နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချက်စတာယူနိုက်တက်ဟာ စီမံကိန်းသစ် အောက်မှာ ပိုပြီး စနစ်တကျ ရှိလာကြောင်း ပြောဆိုလာခဲ့တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ စီမံကိန်းသစ် အောက်မှာ ပိုပြီး စနစ်တကျ ရှိလာကြောင်း နည်းပြ ရူဘင် အမော်ရင်က ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အမော်ရင်က ကလပ်ဟာ အသေးစိတ်က အစ ပြုပြင် ပြောင်းလဲနေပြီးတော့ စီမံကိန်းသစ်မှာ ကစားသမားတိုင်း ပါဝင်လာဖို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၄-၂၀၂၅ ဘောလုံးရာသီမှာ အဆိုးရွားဆုံး အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရပြီး နည်းပြ အမော်ရင် အနေနဲ့လည်း အသင်းကို အစအဆုံး ပြန်လည် တည်ဆောက်နေရတာ ဖြစ်ပါတယ်။ အမော်ရင် အနေနဲ့လည်း ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်ကို လုံးဝ မကယ်တင်နိုင်ခဲ့ပဲ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာနဲ့ပဲ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာလည်း တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပဝင်ခွင့် အပြင် အကျိုးအမြတ် များစွာ ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အမော်ရင် ကတော့ သူ့ အနေနဲ့ ယူနိုက်တက်ကို အနာဂတ်မှာ များစွာ တိုးတက်လာအောင် ကူညီနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသေးအဖွဲလို့ ထင်ရတဲ့ ကိစ္စတွေက အစ အသင်း အတွက် အများကြီး အထောက်အကူပြု နိုင်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမော်ရင်က MUTV နဲ့ အင်တာဗျူးမှာ “ကျွန်တော် တို့ဟာ နေ့စဉ်လုပ်ဆောင်မှုတွေရဲ့ အသေးစိတ်တိုင်းမှာ ပိုကောင်းလာတယ်လို ထင်ပါတယ်။ အာဟာရပိုင်း၊ ချက်ပြုတ်ပုံ၊ စားသောက်တဲ့ ပုံစံ၊ လေ့ကျင့်ခန်း ပြင်ဆင်ပုံ အထိ အရာအားလုံးမှာ ပိုပြီး စနစ်တကျ ရှိလာပါတယ်။ အခုဆိုရင် ကျွန်တော့် တိုကို ပိုကောင်းအောင် ကူညီပေးမယ့် ကျွမ်းကျင် သူတွေ ရှိနေပါပြီ။ အရင်နှစ်ကလို အသေးအမွှား ကိစ္စတွေကို ကျွန်တော် ကိုယ်တိုင် လိုက်ပြီး စိုးရိမ် ပူပန်နေစရာ မလိုတော့ပါဘူး။ ဒီအချက်တွေက ကျွန်တော့် ကိုရော နည်းပြအဖွဲဝင်တွေ ကိုပါ ပွဲအကြောင်း၊ အသင်း အကြောင်း ပိုပြီး အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။ ဒါဟာ ကစားသမားတွေ အတွက်လည်း ကြီးမားတဲ့ အကူအညီပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နွေရာသီ စီးရီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။
ဒီနွေရာသီမှာ ခြေစမ်းပွဲ ၄ ပွဲ ကစားပြီး ရှုံးပွဲ မရှိသေးတဲ့ ယူနိုက်တက်

ဆက်လက်ပြီး အမော်ရင်က ကစားသမားတွေရဲ့ ကွင်းပြင်ပက စီမံခန့်ခွဲမှု ပုံစံတွေနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “လုံးဝကို ကွဲပြား ခြားနားသွားပါပြီ။ ဒီအသေးစိတ် အပြောင်းအလဲတွေက ပွဲတွေကို တိုက်ရိုက် အနိုင်ရစေတာ မျိုးတော့ မဟုတ်ပေမယ့် ပွဲတွေကို အနိုင်ရဖို့ အတွက်တော့ အများကြီး အထောက်အကူပြုပါလိမ့်မယ်။ အရင်တုန်းက ဆို ကစားသမားတွေက ထမင်းစားပြီးတာနဲ့ ချက်ချင်း ထပြန်သွားကြတယ်။ အခုတော့ တစ်ယောက်ကို တစ်ယောက် စောင့်နေကြတယ်။ အသင်းနဲ့ အတူ ပိုပြီး အချိန်ကြာကြာ ရှိနေကြတယ်။ သူတို့ဆီက ထွက်လာတဲ့ ဆူဆူညံညံ အသံတွေ ကနေတောင် အခြေအနေတွေ ပိုကောင်းလာတာကို ခံစားလို့ ရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ အမော်ရင်က အသင်းရဲ့ စီမံကိန်းသစ်မှာ ကစားသမားတိုင်း ပါဝင်လာဖို့ မျှော်လင့်ထားကြောင်း၊ ကစားသမား တွေက အကောင်းဆုံး ကြိုးစားနေကြပြီး သူတို့ အနေနဲ့ ရာနှုန်းပြည့် အားထုတ်ရမယ် ဆိုတာကို နားလည်ထားကြကြောင်း ပြောကြားခဲ့ပါတယ်။ အကယ်၍ အသင်းသားတွေ အနေနဲ့ ရာနှုန်းပြည့် မပေးဆပ်ဘူး ဆိုရင်တော့ သူတို့ အတွက် ဒီနေရာမှာ ရပ်တည်နိုင်ဖို့ ခက်ခဲသွားမှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နွေရာသီ စီးရီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီပြိုင်ပွဲမှာ ဝက်စ်ဟမ်းနဲ့ ဘုန်းမောက်ကို အနိုင်ရပြီး အဲဗာတန်နဲ့တော့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ် တချို့ ကတော့ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ခြေစွမ်းကို လုံးဝ သဘောကျခြင်း မရှိသေးသလို တချို့ ကတော့ အသင်းရဲ့ ရာသီကြို အောင်မြင်မှုတွေ အတွက် ကျေနပ်အားရလျက် ရှိနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်