နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်က နီကိုထက် ပိုကောင်းပါတယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ ဥက္ကဌဟောင်း | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ဥက္ကဋ္ဌဟောင်း ယိုအန် ဂက်စ်ပတ် ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ နီကို ဝီလီယမ်စ်ထက် ပိုကောင်းသူ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီနွေရာသီမှာ နီကို ဝီလီယမ်စ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ပြီး ခေါ်ယူချင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ယူနိုက်တက်ရဲ့ အပယ်ခံ ရက်ရှ်ဖို့ဒ် ကိုသာ အငှားနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အနေနဲ့ စပိန် တိုက်စစ် ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ကစားသမားက ဘီလ်ဘာအိုနဲ့သာ ၁၀ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် လာလီဂါ ချန်ပီယံ တို့က အင်္ဂလန် တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ် ဘာစီလိုနာကို မရောက်ရှိခဲ့ခြင်း အတွက်လည်း သူ့ရဲ့ အစ်ကို ဖြစ်တဲ့ အင်နာကီ ဝီလီယမ်စ်က ဘာစီလိုနာဟာ အပြောင်းအရွှေ့ ပုံပြင်တွေ ပြောပြီး လိမ်ညာခဲ့ကြောင်း ဝေဖန်ထားပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဘာစီလိုနာ ဥက္ကဌဟောင်းက အခုလိုပဲ တုန့်ပြန် ပြောကြားလာခဲ့ပါတယ်။ ယိုအန် ဂက်စ်ပတ်က “ကျွန်တော့် အတွက်တော့ ရက်ရှ်ဖို့ဒ်က နီကိုထက် ပိုကောင်းပါတယ်။ အီနာကီ ပြောတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ဘီလ်ဘာအို ဒေါသထွက်တာ ကိုလည်း နားမလည်ပါဘူး။ ဘီလ်ဘာအိုက ကစားသမားတွေ ကိုလည်း ကျွန်တော်တို့ အရင်က ခေါ်ယူခဲ့ဖူးပါတယ်။ ကလပ် ဥက္ကဋ္ဌနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ခင်ဗျားတို့ကို ပြောချင်တာက အဲဒါက ပြီးသွားပါပြီ။ လာမယ့်ရာသီကို အာရုံစိုက်ပြီး အသင်းနဲ့ ထူးထူးခြားခြား လုပ်ဆောင်နိုင်ဖို့ အတွက် နည်းပြကို ယုံကြည်ရမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာက ဆီမီးဖိုင်နယ်မှာ မထင်မှတ်ပဲ အင်တာမီလန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရကာ လာလီဂါ အပါအဝင် ဆုဖလား ၃ လုံးပဲ ကိုင်မြှောက်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက အတိုင်း ဘာစီလိုနာကို မြင်ချင်နေတဲ့ ဘာစီလိုနာ ဥက္ကဌဟောင်း ဂတ်စ်ပတ်

ဆက်လက်ပြီး ဂက်စ်ပတ်က “ဘာဆာက ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ဘယ်အရာက စိတ်အလှုပ်ရှားစေဆုံးလဲလို့ မေးရင်တော့ ရည်မှန်းချက် လို့ပဲ ဖြေရမှာပါ။ သူတို့ အင်အားတွေ၊ ကစားဟန်ကောင်းတွေနဲ့ အဆုံးသတ်နိုင်ခဲ့သလိုပဲ သူတို့ ပြန်လည် စတင်နေပါတယ်။ ဂိုးသမား ယိုအန် ဂါစီယာ လိုမျိုး အရေးကြီးတဲ့ ခေါ်ယူမှုတွေနဲ့ အတူ ပျော်ရွှင်မှု များစွာကို ယူဆောင်လာပေးမယ့် အသင်း တစ်သင်း ရှိပါတယ်။ ရာသီစပြီး လေးရက် အတွင်းမှာပဲ နောက်ဆုံး ရာသီရဲ့ ရလဒ်တွေ အတိုင်း လုပ်ဆောင်နိုင်မယ် ထင်ပါတယ်။ ချန်ပီယံလိဂ် မှာရောပေါ့။” လို့ ပြောကြားခဲ့ပါသေးတယ်။

ယိုအန် ဂတ်စ်ပတ်က ဥရောပ ပြိုင်ပွဲတွေမှာ မျှော်လင့်ချက်နဲ့ လက်တွေ့ဆန်မှု အကြား ချိန်ခွင်လျှာကို ဘယ်လို ချိန်ညှိရမယ် ဆိုတာနဲ့ ပတ်သတ်လို့လည်း ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။ “ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ နီးစပ်ခဲ့ပါတယ်၊ မိနစ် အနည်းငယ်ကြာတော့ ကျွန်တော်တို့ ဖိုင်နယ်ကို ရောက်နေခဲ့ပါတယ်။ တခြားအသင်းတွေ ကလည်း အားကောင်းလာပေမယ့် ကစားသမားတွေ အနေနဲ့ ပရိသတ်တွေ အတွက် ချန်ပီယံလိဂ်မှာ အကြွေးဆပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒါကို အနိုင်ရချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ နောက်ဆုံး ရာသီကလိုမျိုး တောက်ပတဲ့ ရာသီ တစ်ခုကို ထပ်ပြီး ပိုင်ဆိုင်ချင်ပါတယ်။” လို့ ဂတ်စ်ပတ်က ဆိုပါတယ်။

ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ ရာသီက နည်းပြ ဟန်ဆီ ဖလစ်ခ်နဲ့ အတူ ပြည်တွင်း ပြိုင်ပွဲ အားလုံးမှာ အောင်မြင်မှု ရခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ဆီမီးဖိုင်နယ်မှာ မထင်မှတ်ပဲ အင်တာမီလန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရကာ လာလီဂါ အပါအဝင် ဆုဖလား ၃ လုံးပဲ ကိုင်မြှောက်ခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်