ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ကွင်းလယ်လူဟောင်း သောမတ်စ် ပါတေး ကတော့ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ခံရပေမယ့် အာမခံရရှိခဲ့ပြီလို့ သိရပါတယ်။ ပါတေး ကတော့ အဓမ္မပြုကျင့်မှု ၅ မှု အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုနဲ့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်း ပြစ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေ အပေါ် အင်္ဂလန်နဲ့ ဝေလရဲ့ ပြည်နယ် အစိုးရ တရားရေးဌာန ဖြစ်တဲ့ CPS ကနေ တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်း မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ရဲ့ ဖော်ပြထားတာပါ။
အသက် ၃၂ နှစ် အရွယ် ဂါနာ လက်ရွေးစင် ကစားသမားဟာ အဆိုပါ စွဲချက်တွေ အတွက် သူကိုယ်တိုင် ဝက်စ်မင်စတာ မက်ဂီစထရိတ်စ် တရားရုံးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အာမခံထဲမှာတော့ အမျိုးသမီး ၃ ဦးနဲ့ မဆက်သွယ်ရ၊ လိပ်စာ အပြောင်းအလဲ သိုမဟုတ် နိုင်ငံတကာ ခရီးသွားလာမှု အတွက် ရဲတပ်ဖွဲ့ထံ အသိပေးရမယ့် အချက်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ပါတေးရဲ့ ရှေ့နေတွေ ကတော့ သူတို့ရဲ့ အမှုသည် အနေနဲ့ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက် အားလုံးကို ငြင်းဆိုထားကြောင်း ပြောကြားထားပါတယ်။ ဒါ့အပြင် ပါတေးက ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုမှာ ရဲတပ်ဖွဲ့၊ CPS တိုနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဒါ့အပြင် အမှုမှာ သူ့ရဲ့ နာမည်ကို ရှင်းလင်းခွင့် ရဖို့ ကြိုးစားနေကြောင်း၊ အခုတော့ တရားဝင်တဲ့ လုပ်ဆောင်မှုတွေ အတွက် ရှေ့ဆက်နေကြောင်း ထုတ်ပြန် ကြေညာထားခဲ့ပါတယ်။

သောမက်စ် ပါတေး ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ ဖြစ်နေသူပါ။ ပါတေးဟာ ပြီးခဲ့တဲ့ ဇွန်လမှာ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် မြောက်လန်ဒန် ကလပ် ကနေ ထွက်ခွာခဲ့ပြီးတော့ အာဆင်နယ် ဘက်က သက်တမ်း မတိုးတော့ဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကစားသမားနဲ့ လုပ်ခလစာ၊ သက်တမ်းတိုးတဲ့ အချိန်ကာလ စတဲ့ ကိစ္စတွေမှာ ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် လက်လျှော့ခဲ့တယ်လို့ သိရပေမယ့် တချို့ ကတော့ ပါတေး ရင်ဆိုင်နေရတဲ့ အမှုကိစ္စကြောင့် ဂန်းနားတို့ လက်ရှောင်ခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်လျက် ရှိပါတယ်။
သူဟာ မြောက်လန်ဒန် ကလပ်နဲ့ လမ်းခွဲပြီး ၄ ရက် အကြာမှာပဲ တရားစွဲဆိုခံရတာ ဖြစ်ပြီး အာဆင်နယ် တာဝန်ရှိသူတွေ ကတော့ ဒီကိစ္စကို ပါးပါးနပ်နပ် ကိုင်တွယ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ပါတေးက လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ ကစားဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဂါနာ လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမား သောမတ်စ် ပါတေးက ဗီလာရီးရဲလ်နဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုတော့မယ်လို့လည်း သိရပါတယ်။
ဗီလာရီးရဲလ် ကတော့ ပါတေးရဲ့ အမှု ကိစ္စတွေ ရှိနေသည့်တိုင်အောင် ကစားသမားကို ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူခဲ့တာ ဖြစ်ပြီး ဆေးစစ်မှုလည်း အောင်မြင်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ သောမက်စ် ပါတေးဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အက်တလက်တီကိုမက်ဒရစ်မှာ စတင်ခဲ့သူ ဖြစ်ပြီး မာယော့ကာ၊ အဲလ်မီးရီးယား တို့လို အသင်းမှာလည်း ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပါတေးက သူ့ အတွက် မစိမ်းလှတဲ့ စပိန်မြေကို တစ်ကျော့ပြန် ခြေချခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပါတေးဟာ အက်တလက်တီကိုမက်ဒရစ်မှာ ၁၈၈ ပွဲ ကစားခဲ့သလို ပရီးမီးယားလိဂ် ကလပ် မှာလည်း ၅ ရာသီ အတွင်း ၁၆၇ ပွဲ အထိ ပါဝင် ကစားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.