မန်ချက်စတာယူနိုက်တက် – အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် ၁ စူပါဆန်းဒေးရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီးတော့ ယူနိုက်တက်က အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ ပထမဦးဆုံး ရက်သတ္တပတ်မှာ အသင်းကြီး နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီးတော့ ဘယ်အသင်းက ရလဒ်ကောင်း တစ်ခုနဲ့ အဖွင့်လှသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ထိပ်သီး နှစ်သင်း စောစောစီးစီး တွေ့ဆုံနေတဲ့ ပွဲဖြစ်ပေမယ့် အနည်းငယ်တော့ မှန်းဆရခက်နေပါသေးတယ်။ လက်ရှိအချိန်မှာ ရာသီကြို ခြေစမ်းပွဲတွေက ခြေစွမ်းနဲ့ ရလဒ်တွေ အပေါ်မှာသာ အခြေခံပြီးတော့ မှန်းဆရမယ့် အခြေအနေ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ တိုက်စစ် ကစားသမား ၃ ဦးနဲ့ တောင်ပံ ကစားသမား ၁ ဦး ခေါ်ယူ အားဖြည့်ထားပြီးတော့ တခြားသော နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့တော့ လိုအပ်နေပါသေးတယ်။ ခြေစမ်းပွဲတွေကို ပြန်ကြည့်မယ် ဆိုရင် ယူနိုက်တက်က လိဒ်စ်ယူနိုက်တက်၊ ဖီအိုရင်တီးနား တို့နဲ့ ကစားတဲ့ ပွဲတွေမှာ အားရစရာ မရှိခဲ့ပါဘူး။ တစ်ခုရှိတာက ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်တွေမှာ ဆိုရင် တိုက်စစ် ကစားသမားတွေ ဂိုးသွင်းတတ်တဲ့ အစဉ်အလာကောင်းတစ်ခုတော့ ယူနိုက်တက်တို့ ပိုင်ဆိုင်ထားပါတယ်။ အစဉ်အလာ ပြိုင်ဘက် အာဆင်နယ်နဲ့ ကစားတဲ့ ပွဲဖြစ်နေတာကြောင့်တော့ ယူနိုက်တက်တို့ အသေအချာ ပြင်ဆင်လာပါလိမ့်မယ်။
အာဆင်နယ်လည်း ထိုနည်းလည်းကောင်းပါပဲ။ ပရီးမီယားလိဂ် ရာသီသစ် ပွဲစဉ် ၁ မှာ မီခဲလ် အာတေးတားတို့ အုပ်စု ဘယ်လို နည်းနဲ့မှ ဦးကျိုးခံမှာ မဟုတ်ပါဘူး။ ဒီပွဲပြီးရင် နှစ်သင်းစလုံးက ပွဲကြပ်တွေ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အာဆင်နယ် အကြောင်း သုံးသပ်ရရင် ဂန်းနားတွေ အနေနဲ့ ကျွန်တော် မြင်ခဲ့ဖူးသမျှ နွေရာသီ အပြောင်းအရွှေ့ ကာလတွေမှာ ဒီနွေလောက် အားရစရာ အင်အားဖြည့်တင်းမှု မပြုလုပ်နိုင်ခဲ့တာ ကတော့ အသေအချာပါပဲ။ လိုအပ်တဲ့ နေရာတွေ အတွက် ထိပ်တန်း အဆင့် ကစားသမားတွေ ခေါ်ယူ အားဖြည့်ထားနိုင်ပြီး အားနည်းနေတဲ့ နေရာဆိုလို့ ဘယ်တောင်ပံ တစ်နေရာပဲ ကျန်မယ် ထင်ပါတယ်။ ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ အာဆင်နယ် အနေနဲ့ စပါးနဲ့ ဗီလာရီးရဲလ် တို့နဲ့ ပွဲစဉ်တွေမှာ Form အောက်နေခဲ့ပြီး ဘီလ်ဘာအိုနဲ့ ပွဲမှာတော့ သူတို့ရဲ့ ခြေစွမ်း အမှန်ကို ပြန်ရခဲ့တယ်လို့ ဆိုရပါမယ်။ ဇူဘီမန်ဒီနဲ့ ရိုက်စ်ရဲ့ ကွင်းလယ်၊ ဂိုးပေါက် တွေ့ခဲ့တဲ့ ဗစ်တာ ယိုကီးရက်စ်၊ ဟာဗက်ဇ်ရဲ့ တိုးတက်လာတဲ့ တိုက်စစ် ကစားပုံ၊ ခံစစ်ပိုင်း တောင့်တင်းမှုတွေက အာဆင်နယ် အတွက် အားရစရာ အခြေအနေတွေပါပဲ။
နှစ်ဖက်အသင်း သတင်းများ
