နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုကို ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ သတင်းတွေအရဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုမှာ ကနဦး ပေးချေမှုတင် ယူရို ၇၅ သန်း ရှိကြောင်း သိရပါတယ်။

အသက် ၂၂ နှစ် အရွယ် ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာ သင့်လျော်တဲ့ ပမာဏ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အတွက် မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို နှစ်ဦးကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရူဘင် အမော်ရင်ရဲ့ အသင်းက ဂိုးသွင်း သေချာမယ့် အထောင်တိုက်စစ်မှူး တစ်ဦးကို လိုချင်နေပြီး ဆက်စ်ကို ကို ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

နည်းပြ ရူဘင် အမော်ရင်ဟာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီးတို့ ရှိနေတဲ့ တိုက်စစ်ပိုင်းကို စံနှုန်း မပြည့်မီဘူးလို့ ယူဆထားတာကြောင့် ဆက်စ်ကိုကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကလည်း အသင်းဟာ ကစားသမား တချို့ ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံထားပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်ကို ရောက်ရှိသွားခဲ့တဲ့ ဗစ်တာ ယိုကီးရက်စ် ကိုလည်း ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ 

ဆက်စ်ကို ကို ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ မတိုင်ခင်က ပရီးမီးယားလိဂ် ကလပ်ပဲ ဖြစ်တဲ့ အာဆင်နယ်က ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ ခေါ်ယူနိုင်ဖို့လည်း အနီးစပ်ဆုံး အခြေအနေအထိ ရောက်ခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့်နဲ့ လိုက်ပ်ဇစ် ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး လုပ်ခလစာတွေ တောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာပါ။

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကလည်း ဆက်စ်ကို အတွက် ယူရို သန်း ၈၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
အထောင်တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသွားမယ့် မန်ချက်စတာယူနိုက်တက်

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကလည်း ဆက်စ်ကို အတွက် ယူရို သန်း ၈၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ နယူးကာဆယ်နဲ့ လိုက်ပ်ဇစ် အကြားမှာလည်း ဆက်စ်ကို အတွက် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ငှက်ကြားတွေဟာ ကစားသမား အနေနဲ့ ယူနိုက်တက်ထက် သူတို့ အသင်းဆီကို ပြောင်းရွှေ့လာဖို့ အတွက် ပိုပြီး ဆွဲဆောင်မှု ရှိတဲ့ ကမ်းလှမ်းမှုနဲ့ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေကို တင်ပြထားခဲ့ကြောင်း သိရပါတယ်။

နယူးကာဆယ်ဟာ ဆက်စ်ကိုကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို လစ်ဗာပူးလ်ထံ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ လက်ရှိ အချိန်ထိတော့ ငှက်ကြားတွေက အိဆက်ခ် အတွက် ပေါင် သန်း ၁၅၀ ဝန်းကျင် လိုချင်နေဆဲ ဖြစ်ပြီး ဆလိုဗေးနီးယားသား ရောက်ရှိလာခဲ့ရင်တော့ ဆွီဒင် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေးကို သိသိသာသာ လျှော့ချပေးသွားဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်က ဆက်စ်ကို,ကို ခေါ်ယူနိုင်ခဲ့ရင်တော့ အသင်းမှာ အဆင်မပြေတဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ပြန်လည် ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ ဟွိုက်ဂျ်လန်း ကိုတော့ စီးရီးအေ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေပေမယ့် ယူနိုက်တက် ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ ပေးချေဖို့ ဆန္ဒမရှိကြကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေအရတော့ ဆက်စ်ကိုကို ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ နှစ်သင်းပဲ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိပြီးတော့ ဆလိုဗေးနီးယားသား အနေနဲ့ မကြာခင် မှာတော့ ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်