ဩဂုတ် ၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အဲလ်နာဆာ နည်းပြသစ် ဂျော့ဂျ် ဂျီးဆပ်စ် ကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ဒီနွေရာသီမှာ ခေါ်ယူလိုနေကြောင်း A BOLA က ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြကြီးက ဘရူနို ဖာနန်ဒက်စ်ကို ပေါ်တူဂီ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြန်လည် ပေါင်းစည်းပေးချင်နေတာလည်း ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဖာနန်ဒက်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် မှာပဲ ဆက်လက် ကစားလိုကြောင်း ပြောကြားထားသူ ဖြစ်ပါတယ်။
ဘင်ဂျာမင် ဆက်စ်ကို ကတော့ သူ့အနေနဲ့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း လိုက်ပ်ဇစ် အသင်းဖော်တွေကို ပြောကြားထားတယ်လို့ ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြပါတယ်။ နယူးကာဆယ် ကတော့ ဆလိုဗေးနီးယား တိုက်စစ်မှူးကို တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
လိုက်ပ်ဇစ် ကတော့ ဆက်စ်ကိုရဲ့ နေရာ အတွက် ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပမယ့် ဒိန်းမတ် တိုက်စစ်မှူး ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရပါတယ်။
အေစီမီလန် ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို သူတို့ရဲ့ ထိပ်တန်း တိုက်စစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရရှိဖို့ အတွက် သံသယ ဖြစ်စရာတွေ ရှိနေကြောင်း သိရပါတယ်။
ဖက်ဒရစ်ကို ခီယေဇာ ကတော့ စီးရီးအေ ကလပ် နာပိုလီရဲ့ ပစ်မှတ် စာရင်းထဲ ပြန်လည် ရောက်ရှိလာကြောင်း သိရပါတယ်။ နာပိုလီဟာ အန်ဒိုရီကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့် လစ်ဗာပူးလ် တောင်ပံကစားသမားကို ပြန်လည် ပစ်မှတ်ထားလာတာ ဖြစ်ကြောင်း Corriere dello Sport က ဖော်ပြပါတယ်။

အင်တာမီလန် ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း နည်းပြ အန်ဇို မာရက်စကာ အနေနဲ့ မကြာသေးတဲ့ ကာလ အတွင်း ကစားသမားရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် ရောင်းချဖို့ စိတ်အားထက်သန်နေခြင်း မရှိကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးဟာ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား လူးကပ်စ် ပါကေးတားကို စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာကြောင်း သိရပါတယ်။ Globo Esporte ရဲ့ ဖော်ပြချက်အရ စီးတီးဟာ ဘရာဇီးလ်သားကို ပေါင်သန်း ၅၀ ကနေ ပေါင် သန်း ၆၀ ကြားနဲ့ သဘောတူညီမှု ရရှိနိုင်ဖွယ် ရှိနေပါတယ်။
ဘရန့်ဖို့ဒ် ကတော့ အာဆင်နယ် တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို မျက်စိကျနေကြောင်း FootballTransfers က ဖော်ပြပါတယ်။ ဘယ်လ်ဂျီယံသား ကတော့ မှန်ကန်တဲ့ ပရောဂျက် အတွက် အသင်း ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ နော့တင်ဟမ်ဖောရက်စ်က မော်ဂန် ဂစ်ဘ်-ဝှိုက်ကို လွဲချော်ခဲ့ပေမယ့် အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျက်ကော့ဘ် ရမ်ဆေးကို ခေါ်ယူသွားဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ လိုက်ပ်ဇစ် တိုက်စစ်မှူး လိုရစ် အိုပန်ဒါ ကတော့ ဆန်းဒါးလန်း အတွက် ရည်မှန်းချက် ကြီးမားတဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ဇာဗီ ဆိုင်မွန်စ် တို့ကို လက်လွှတ်ရဖွယ် ရှိတာကြောင့် နောက်ထပ် ကစားသမား အထွက်တွေကို ခွင့်ပြုသွားဖို့ မရှိတော့ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.