နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒါဝင် နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိထားပြီ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ အဲလ်ဟီလာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ အလွန် နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိမှာ နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် ကလပ် အသင်း နှစ်ခု အကြားမှာ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားခဲ့ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက် ကိုသာ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ကလပ် အသင်း အချင်းချင်း သဘောတူညီမှု ရရှိပြီး ဖြစ်တာကြောင့် အဲလ်ဟီလာ ဘက်က ဒါဝင် နူညက်ဇ်နဲ့ တစ်ဦးချင်း သဘောတူညီမှုတွေ ဖြစ်တဲ့ လုပ်ခလစာ၊ စာချုပ်သက်တမ်း စတဲ့ အချက်တွေ ကိုသာ ဆွေးနွေး ညှိနှိင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲလ်ဟီလာ နည်းပြ ဆီမြွန်နီ အင်ဇာဂီ ကိုယ်တိုင်က ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို စိတ်အားထက်သန်နေပြီး အပြောင်းအရွှေ့ရဲ့ အဓိက အခန်းကဏ္ဉ ကနေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အတွက် ငွေကြေး အများအပြား သုံးစွဲထားပြီး ပြင်သစ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ပေါင် ၇၉ သန်းနဲ့ ခေါ်ယူထားသလို နယူးကာဆယ် ကြယ်ပွင့် အလက်ဇန်းဒါး အိဆက်ခ် ကိုလည်း ပေါင်သန်း ၁၁၀ ကျော်နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ် အတွက်လည်း စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော် သုံးစွဲထားပါတယ်။

သတင်းဌာန တော်တော်များများ ကတော့ နူညက်ဇ် အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာကို ပြောင်းရွေ့ဖို့ သေချာသလောက် ရှိနေကြောင်း ရေးသား ဖော်ပြနေကြပါတယ်။
တိုက်စစ် ကစားသမားတွေကို ပြန်လည် ရောင်းထုတ်နေတဲ့ လစ်ဗာပူးလ်

ဒါကြောင့် လစ်ဗာပူးလ်က ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ လုပ်ဆောင်နေရသလို ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ အတွက်လည်း ရန်ပုံငွေ လိုအပ်ချက် ရှိနေခဲ့ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်ဟာ လူးဝစ္စ ဒီးယက်ဇ်ကို ပေါင် ၅၉ သန်းနဲ့ ဘေယန်မြူးနစ်ဆီ ရောင်းချခဲ့ပြီး အခုလည်း ဒါဝင် နူညက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အဲလ်ဟီလာဆီ လက်လွှတ်သွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ကလပ် နှစ်သင်းအကြားမှာ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပေမယ့် အပြောင်းအရွှေ့ အထမြောက်ဖို့ အတွက် ဆိုရင်တော့ နူညက်ဇ် ခေါင်းညှိတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နူညက်ဇ် အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ ကစားမလား။ ဒါမှမဟုတ် ဥရောပ ကလပ် တစ်ခု ဆီကိုသာ ပြောင်းရွှေ့ချင်နေသးလား ဆိုတာ ကတော့ မကြာခင် ရက်ပိုင်း အတွင်း အဖြေသိရတော့မှာ ဖြစ်ပါတယ်။ 

သတင်းဌာန တော်တော်များများ ကတော့ နူညက်ဇ် အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာကို ပြောင်းရွေ့ဖို့ သေချာသလောက် ရှိနေကြောင်း ရေးသား ဖော်ပြနေကြပါတယ်။ နူညက်ဇ် ကိုတော့ အဲလ်ဟီလာ အပြင် စီးရီးအေ ကလပ် ၃ သင်း ဖြစ်တဲ့ နာပိုလီ၊ ဂျူဗင်တပ်စ်နဲ့ အေစီမီလန် တို့ကလည်း စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခ လစာကို ပေးချေဖို့ မခက်ခဲတဲ့ အဲလ်ဟီလာက လစ်ဗာပူးလ်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နူညက်ဇ်ဟာ အန်ဖီးလ်မှာ ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၃ ပွဲ ကစားပြီး ဂိုး ၄၀ သွင်းယူထားသလို လက်ရှိ ရာသီကြို ခြေစမ်းပွဲတွေ မှာလည်း ခြေစွမ်းပြလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ကတော့ ဥရုဂွေးသားကို အသင်း ကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်