အမော်ရင် အနေနဲ့ တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို ကို အရန်ခုံ ထိုင်ခိုင်းပြီး မိနစ် ၇၀ ကျော်လောက်မှ ထုတ်သုံးမလား ဆိုတာ ကတော့ စဉ်းစားစရာ ရှိပါတယ်။ ဖီအိုရင်တီးနားနဲ့ ပွဲတုန်းကလိုမျိုး တိုက်စစ်မှူးစစ်စစ် မပါပဲ ကစားစေမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ အာဆင်နယ် ဘက်မှာတော့ ယိုကီးရက်စ် အဆင်သင့် ဖြစ်နေလို့ ပွဲချိန်ပြည့် ပါဝင်လာနိုင်ပေမယ့် ကိုင်ဟာဗက်ဇ်ကို အရင်သုံးပြီးမှ ယိုကီးရက်စ်နဲ့ လူစားလဲနိုင်ခြေလည်း ရှိနေပါတယ်။ ဒါက နည်းပြ နှစ်ဦးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမယ့် အခြေအနေပါ။
အာဆင်နယ် ဘက်မှာလည်း လီအန်ဒရို ထရော့ဆက်ဒ် ကြွက်သားဒဏ်ရာကြောင့် ပါဝင်ကစားဖို့ မသေချာသေးပဲ ဂါဘရီရယ် ဂျေဇုစ် ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ယိုရို၊ မက်ဂွိုင်းယား၊ ရှော၊ ဒါးလော့တ်၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဒေါဂူ၊ အမ်ဘူမို၊ ကူညာ၊ ဆက်စ်ကို
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ လီဝစ်-စကယ်လီ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယိုကီးရက်စ်၊ မာတင်နယ်လီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး ၃၆ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက်က ၁၄ ကြိမ် အနိုင်ရခဲ့ပြီး အာဆင်နယ် ကတော့ ၁၃ ကြိမ် အနိုင်ရထားကာ ၉ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ အာဆင်နယ်က ၄ ကြိမ် အထိ အနိုင်ရပြီး ၁ ကြိမ် သရေကျထားပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက်လည်း အာဆင်နယ်တို့ မရှုံးထားပါဘူး။ နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ယူနိုက်တက်က ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး အာဆင်နယ် ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၃.၆၇ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၈၈ ဆ၊ သရေ ဆိုရင်တော့ ၃.၃၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အဝေးကွင်းမှာ လာကစားတဲ့ အာဆင်နယ် ကတောင် သရေ အရှုံးပေါက်နေပြီး ဂိုးပေါင်း ကတော့ ဂိုးအောက်ကို ဦးတည်နေတဲ့ ကြေးမျိုး တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ရာသီအစ ဖြစ်နေလို့ မှန်းဆရခက်ပါတယ်။ ၅၀/၅၀ ဖြစ်ပြီး ခြေစွမ်း စုဖွဲ့မှုနဲ့ တခြားသော အခြေအနေတွေ ထည့်တွက်ရင်တော့ အာဆင်နယ်က သာနေတာ ငြင်းလို့ မရပါဘူး။ ဒါကြောင့်လည်း အခုလို ကြေးမျိုး ဖွင့်ပေးတာပါ။ ကျွန်တော် ကတော့ ပိုပြီး စိတ်ချရမယ့် အာဆင်နယ် ဘက်မှာ ရပ်တည်ထားစေချင်ပြီး ဂိုးပေါင်း အောက်လည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာယူနိုက်တက် ၁-၃ အာဆင်နယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.