပါတယ်။ ဒီနှစ် ကျွန်တော်တို့ ဆုဖလားတွေ အားလုံး ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆလီဘာဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဂန်းနားတွေ အနေနဲ့ ပြင်သစ်သားကို သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ လက်ရှိအချိန်မှာ တစ်ပတ် ပေါင် ၁၉၀၀၀၀ ရရှိနေပြီး အာဆင်နယ်က မြင့်မားတဲ့ လစာနှုန်းထား အသစ်နဲ့ ၂၀၂၉ ခုနှစ် အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း သိရပါတယ်။

ပြင်သစ် နောက်ခံလူဟာ အာဆင်နယ် အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၃၄ ပွဲ ကစားကာ ၇ ဂိုး သွင်းယူပြီး ခြေစွမ်းပြနေတာကြောင့် Roll Royce လို့တောင် နာမည်ပြောင်ပေးခြင်း ခံထားရသူ ဖြစ်ပါတယ်။ ဒီလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဆလီဘာကို လာလီဂါ ထိပ်သီး တို့က ကိုနာတေးနဲ့ အတူ အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ်က ဒဏ်ရာပြဿနာနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ အလာဘာကို စာချုပ် ဖျက်သိမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အသင်းမှာ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ခံစစ် ကစားသမားတွေကို ရှင်းထုတ်ချင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ ခံစစ်ပိုင်း အတွက် ဒင်းန် ဟောက်ဆန်၊ အလက်ဇန္တား အာနိုးလ်နဲ့ အဲလ်ဗာရို ကာရီးရက်စ် တို့လို ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒါပေမယ့်လည်း အီဒါ မီလီတာအိုနဲ့ ဒေးဗစ် အလာဘာ တို့ဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေ ရှိနေပြီး အန်တိုနီယို ရူဒီဂါ ကတော့ အသက်အရွယ် ရနေပြီ ဖြစ်သလို ရာအူးလ် အဆန်စီယို ကတော့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ရေရှည် အတွက် ခံစစ် ကစားသမားကောင်းတွေ လိုအပ်တယ် ဆိုတာ သိထားပြီး ဒီနွေရာသီမှာပဲ လှုပ်ရှားမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ်က ဒဏ်ရာပြဿနာနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ အလာဘာကို စာချုပ် ဖျက်သိမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ် အရွယ်လည်း ရှိပြီ ဖြစ်တဲ့ သြစတြီးယား နောက်ခံလူဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဘေယန်မြူးနစ်နဲ့ လမ်းခွဲပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ အလာဘာဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ ACL ဒဏ်ရာကြောင့် ရက်ပေါင်း ၄၀၀ နီးပါး အနားယူခဲ့ရပြီး ၂၀၂၅ ဇန်နဝါရီ ကမှ ဘောလုံး ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အလာဘာက ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း မှာလည်း ဒဏ်ရာ ထပ်ရခဲ့ပါသေးတယ်။ အလာဘာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပြီး အသင်းမှာ ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ်တို့ ပြီးရင် တတိယမြောက် လုပ်ခလစာ အများဆုံး ရရှိနေသူလည်း ဖြစ်တာကြောင့် ရီးရဲလ် ဘက်က စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းမှာတုန်းက အလာဘာကို ရောင်းထုတ်တာ ဒါမှမဟုတ် အငှားချတာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကြံ့ခိုင်မှု အားနည်းတဲ့ ကစားသမားရဲ့ အခြေအနေကြောင့် စာချုပ် ဖျက်သိမ်းဖို့သာ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ အလာဘာ ကတော့ စာချုပ်ကုန်တဲ့ အချိန်ထိ ရီးရဲလ်မက်ဒရစ် မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်