အဒမ်မိုလာ လွတ်ခ်မန်း ကတော့ ဒီနွေရာသီမှာ အတ္တလန္တာ ကနေ ထွက်ခွာလိုကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားသူ ဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီး အင်တာမီလန်ရဲ့ ပစ်မှတ် ဖြစ်တဲ့ လွတ်ခ်မန်းက ဒီနွေရာသီမှာ သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရှိလာရင် ထွက်ခွာခွင့်ပြုဖို့ အတ္တလန္တာ တာဝန်ရှိသူတွေကို တောင်းဆိုထားတာပါ။ ဒါပေမယ့်လည်း အတ္တလန္တာ တာဝန်ရှိသူတွေက သူတို့ရဲ့ ကြိုတင် သဘောတူညီချက်ကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း လွတ်ခ်မန်းက ဖွင့်ဟလာခဲ့ပါတယ်။
လွတ်ခ်မန်းက သူ့ရဲ့ X အကောင့် ကနေ တဆင့် ပျက်သွားသော ကတိတွေနဲ့ ကလပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ ဆိုပြီး သူ့ရဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေမှုကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လွတ်ခ်မန်းဟာ ၂၀၂၃-၂၀၂၄ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူပြီးနောက် အတ္တလန္တာကို ၄၉ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဥရောပဆုဖလား ရယူပေးနိုင်ခဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်ခ်မန်းက ပြီးခဲ့တဲ့ ရာသီက အတ္တလန္တာ အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားရာမှာ ဂိုး ၂၀ သွင်းပြီး ၆ ဂိုး ဖန်တီးကာ ခြေစွမ်းပြခဲ့ပါသေးတယ်။
လွတ်ခ်မန်းက အတ္တလန္တာမှာ ကစားရတာ အမြဲတမ်း နှစ်သက်ကြောင်း ပြောကြားထားပေမယ့်လည်း သူ့အနေနဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ဖို့ အချိန်တန်ပြီလို့ လက်ခံထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လွတ်ခ်မန်းကို စီးရီးအေ ထိပ်သီး ကလပ် အင်တာမီလန်က ခေါ်ယူချင်နေပြီး သူ ကိုယ်တိုင် ကလည်း မီလန်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီအချိန်မှာ အတ္တလန္တာ ဘက်က သူ့ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေတဲ့ အတွက် နိုင်ဂျီးရီးယားက မကျေမနပ် ဖြစ်နေပြီး အခုလိုပဲ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

လွတ်ခ်မန်းက “အရင်တုန်းက ကျွန်တော့် အတွက် အတ္တလန္တာကို ချဉ်းကပ်ခဲ့တဲ့ ကလပ်တွေ အများကြီး ရှိခဲ့ပြီး ကျွန်တော်လည်း အမြဲတမ်း သစ္စာရှိခဲ့ပါတယ်။ အခုလည်း ဆွေးနွေးထားတဲ့ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုတွေ လက်ခံရရှိထားပေမယ့်လည်း ကလပ် ဘက်က နားမလည်နိုင်တဲ့ အကြောင်းပြချက်တွေနဲ့ အခွင့်အရေးကို ပိတ်ပင်ထားပါတယ်။”
“ဝမ်းနည်းစရာက ကျွန်တော် ယုံကြည်တာက မှန်ကန်ကြောင်း ပြောဖို့က လွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတာပါပဲ။ ကျွန်တော် ခံစားရက လုံလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော် အမြဲတမ်း ဂုဏ်ယူစွာနဲ့ ဒီဂျာစီကို ဝတ်ဆင်ခဲ့ပြီး အတ္တလန္တာကို နှလုံးသား၊ စိတ်အားထက်သန်မှု၊ ကတိကဝတ်တွေနဲ့ ကိုယ်စားပြုခဲ့တာပါ။ ဒါပေမယ့်၊ လပေါင်းများစွာ ကျိုးပဲ့တဲ့ ကတိတွေနဲ့ ဆက်ဆံမှုတွေက တရားမျှတမှု မရှိဘူးလို့ ခံစားလာရပြီး၊ ထုတ်ဖော် ပြောဆိုဖို့နဲ့ တရားဝင် ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုချက်က လွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။” လို့ လွတ်ခ်မန်းက ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ လွတ်ခ်မန်းက သူ့ရဲ့ လူမှုကွန်ယက် အကောင့်တွေမှာ အတ္တလန္တာနဲ့ ထင်သာမြင်သာတဲ့ ချိတ်ဆက်မှု အားလုံးကို ဖယ်ရှားလိုက်ပြီး အသင်း ပြောင်းခွင့်ရဖို့ကို တွန်းအားပေး လုပ်ဆောင်နေပါတယ်။ အတ္တလန္တာ ကတော့ လွတ်ခ်မန်းကို ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီမှာ ခေါ်ယူခဲ့ပြီးတော့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
လွတ်ခ်မန်းဟာ အတ္တလန္တာကို ပြောင်းရွှေ့ခဲ့ချိန်ကစလို့ စီးရီးအေမှာ သူ့ထက် ဂိုးပါဝင် ပတ်သတ်မှု ပိုများတဲ့ ကစားသမား ဆိုလို့ လော်တာရို မာတီနက်ဇ် (၆၉ ကြိမ်) သာ ရှိခဲ့တာ ဖြစ်ပါတယ်။ လွတ်ခ်မန်းဟာ အတ္တလန္တာမှာ ပြိုင်ပွဲစုံ ၁၁၈ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းယူထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.