နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်ကို ချီးကျူးပြီး ပရိသတ်တွေကိုလည်း စိတ်ရှည်ပေးကြဖို့ တိုက်တွန်းလိုက်တဲ့ သီယာရီ အွန်နရီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ရဲ့ ဂန္ထဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီ ကတော့ တိုက်စစ်မှူးသစ် ဗစ်တာ ယိုကီးရက်စ်နဲ့ ပတ်သတ်လို့ ချီးကျူး စကားတွေ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အွန်နရီက ယိုကီးရက်စ် အပေါ် အသင်း ပရိသတ်တွေ အနေနဲ့ စိတ်ရှည် သည်းခံပေးဖို့ တိုက်တွန်းခဲ့သလို အသင်းနဲ့ တိုက်စစ်မှူးသစ် ယိုကီးရက်စ်တို့ ကလည်း ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်သင့်ကြောင်း သုံးသပ်ခဲ့ပါတယ်။

အွန်နရီက ယိုကီးရက်စ်နဲ့ ပတ်သက်ပြီး “သူက အင်္ဂလန်မှာ ကစားဖူးတဲ့သူပါ။ ဒါကို မမေ့ပါနဲ့။ သူ ကိုဗင်ထရီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘရိုက်တန် မှာတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အင်္ဂလန်မှာ ဘယ်လို ရုန်းကန်ရတယ် ဆိုတာ သိထားတဲ့ သူကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ သူက ယုံကြည်မှုတော့ ပိုရှိလာပါတယ်။ သူက ဂိုးဧရိယာထဲမှာ တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှူးကောင်း (အဆုံးအဖြတ်သမားကောင်း) တစ်ယောက်ပါ။ ကိန်းဂဏန်းတွေက လိမ်မပြောတတ်ပါဘူး။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တဲ့ အသင်း တစ်သင်းနဲ့ ပေါင်းစပ်လိုက်ရင် ဒါက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု တစ်ခု ဖြစ်သင့်ပါတယ်။” လို့ ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက် အွန်နရီက “ကျွန်တော်က တိုက်စစ်မှူး တစ်ယောက် အကြောင်း ပြောတဲ့ အခါတိုင်း ဒါက မတရားဘူးလို ခံစားရတယ်။ ဘာလိုလဲ ဆိုတော့ မလိုအပ်တဲ့ ဖိအားတွေ ရောက်သွားစေလိုပါ။ ခင်ဗျားတို့ သူ့အပေါ်မှာ စိတ်ရှည်ကြဖို့ လိုအပ်ပါတယ်။ အခုခေတ်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာက လူတွေက အရင်လို စိတ်မရှည်ကြတော့ဘူး။ သူတို့က ကစားသမား တစ်ယောက်ကို ချက်ချင်း ခြေစွမ်းပြ ချက်ချင်း ဂိုးတွေ သွင်းပြီး အသင်းကို ချက်ချင်း အနိုင်ရအောင် လုပ်ပေးစေချင်ကြပါတယ်။ ဒါက အမြဲတမ်းတော့ ဖြစ်မလာတတ်ပါဘူး။ တစ်ခါတလေမှာ ချက်ချင်း အသားကျဖို့ ဆိုတာ မလွယ်ပါဘူး။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ဟာ စပိုတင်းလစ္စဘွန်းနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ၉၇ ဂိုး သွင်းကာ ဂိုး ဖန်တီးမှု ၂၈ ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။ ဒီလို ပုံစံကောင်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က အရခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အများစု ကတော့ ယိုကီးရက်စ်ဟာ ပရီးမီးယားလိဂ်လို နည်းစနစ်ပိုင်းထက် ကြံ့ခိုင်မှုနဲ့ အမြန်နှုန်းကို အသားပေး ကစားရတဲ့ လိဂ်မှာ ရုန်းကန်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ ထူးခြားချက်က ယိုကီးရက်စ်ဟာ လာမယ့် ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်ဆု အတွက် ရေပန်းစားမှုမှာ ဟာလန်းရဲ့ အနောက် ဒုတိယနေရာမှာ ဆာလာနဲ့ အတူ ပူးတွဲ ရပ်တည်နေပါတယ်။

ဒီလို ပုံစံကောင်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က အရခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ယိုကီးရက်စ် အပေါ်မှာ ပရိသတ်တွေ စိတ်ရှည်ကြဖို့ ပြောလိုက်တဲ့ သီယာရီ အွန်နရီ

တကယ်တော့ ယိုကီးရက်စ်က ယခင်က ဘရိုက်တန်မှာ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးပေမယ့် ၄ ရာသီ အတွင်း ၈ ပွဲသာ ကစားခဲ့ရပြီး အကြိမ်ကြိမ် အငှားချခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယိုကီးရက်စ်က ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီစီးတီး မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်မြေကို တကျော့ပြန် ခြေချချိန်မှာ မှတ်တမ်းကောင်းတွေ ရယူနိုင်မလား ဆိုတာ ကတော့ မကြာခင် အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

“ကျွန်တော်က အာဆင်နယ် ပရိသတ် တစ်ယောက်ပါ။ သူ ခြေစွမ်းပြပြီး ကျွန်တော်တို့ အတွက် ဂိုးတွေသွင်း အသင်းကို ဖလားရအောင် လမ်းပြပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းနဲ့တော့ ဒါကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဂိုးတွေ သွင်းရုံနဲ့ ချန်ပီယံဘွဲ့ကို အာမမခံနိုင်ဘူး ဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးပါတယ်။ အသင်းလိုက် ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ သူ့ရဲ့ ကစားပုံနဲ့ ဂိုးသွင်းပုံတွေကို ကြည့်ရတာတော့ ဒါဟာ ကောင်းမွန်တဲ့ ပေါင်းစပ်မှု တစ်ခု ဖြစ်လာပြီး ကျွန်တော်တို အဲ့ဒီဖလားကြီးကို ပြန်လည် ကိုင်မြှောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီဖလားကို လိုချင်နေတဲ့ တခြား အသင်းတွေလည်း အများကြီး ရှိနေတာ ကိုတော့ မမေ့သင့်ပါဘူး။”လို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်