နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါင်သန်း ၁၀၀ ကျော်တန် ပြောင်းရွှေ့ကြေးကြောင့် ဖိအားတွေ ရှိနေမှာ မဟုတ်တဲ့ ဝစ်ဇ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကွင်းလယ် တိုက်စစ် ကစားသမားသစ် ဖလော်ရီယန် ဝစ်ဇ် ကတော့ သူ့ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်လို့ ပထမဦးဆုံး အကြိမ် ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီနွေရာသီမှာ ဂျာမန် ကြယ်ပွင့်လေး ဖလော်ရီယန် ဝစ်ဇ်ကို ပေါင် ၁၁၆ သန်း ပေးချေကာ ခေါ်ယူခဲ့ရတာပါ။ ဒါပေမယ့်လည်း ဝစ်ဇ် ကတော့ ပြောင်းရွှေ့ကြေးက သူ့အတွက် အရေးမကြီးပဲ ဘောလုံးသာ အာရုံစိုက်ကစားချင်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

The Times သတင်းစာနဲ့ အင်တာဗျူးမှာ ဝစ်ဇ်က “ကျွန်တော် ဒါကို မတွေးပါဘူး။ ကျွန်တော်က ဘောလုံးပဲ ကစားချင်တာပါ။ ကလပ် အသင်းတွေ အချင်းချင်း ဘယ်လောက် ပိုက်ဆံပေးတယ် ဆိုတာက အရေးမကြီးပါဘူး။ စိန်ခေါ်မှု အကြီးဆုံး ကတော့ ချန်ပီယံဆုကို ပြန်ပြီး ဆွတ်ခူးနိုင်ဖို့ပါပဲ။ အဲဒါက အခက်ခဲဆုံး အရာ ဖြစ်တာကြောင့် ကျွန်တော် အခွင့်အရေးတွေ ဖန်တီးပေးဖို့နဲ့ ဘောလုံးမရတဲ့ အချိန် မှာလည်း ကြိုးစားပြီး ပြေးလွှား ကစားနေမှာပါ။ ဒါကို အသင်းဆီ ယူဆောင်လာဖို့ ကြိုးစားသွားပါမယ်။ ပြီးတော့ ဘောလုံးရတဲ့ အချိန် မှာလည်း ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ပိုကောင်းတဲ့ အနေအထားတွေ ရောက်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျာမနီ လက်ရွေးစင် ကစားသမား ဝစ်ဇ်က ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဗြိတိန် ဘောလုံးလောကရဲ့ တန်ဖိုး အကြီးဆုံး ကစားသမားလည်း ဖြစ်ခဲ့သူပါ။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဝစ်ဇ်က အနေနဲ့ သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့် ဖိအားများစွာ ရှိနေပြီး သူ့ရဲ့ တန်ဖိုးကို မေးခွန်းထုတ်စရာတွေ မဖြစ်လာခင် ချက်ချင်းပဲ ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် ဝစ်ဇ်ဟာ သူ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတွေ အတွက် အပင်ပန်းခံပြီး စိတ်ပူနေမှာ မဟုတ်ကြောင်း ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အတွက် သွင်းဂိုး ၁ ဂိုး ရယူထားနိုင်ပြီ ဖြစ်တဲ့ ဖလော်ရီယန် ဝစ်ဇ်

အဲဒီနောက် ဝစ်ဇ်က သူ့ အနေနဲ့ အင်္ဂလန်မှာ သင်ယူစရာတွေ အများကြီး ရှိနေတာကို လက်ခံပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာနဲ့ ပတ်သက်လို့လည်း အခုလို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ မကစားဖူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ဒါကို မျှော်လင့်နေပြီး အဲဒါကြောင့်လည်း ဒီကို ရောက်လာခဲ့တာပါ။ ရိုးရိုးသားသား ပြောရရင် ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။ ဂျာမန် လိဂ်နဲ့ သေချာပေါက် ကွာခြားမှုတွေ ရှိမှာပါ။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ကို ပိုကောင်းလာအောင် လုပ်ပေးနိုင်မယ့် သင်ယူစရာ တစ်ခုလည်း ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် တကယ်ကို မျှော်လင့်နေပါတယ်။ ပွဲတွေက ပိုမို ပြင်းထန်ပြီး ကြမ်းတယ်လို့တော့ သူတို့က ပြောပါတယ်။ ကစားသမားတိုင်းက တကယ်ကို သန်မာပြီး မြန်ဆန်ကြပါတယ်။ ဒါကတော့ လူတိုင်း ကျွန်တော့်ကို ပြောပြနေတဲ့ အရာ ဖြစ်ပြီး ကျွန်တော် လည်း သိထားပါတယ်။” လို့ ဆိုပါတယ်။

ဖလော်ရီယန် ဝစ်ဇ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ ရာသီကြို ခြေစမ်းပွဲတွေ ကစားထားပြီး ဂိုးလည်း သွင်းယူထားနိုင်ပါတယ်။ ဂျာမန် ကြယ်ပွင့်က အာရှခရီးစဉ် အတွင်း ယိုကိုဟားမား အက်ဖ် မားရီနို့စ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ လစ်ဗာပူးလ် အတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဘုန်းမောက်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ဩဂုတ်လ ၁၆ ရက်နေ့မှာ ဘုန်းမောက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်