ချဲလ်ဆီး ကတော့ အေဂျက်စ်က အသက် ၁၉ နှစ် အရွယ် ဂျော်ရဲလ် ဟာတိုကို ပြောင်းရွှေ့ကြေး ယူရို ၄၄.၁၈ သန်း (ပေါင် ၃၈.၅ သန်း) နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ နယ်သာလန် ခံစစ် ကစားသမားလေးကို ၂၀၃၂ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၇ နှစ် စာချုပ်လည်း ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဟာတို ကတော့ အေဂျက်စ်မှာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ပြီးတော့ မကြာသေးတဲ့ နှစ်ပိုင်း အတွင်းမှာ သူ့ရဲ့ ခြေစွမ်းအဆင့်အတန်းတွေကို မြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေက သူ့ရဲ့ အချိန်တိုတွင်း တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေကို စိတ်ဝင်စားခဲ့ကြပြီး ချဲလ်ဆီးက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟာတိုက အေဂျက်စ် အတွက် တတိယမြောက် အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပြီး ၁၇ နှစ် အရွယ်မှာပဲ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန်သားက ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း အေဂျက်စ် အတွက် ပြိုင်ပွဲစုံ ၉၆ ပွဲ အထိ ကစားပေးခဲ့ပြီး အကောင်းဆုံး ကစားသမားဆုတွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဟာတိုက နယ်သာလန် လက်ရွေးစင် အသင်း အတွက်လည်း ၆ ပွဲ ကစားထားပါတယ်။
အခုတော့ ဟာတိုက အသက်ငယ်ငယ်နဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တစ်ခုကို ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီး အတွက် ဒီနွေရဲ့ ၇ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးက မနေ့ကပဲ ဟာတိုကို တရားဝင် ကြေညာသွားခဲ့ပြီးတော့ ကစားသမား လည်း သူ့ရဲ့ အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ဂျော်ရဲလ် ဟာတိုက “ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ ဒီမှာ နေရတာ အရမ်းလည်း ပျော်ပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ကို အများကြီး တွေးပြီး ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ နောက်တစ်ဆင့် တက်ချင်ခဲ့တာပါ။ ချဲလ်ဆီးက ကျွန်တော့် အတွက် အကောင်းဆုံး နေရာ ဖြစ်လို့ ကျွန်တော် အရမ်းပဲ ပျော်ပါတယ်။” လို့ ဆိုပါတယ်။
ချဲလ်ဆီး ကတော့ ဒီနွေရာသီ ခေါ်ယူမှု အားလုံး အတွက် စုစုပေါင်း ကုန်ကျစရိတ် ယူရို သန်း 280 (ပေါင် 244 သန်း) ကျော်သွားခဲ့ပြီး အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ အချိန် တစ်လ ကျန်ရှိနေချိန်မှာ ပြီးခဲ့တဲ့ နှစ်က အသုံးစရိတ်ကိုလည်း ကျော်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဟာတို ကိုတော့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သား ကတော့ ချဲလ်ဆီး ကသာ သူ့အတွက် အကောင်းဆုံးသော ခြေလှမ်း ဖြစ်ကြောင်း ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။
“ဒါက ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ကျွန်တော် အေဂျက်စ်မှာ ၇ နှစ်ကြာ ကစားခဲ့ပြီး ကျွန်တော့် အတွက် ကတော့ အိမ်ကွင်း ပရိသတ်တွေ၊ ကစားသမားတွေ၊ နည်းပြတွေနဲ့ ယဉ်ကျေးမှုတွေက အရေးပါခဲ့တယ်။ ဒါကြောင့် ထွက်ခွာဖို့ မလွယ်ပေမယ့် ကျွန်တော့်ရဲ့ ခံစားချက်ကတော့ ပြိုင်ပွဲတွေမှာ အကြီးမားဆုံး ကလပ် အသင်းဆီ လှမ်းတက်ဖို့ လိုအပ်ပြီး ကျွန်တော့် အတွက် ကတော့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။” လို့ ဟာတိုက သူ့ရဲ့ ချဲလ်ဆီးနဲ့ ပထမဆုံး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဟာတိုက ပရီးမီးယားလိဂ် ကလပ်နဲ့ ဒီတစ်ပတ်ထဲမှာ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ ဟာတို ရောက်ရှိလာခြင်းနဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ချဲလ်ဆီးရဲ့ လူစာရင်း ကတော့ ပိုမို တောင့်တင်းသွားခဲ့ပြီး အခု ဆိုရင်တော့ အသင်းမှာ အနာဂတ် မရှိတဲ့ ကစားသမားတွေကိုပဲ ရှင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.