ဘရိုက်တန် – ဖူလ်ဟမ်
ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ နောက်ထပ် ပွဲကောင်းတစ်ပွဲ အဖြစ် ဘရိုက်တန်နဲ့ ဖူလ်ဟမ်တို့ American Express ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ရာသီသစ် မစတင်ခင် ခြေစမ်းပွဲတွေ ရလဒ်တွေ ကောင်းထားတဲ့ ဒီနှစ်သင်းရဲ့ အားပြိုင်မှုမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရိုက်တန်က ပရီးမီးယားလိဂ် ပြန်မစခင် ရာသီကြို ခြေစမ်းပွဲ ၄ ပွဲ ကစားထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲရှုံးကာ ရလဒ်တွေ ကောင်းထားပါတယ်။ ဒါပေမယ့် အလယ်အလတ် အဆင့် အသင်းတွေနဲ့ ခြေစမ်းထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဥရောပ ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဖေဘီယန် ဟက်ဇ်လာရဲ့ အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ကို အသေအချာ အာရုံစိုက်နိုင်မှာ ဖြစ်ပြီးတော့ အဖွင့်ပွဲထဲက ရလဒ်ကောင်း ရှာဖွေဖို့ ကြိုးစားပါလိမ့်မယ်။ တစ်ခု ရှိတာက ဘရိုက်တန်ဟာ ဒီနွေမှာ ယာအို ပက်ဒရို၊ အက်ဒင်ဂရာ၊ အီဗန် ဖာဂူဆန်၊ အက်စတူပီနန် တို့လို အဓိက ကစားသမားတချို့ကို လက်လွှတ်ထားရပြီး ဒီကူပါး၊ ကော့စတူလက်စ်၊ ဘော့စ်ကာဂလီ၊ ကော့ပိုလာ၊ ဝက်ဆန် တို့လို ကစားသမားတွေကို ပြန်လည် ခေါ်ယူထားပေမယ့် စုဖွဲ့မှု အပိုင်းမှာ အနည်းငယ် အားနည်းသွားပါတယ်။
ဖူလ်ဟမ် ကတော့ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး ဖောရက်စ်၊ အဲလ်အစ်တီဟတ်နဲ့ ဖရန့်ဖတ် တို့ကို အနိုင်ရထားပါတယ်။ မာကို ဆေးလ်ဗားရဲ့ အသင်းက ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား တချို့နဲ့ လမ်းခွဲထားပေမယ့် ဘင်ဂျာမင် လီကွန်တီ တစ်ဦးတည်းသာ ပြန်လည် ခေါ်ယူထားပါတယ်။ လက်ရှိ အခြေအနေအရ ဖူလ်ဟမ်က ရာသီသစ်ကို ကစားသမားဟောင်းတွေနဲ့ပဲ ရင်ဆိုင်သွားဖို့ ရှိနေပြီး မာကို ဆေးလ်ဗားကို ကြည့်ရတာ အထိုင်ကျပြီးသား အစုအဖွဲ့ကိုပဲ ယုံကြည်မှု အပြည့် ရှိနေပုံရပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖူလ်ဟမ် ဘက်မှာတော့ အန်တိုနီ ရော်ဘင်ဆင် လွဲချော်ဖို့ ရှိပြီး ရွိုင်ယန် ဆက်ဆနွန် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ဒီကူးပါး၊ အယာရီ၊ ဂိုးမက်ဇ်၊ မင်တာ့ရ်၊ ရတ်တာ၊ မီတိုမာ၊ ဝဲလ်ဘက်ခ်
ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ဆက်ဆနွန်၊ ဘာ့ဂျ်၊ လူကစ်၊ ဝီလ်ဆင်၊ စမစ် ရိုးဝ်၊ အီဝိုဘီ၊ ဟင်မီနက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံရာမှာ ဘရိုက်တန်က ၆ ကြိမ်နိုင်၊ ဖူလ်ဟမ်က ၈ ကြိမ်နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ဘရိုက်တန်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဖူလ်ဟမ်က ၃ ကြိမ်နိုင်ကာ ၁ ကြိမ် သရေကျခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း ဘရိုက်တန်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၃ ကြိမ် သရေကျကာ ဖူလ်ဟမ်က ၁ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၁.၉၅ ဆ၊ ဖူလ်ဟမ် နိုင်ရင် ၃.၄၂ ဆ၊ သရေ ဆိုရင်တော့ ၃.၃၈ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဘရိုက်တန် ဘက်က သရေ တစ်ဝက်ရှုံး၊ သရေ တစ်ဝက်ရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကတော့ ၃ လုံး ဆိုရင် ပျော်ရွှင်ရမယ့် ကြေးမျိုး ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ရာသီကြို ခြေစမ်းပွဲတွေမှာ ပုံစံကောင်းတွေ ပြသထားပြီး ခြေစွမ်း အရလည်း လက်ရှိမှာ သိပ်မကွာတာ တွေ့ရပါတယ်။ ဘရိုက်တန်တို့ ခြေစွာနေချိန်မှာတောင် ဖူလ်ဟမ်နဲ့ တွေ့ရင် ရုန်းကန်ရတတ်ပါတယ်။ တစ်မှတ်စီ ခွဲယူသွားကြမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၂ ဖူလ်ဟမ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.