ဆန်းဒါးလန်း – ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်းတို့ အလင်းရောင်းကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ရာသီသစ် အတွက် အားရစရာ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားတဲ့ တန်းတက် ဆန်းဒါးလန်း အနေနဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားတိုင်း ရလဒ်ကောင်းတတ်တဲ့ အစဉ်အလာကို ဆက်ထိန်းသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ် ပလေးအော့ဖ်မှာ ချန်ပီယံ ဖြစ်ပြီး ၈ နှစ် အကြာမှ ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ဒီလို အချိန်တစ်ခု အကြာမှ အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်ဆီ ပြန်ရောက်လာတာကြောင့်လည်း ကြောင်နက်တွေ အနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ထားပြီး ပြင်ဆင်ထားခဲ့တာ တွေ့ရပါတယ်။ ဆန်းဒါးလန်းဟာ ဒီနွေရာသီမှာ ကစားသမား ၁၁ ဦး အထိ ခေါ်ယူ အားဖြည့်ထားပြီး ဒီအထဲမှာ အဲလ်ဒါရီတီ၊ မာ့ခ် ဂီအူ၊ ဂရန်းနစ် ချာကာ၊ အက်ဒင်ဂရာ၊ တဲလ်ဘီ၊ ရိန်နီလ်ဒို၊ ဒီယာရာ တို့လို ကစားသမားကောင်းတွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း ဆန်းဒါးလန်းက ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဖို့ ခက်ခဲခဲ့ပြီး အော့စ်ဘက် တစ်သင်းတည်းကို အနိုင်ရထားခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာရဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် ခြေစမ်းပွဲ ၅ ပွဲ ကစားထားပြီး ယူနိုက်တက် တစ်သင်းတည်းကို ရှုံးထားပါတယ်။ ဝက်စ်ဟမ်းဟာ ဒီနွေရာသီမှာ အန်တိုနီယို၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒန်နီ အင့်ဂ်၊ ကူဖယ်၊ ဖေဘီယန်စကီး အပြင် မိုဟာမက် ကူဒု့စ်နဲ့လည်း လမ်းခွဲထားပါတယ်။ တစ်ဖက် မှာတော့ ဟမ်းမားတွေက တော်ဒီဘိုကို အပြီးသတ် ခေါ်ယူလိုက်ပြီး ဒီယော့ဖ်၊ ဝေါလ်ကာ ပီတာစ်၊ ကမ်းမင်း၊ ဝီလ်ဆင်၊ ဟာမန်ဆန် တို့နဲ့ အားဖြည့်ထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဝက်စ်ဟမ်းက ရာသီသစ်မှာ ကစားသမားသစ်၊ ပုံစံသစ်တွေနဲ့ မြင်တွေ့ရဖို့ များနေပြီး ဂရေဟမ် ပေါ်တာ အနေနဲ့ ဘယ်လောက်အထိ ဆွဲတင်ပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကို ဆန်းဒါးလန်း ဘက်က ကစားသမား တော်တော်များများ လွဲချော်မှာ ဖြစ်ပြီး မာဆူယာကူ၊ ဂီယူ တို့ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ဝက်စ်ဟမ်း ဘက်မှာတော့ တံကောက်ကြော ဒဏ်ရာရနေတဲ့ ဆမ်းမားဗီးလ် တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဆန်းဒါးလန်း – ရိုအက်ဖ်၊ ဟူမီ၊ ဆီးလ်၊ ဘဲလ်လန်း၊ ရိန်နီလ်ဒို၊ ဆာဒီကီ၊ ချာကာ၊ ဒီယာရာ၊ တဲလ်ဘီ၊ မာယန်ဒါ၊ အက်ဒင်ဂရာ
ဝက်စ်ဟမ်း – အာရီယိုလာ၊ တော်ဒီဘို၊ ကေးလ်မန်း၊ အဂူရက်ဒ်၊ ဝမ် ဘစ်ဆာခါ၊ ဆိုချက်ခ်၊ ဝက်ဒ်ပရောက်စ်၊ ဒီယော့ဖ်၊ ဘိုဝင်၊ ပက်ကေးတား၊ ဖူးလ်ခရက်ဂျ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း ၂၀၁၇ ခုနှစ် ပရီးမီးယားလိဂ် မှာ နောက်ဆုံး အကြိမ် တွေ့ဆုံထားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၇ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ်စီ အနိုင်ရထားပြီး ၃ ကြိမ် သရေကျထားပါတယ်။ ဆန်းဒါးလန်း အိမ်ကွင်း နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှုမှာ ဆန်းဒါးလန်းက ၂ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျကာ ဝက်စ်ဟမ်းက ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဆန်းဒါးလန်း နိုင်ရင် ၂.၈၄ ဆ၊ ဝက်စ်ဟမ်း နိုင်ရင် ၂.၃၃ ဆ၊ သရေ ဆိုရင်တော့ ၃.၁၃ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဝက်စ်ဟမ်း ဘက်က ခပ်ပါးပါး ကြေးကြောပေးထားပါတယ်။ ဆန်းဒါးလန်းက ဒီရာသီမှ တန်းပြန် တက်လာပြီးတော့ တစ်ခုခု လုပ်ပြချင်နေမှာ သေချာပါတယ်။ ဝက်စ်ဟမ်း ကလည်း အသွင်သစ်နဲ့ မြင်ရဖို့ ရှိနေတာကြောင့် ခြေစွမ်းပိုင်း ကလည်း စောင့်ကြည့်ရဦးမှာပါ။ ဝက်စ်ဟမ်းက ဆန်းဒါးလန်း အိမ်ကွင်းမှာ ဆိုရင် ရုန်းကန်ရတတ်တဲ့ အစဉ်အလာ ရှိပါတယ်။ ဒါကြောင့် ဒီပွဲ မှာတော့ ဆန်းဒါးလန်းနဲ့ ဂိုးပေါင်း အောက်ကို ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဆန်းဒါးလန်း ၁-၀ ဝက်စ်ဟမ်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.