နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျီယိုဗန်နီ လီယိုနီနဲ့ သဘောတူညီမှု ရခဲ့ပြီး မာ့ခ် ဂူဟီကိုလည်း ခေါ်ယူနိုင်တော့မယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ပါးမားက ဂျီယိုဗန်နီ လီယိုနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ အသက် ၁၈ နှစ် အရွယ် အီတလီ ခံစစ် ကစားသမားလေး အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ခံစစ် ကစားသမားတွေကို ခေါ်ယူပြီးရင်တော့ သူတို့ရဲ့ ဒီနွေရာသီ အသုံးစရိတ်က ပေါင် သန်း ၃၀၀ ကို ကျော်လွန်သွားတော့မှာလည်း ဖြစ်ပါတယ်။ ယမန်နှစ် ပရီးမီးယားလိဂ် ချန်ပီယံ သရဖူ ဆောင်းပြီး ကတည်းက လစ်ဗာပူးလ်ဟာ နေရာစုံ အတွက် ကစားသမားတွေ ခေါ်ယူခဲ့ပေမယ့် ဗဟိုခံစစ်ပိုင်း ကိုတော့ အားဖြည့်မှု မလုပ်ထားခဲ့ပါဘူး။ လစ်ဗာပူးလ်ဟာ အီဘရာဟီမာ ကိုနေတေးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီး ဂျာရဲလ် ကွန်မ်ဆာ့ရ် ကိုလည်း ရောင်းချထားတာကြောင့် ခံစစ်ပိုင်း အတွက် မဖြစ်မနေ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း လစ်ဗာပူးလ်က ခရစ္စတယ်ပဲလေ့စ်ရဲ့ ဗဟိုခံစစ်မှူး မာ့ခ် ဂူဟီကို ကနဦး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် တချို့သော သတင်းတွေမှာလည်း လစ်ဗာပူးလ်က ဂူဟီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ဂူဟီ ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးလိုခြင်း မရှိတော့တာကြောင့် ပဲလေ့စ် ကလည်း ဒီနွေရာသီမှာပဲ ရောင်းထုတ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာနေး ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် ရာသီသစ် မတိုင်ခင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မှာတော့ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ဆုဖလား တစ်လုံး ရရှိနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ထားခဲ့ပါတယ်။
န်မြူနတီဒိုင်း ပွဲစဉ်မှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့တဲ့ လစ်ဗာပူးလ်

အသင်းရဲ့ ခံစစ်ပိုင်းကို စိတ်တိုင်းမကျ ဖြစ်နေတဲ့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ဂူဟီကို ခေါ်ယူဖို့ အစောပိုင်း ကတည်းက ချိန်ရွယ်နေခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနို ကလည်း အတည်ပြုထားပါတယ်။ လစ်ဗာပူလ်နဲ့ ပဲလေ့စ် ကြားမှာတော့ ပြောင်းရွှေ့ကြေး ဆက်လက် ညှိနှိုင်းနေပြီး ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေလည်း ရှိနေပါတယ်။ 

ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဂူဟီကို ခေါ်ယူနိုင်ခဲ့ရင်တောင် အစောပိုင်း သတင်းတွေမှာ ဖော်ပြခဲ့သလို လီယိုနီကို ပါးမားထံ တစ်ရာသီ အငှားပြန်ချသွားဖို့ အစီအစဥ် မရှိဘဲ အသင်း မှာသာ တိုက်ရိုက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အရပ် ၆ ပေ ၅ လက်မ မြင့်တဲ့ လီယွန်နီ ကတော့ ၎င်းရဲ့ ကစားသမားဘ၀မှာ လက်ရှိ အချိန် ၃၃ ပွဲသာ ကစားထားပြီး ၎င်းတို့ အနက် ၁၇ ပွဲမှာ ပြီးခဲ့တဲ့ ရာသီက ပါမားနဲ့ စီးရီးအေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ပါဒိုဗာနဲ့ အတူ ကစားသမားဘဝကို စတင်ခဲ့ပြီးတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို စီးရီးဘီ ကလပ် ဆမ်ဒိုးရီးယားမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်တိုတွင်း အတွင်း အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် လီယွန်နီက ပါးမားကို ရောက်ရှိလာခဲ့ပြီး အခုတော့ လစ်ဗာပူးလ် အတွက် ကစားခွင့် ရတော့မှာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ ကစားသမား စုစုပေါင်း ၆ ဦး အထိ ခေါ်ယူထားပြီး အဲဒီ အထဲမှာ ဟူဂို အစ်ကီတီကီ၊ မီလော့စ် ကာကက်ဇ်၊ ဖလော်ရီယန် ဝစ်ဇ်၊ ဂျရယ်မီ ဖရင်မ်ပေါင် တို့ အတွက် စုစုပေါင်း ပေါင်သန်း ၂၅၆.၄ သန်း သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာနေး ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် ရာသီသစ် မတိုင်ခင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မှာတော့ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ဆုဖလား တစ်လုံး ရရှိနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်